မြန်မာလို ရေးသားထားသော နည်းပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ယခု စာမျက်နှာလေးအား ရေးသားလိုက်ရခြင်း ဖြစ်ပါသည်။




Friday, June 9, 2017

Word မှာ Font ပုံသေထားမယ်

Microsoft Word  ဖွင့်တိုင်း  Font က မိမိ ရိုက်ချင်တဲ့   Font ပြောင်း ပြောင်းနေရသူများ ဒီတစ်ခါ မိမိ စာရိုက်ချင်သော Font ကို ပုံသေထားမယ်။

-   အရင်ဆုံး  Microsoft Word ထဲ ဝင်ပါ။



-   Font dialog Box  ဖွင့်ပါ။ (   Ctrl +  D  ဖြင့်  ဖွင့်နိုင်ပါသည်။ Word 2007  တော့ )

-   Font dialog box  ကျပါက  မိမိ စိတ်ကြိုက် ပုံသေထားမည့်   Font, Color, Size   ကြိုက်ရာထားခဲ့ပါ။



-   ပြီးရင်  Default ကို  နှိပ်ပါ။

-    မိမိ ပြုလုပ်တာ အတည်ပြုမှာလား   Yes ( or )  No ရွေးခိုင်းပါလိမ့်မယ်။ အတည်ပြုမှာမို့   Yes  ကို နှိပ်ပါ။  ဒါဆို  Microsoft Word  ဖွင့်တိုင်း  မိမိပြောင်းထားတဲ့  Font ပဲ ဖြစ်နေပါလိမ့်မယ်။



************************************************

အရက်၊ ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ထိခိုက်စေပါသည်။

************************************************

အဆင်ပြေပါစေ
ကျောက်ဆည်သားလေး