ကွန်ပျူတာမှာ cmd ကနေ Scan ဖတ်မယ်။ Check disk စစ်မယ်။ တစ်ခါတစ်လေ ကွန်ပျူတာက Activated လုပ်ထားပေးမယ် ကွန်ပျူတာ Display က အမဲရောင် Screen ပေါ်ပြီး ကြောင်နေပါက Restart ချ Command prompt ထဲဝင် ဒီနည်းနဲ့ ဖြေရှင်းကြည့်နိုင်ပါတယ်။ များသောအားဖြင့် ကွန်ပျူတာ ကြောင်နေပါက ပြန်အဆင်ပြေသွားပါတယ်။
- အရင်ဆုံး ကွန်ပျုတာက Start Button ကို နှိပ်ပါ။
- Search Box မှာ cmd ဟု ရိုက်ပါ။
- cmd ပေါ်ပါက Right Click နှိပ်ပါ။
- အဲဒီမှာ Run as administrator ကို နှိပ်ပါ။
- Command prompt ထဲ ရောက်ပါမယ်။ ( ဒီနေရာမှာ Run Box ခေါ် cmd ရိုက် Enter ခေါက်တာက Command prompt တော့ကျတယ် တစ်ချို့နေရာတွေမှာ အခုလို Run as administrator ကနေ သွားတာလောက် လုပ်ပိုင်ခွင့် မရဘူး )
- ဘာကြောင့်လဲ ဆိုတော့ Command prompt ထဲ ရောက်တဲ့အခါ အပိုင်းဝင်ထားပုံ ကွာနေလို့ပါ။ Run as administrator ဝင်တဲ့အခါ Window အောက်က system 32 အောက် ရောက်လို့ပါ။
- Command Prompt ထဲ ရောက်ရင် Scan စစ်ဖို့ sfc /scannow quick ဟုရိုက် Enter ခေါက်ပါ။ quick ထည့်ရခြင်းသည် စစ်တာ မြန်အောင်လို့ပါ quick မထည့်လည်း ရပါတယ်။
- Scan ဖတ်နေပါလိမ့်မယ်။
- Check disk စစ်ဆေးရန် Command Prompt မှာ chkdsk ဟု ရိုက် Enter ခေါက်ပါ။
- Check disk စစ်ဆေးနေပါလိမ့်မယ်။
- ပြီးရင် ကွန်ပျူတာကို Restart ချကြည့်လိုက်ပါ။
************************************************
အရက်၊ ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ထိခိုက်စေပါသည်။

အဆင်ပြေပါစေ
ကျောက်ဆည်သားလေး

12:38 AM
in 