မြန်မာလို ရေးသားထားသော နည်းပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ယခု စာမျက်နှာလေးအား ရေးသားလိုက်ရခြင်း ဖြစ်ပါသည်။




Friday, June 9, 2017



-   အရင်ဆုံး  Window + R  ဖြင့်   Run Box ခေါ်ပါ

-   Run Box မှာ   cmd  ဟု ရိုက်  Ok  နှိပ်ပါ

-   CMD Command Prompt  ထဲ ရောက်ရင်   diskpart   ဟု ရိုက်   Enter  ခေါက်ပါ

-   ပြီးရင်     list disk   ဟု ရိုက်   Enter  ခေါက်ပါ

-   Select disk 1  ဟု ရိုက်  Enter  ခေါက်ပါ
( မှတ်ချက် -    1    နေရာမှာ မိမိ ပြုလုပ်ချင်သော  Card  ရွေးပေးရပါမည်။ များသောအားဖြင့်     1   ဖြစ်နေတတ်ပေမယ့်   Card  နှစ်ခု သုံးခု ထိုးထားပါက ပြုလုပ်ချင်သော  Select disk  ကို ရွေးပါ )

-   ပြီးရင်     attribute disk clear readonly   ဟု ရိုက်  Enter  ခေါက်ပါ

- exit  ဟု ရိုက်  Enter  ခေါက်ပါ

အဆင်ပြေပြီ  မိမိ ပြုလုပ်လိုက်သော Card ကို  Data အလွတ် ကျန်ရှိပါက နောက်ထပ် Data  ပြန်ထည့်လို့ရပါပြီ။

***************************************************

ဆေးလိပ်၊ အရက်သောက်ခြင်းသည် ကျန်းမာရေးကို ထိခိုက်စေပါသည်။

***************************************************

အဆင်ပြေပါစေ
ကျောက်ဆည်သားလေး