မြန်မာလို ရေးသားထားသော နည်းပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ယခု စာမျက်နှာလေးအား ရေးသားလိုက်ရခြင်း ဖြစ်ပါသည်။




Sunday, December 11, 2016

Huawei သည် Mate 9 နှင့် Mate 9 Porsche Design, Mate 9 Pro တို့အား ကြေညာခဲ့ပြီးဖြစ်ကာ ယခုအခါ Mate 9 Lite အား ထပ်မံကြေညာခဲ့သည်။ ထို model အတွက် သီးသန့်ပွဲပြုလုပ်ခဲ့ခြင်းမရှိဘဲ websit တွင် တိတ်တိတ်ဆိတ်ဆိတ်ပင် စာရင်းတင်ခဲ့သည်ဟုဆို၏။ Mate 9 Lite တွင် mid-range specs များပါဝင်ပြီး ကျန် Mate 9 ဖုန်းများနှင့် specs အရ ယှဉ်ပြိုင်လိမ့်မည် မဟုတ်သော်လည်း ဈေးအသက်သာဆုံး Mate 9 ဖြစ်လာမည်ဖြစ်သည်။ 5.5" 1080 p display နှင့် 2.5D curved glar ကိုသုံးထားပြီး Kirin 655 SoC ပါဝင်ကာ octa-core CPU ဖြစ်ပြီး ရှေ့ဘက်တွင် selfie အတွက် 8MP ကင်မရာပါဝင်သည်။ ဘက်ထရီမှာ 3340mAh ဖြစ်ပြီး Android 6.0 Marsh-mallow အား Huawei ၏ EMUI 4.1 ဖြင့် တွဲဖက်သုံးစွဲထားသည်။ Mate 9 Lite တွင် dual camera ပါဝင်ပြီး ကျန် Mate 9 များကဲ့သို့ 20MP+ 12MP resolution မဟုတ်ဘဲ 12MP+ 2MP သို့ လျှော့ချထားသည်။ 12MP sensor သည် 1.25nm pixels သုံးထားကာ phase detection autofocus ပါဝင်ပြီး ၀.၃ စက္ကန့်သာကြာသည်ဟုဆိုထားသည်။ ဒုတိယ sensor မှာ depth information အတွက်ဖြစ်ပြီး ဓာတ်ပုံတွင် bokch effect ကို ဖန်တီးနိုင်မည်ဖြစ်သည်။ ပုံစံနှစ်မျိုးခွဲခြားထားပြီး RAM 3GB နှင့် storage 32GB, RAM 4GB နှင့် storage 64GB တို့ဖြစ်ကြသည်။ 150.9×76.2×8.2mm ရှိကာ 162g လေးသည်။ သတ္တုဖြင့်တည်ဆောက် ထားပြီး ကျောဘက်တွင် Finger-print sensor ပါဝင်သည်။

Credit-Netguide Journal