နိုင်ငံတကာနည်းပညာအခန်းကဏ္ဍမှ ပုဂ္ဂိုလ်အသီးသီး၊ အစိုးရ၊ မီဒီယာ၊ ပြည်နယ်(၆) ခုမှ လူ့အခွင့်အရေးအဖွဲ့အစည်းများ ပူးပေါင်း၍ ဒစ်ဂျစ်တယ်အခွင့်အရေးများကို ဒီဇင်ဘာလ ၁၄ ရက်နှင့် ၁၅ ရက်တွင် ဖန်တီးရာရုံး၌ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
စီးပွားရေး၊ အစိုးရ၊ လူမှုအခွင့်အရေး အစိတ်အပိုင်းများမှ လူဦးရေပေါင်း (၇၀) ကျော် တက်ရောက်မည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးအခန်းကဏ္ဍ ဖွံ့ဖြိုးပြောင်းလဲလာသည်နှင့်အမျှ ရင်ဆိုင်နေရသော ဒစ်ဂျစ်တယ်အခွင့်အရေး အခက်အခဲများကို ဖြေရှင်းနိုင်မည့် နည်းဗျူဟာများ၊ အစီအစဉ် အမျိုးမျိုးကို ဆွေးနွေးမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ တစ်သီးပုဂ္ဂလလွတ်လပ်ခွင့်၊ မိမိယုံကြည်မှုကို လွတ်လပ်စွာဖော်ပြခွင့်၊ အချက်အလက်သိရှိပိုင်ခွင့်တို့အပြင်သာ တူညီမျှမှု၊ အမျိုးသမီး အခွင့်အရေးများနှင့် ၆၆(ဃ) မြန်မာ့ဆက်သွယ်ရေးဥပဒေတို့ အပါအဝင် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
Credit-Internet Journal
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
12:23 PM
in 