Asus ROG သည် လွန်ခဲ့သော တစ်နှစ်ခန့်က GX 700 gaming laptop ကိုထုတ်လုပ်ခဲ့ပြီး 4K အတွက် တည်ဆောက်ခဲ့ကာ hybrid liquid cooling system ကိုထည့်သွင်းခဲ့ပြီး အားလုံးကို အံ့အားသင့်စေခဲ့ပါတယ်။ Asus ROG ဟာ ယခုအခါမှာ GX 800 အသစ်ကို တရားဝင်ကြေညာခဲ့ပါတယ်။ Asus ROG GX 800 မှာ Intel Skylake Core i7- 6820 HK processor ကိုသုံးခဲ့ပြီး 45W TDP 4C/8T processor ဖြစ်ကာ 2.7/3.6 GHz မြန်နှုန်းရှိပါတယ်။ Asus Hydro Over-clocking System ဟာ processor ကို 4.2GHz ထိ အလိုလိုမြှင့်တင်ပေးနိုင်ပါတယ်။ 2800MHz DDR4 memroy ကိုသုံးထားပါတယ်။ Graphic ကို လည်း မြှင့်တင်ခဲ့ပြီး ယမန်နှစ်က Geforce GTX 980 GPU အစား GTX 1080 တစ်စုံကိုသုံးခဲ့ပါ
တယ်။ GPU ဟာ 1961MHz overclock လုပ်ထားတယ်လို့ဆိုပြီး video memory ဟာ 5200MHz ရှိပါတယ်။ GX 800 မှာ ၁၈လက်မ Ultra-HD (3840×2160) 100% Adobe RGB display ဖြစ်ပြီး G-SYNC ကိုလည်း ထောက်ပံ့ပေး ထားပါတယ်။ Mach TAG ကီးဘုတ်ကိုသုံးစွဲထားပြီး ခလုတ်တစ်ခုချင်းဆီအတွက် AURA RGB backlight effect ကိုသုံးခဲ့ပါတယ်။ ဒါ့အပြင် အဆင့်မြင့်နည်းပညာတွေနဲ့ထောက်ပံ့ပေးထားပြီး Thunder-bolt 3 inter-face, 802.22ac WiFi နဲ့ ပြင်ပအင်တာနာ၊ အဆင့်မြင့် ESS SABRE head-phone DAC နဲ့ amplifier လည်းပါဝင်ပါတယ်။ GX800 သီးသန့် 5.7kg လေးပြီး Hydro Overclocking System က 4.7 kg လေးပါတယ်။ ဈေးနှုန်းနဲ့ စတင်ဝယ်ယူနိုင်မည့် ရက်ကိုတော့ မကြေညာခဲ့ပါဘူး။
Credit-Netguide Journal
1:18 PM
in 