မြန်မာလို ရေးသားထားသော နည်းပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ယခု စာမျက်နှာလေးအား ရေးသားလိုက်ရခြင်း ဖြစ်ပါသည်။




Saturday, December 17, 2016

Chinese Brand တစ်ခုဖြစ်တဲ့ Vivo V5 ဟာ ငွေကြေးအသင့်အတင့်နဲ့ အဆင့်မြင့် စမတ်ဖုန်းတစ်လုံးရဲ့ စွမ်းဆောင်ရည်တွေကို အပြည့်အဝနီးပါး ပေးစွမ်းနိုင်ပါတယ်။ Selfie ဓာတ်ပုံရိုက် ဝါသနာရှင်တွေအတွက် ဦးစားပေး ထုတ်လုပ်ထားတာဖြစ်ပြီး လုပ်ဆောင်ချက်တွေကလည်း တိကျမြန်ဆန်မှု ရှိပါတယ်။ ကင်မရာစွမ်းအားကောင်းပြီး Configuration စနစ် မြင့်မား၊ စက်စွမ်းရည် အထူးကောင်းမွန်တဲ့ စမတ်ဖုန်းကို ရှာဖွေနေတယ်ဆိုရင် ဒီဖုန်းလေးက ဈေးနှုန်းအသင့်အတင့်နဲ့ အသင့်တော်ဆုံးပဲ ဖြစ်ပါတယ်။ 
ဖုန်းကိုလည်း လုံခြုံစိတ်ချရတဲ့ fingerprint sensor နဲ့ ကာကွယ်ပေးထားပါတယ်။ GSM, HSPA နဲ့ LTE networks တွေကို ထောက်ပံ့ပေးနိုင်ပြီး Dual-SIM  စနစ် ဖြစ်တာကြောင့် SIM 1 မှာ Micro SIM card ကို ထည့်သုံးနိုင်သလို SIM 2 နေရာတွင် Nano SIM card ကို ထည့်သွင်းသုံးစွဲနိုင်ပါတယ်။ ဖုန်းအရွယ်အစားက 153.8 x 75.5 x 7.6 mm ရှိပြီး 154g အလေးချိန် လေးပါတယ်။ ဒါကြောင့် အထူအပါးနဲ့ အလေးချိန်က ကိုင်တွယ်သုံးစွဲလို့ကောင်းတဲ့ အနေတော်လေးပါပဲ။ မျက်နှာပြင်က ၅ လက်မခွဲကျယ်ပြီး IPS LCD Capacitive touchscreen display ကို အသုံးပြုဖန်တီးပေးထားတာကို တွေ့ရပါတယ်။ 
၎င်းမျက်နှာပြင်က 720 x 1280 pixels ရှိတဲ့ မြင်ကွင်းစွမ်းအားတွေကို ပြသပေးနိုင်ပြီး ၁ လက်မ အတိုင်းအတာအရဆိုရင် ~267 ppi pixels ပမာဏ ကို ရရှိနိုင်ပါတယ်။ Funtouch OS 2.6 ကို အသုံးပြုထားပြီး မျက်နှာပြင်ပေါ်မှာ လက်ချောင်းတစ်ချောင်းထက် ပိုမိုထိန်းချုပ်နိုင်တဲ့အတွက် လုပ်ဆောင်ချက်တွေက လျင်မြန်ထိရောက်မှု ရှိပါတယ်။ ဒါ့အပြင် မျက်နှာပြင်ကို အကြမ်းခံနိုင်တဲ့ Corning Gorilla Glass နဲ့ ဖုံးအုပ်ကာကွယ် ပေးထားပါတယ်။ ကြည်လင်ပြတ်သားတဲ့ ဓာတ်ပုံတွေကိုရိုက်ဖို့အတွက် 13MP ရှိတဲ့ အနောက်ကင်မရာကို တပ်ဆင်ထားပါတယ်။ အလှပဆုံး selfie ဓာတ်ပုံတွေ ရိုက်နိုင်တဲ့ အရှေ့ကင်မရာက 20MP resolution တောင် ပါရှိပြီး 1/2.78" Sony IMX376 Camera Sensor, 5 Lens System နဲ့ f/2.0 aperture တို့ရဲ့ အကောင်းဆုံး ပူးပေါင်းစွမ်းဆောင်ချက်တွေနဲ့ ပံ့ပိုးကူညီပေးထားပါတယ်။  ဒီလိုထောက်ပံ့မှုမျိုးဟာ စမတ်ဖုန်းတွေမှာ အလွန်တွေ့ရခဲပါတယ်။

Dual flash စနစ်ကြောင့် အရှေ့ကင်မရာရော အနောက်ကင်မရာမှာပါ flash မီးတွေကို အသုံးပြုနိုင်တဲ့အပြင် ကင်မရာ ၂ ခုစလုံးနဲ့ 30fps မှာ 1080p  အရည်အသွေးရှိ ဗီဒီယိုတွေကို ရိုက်ကူးပေးနိုင်ပါတယ်။ အသံစွမ်းအား ကောင်းမွန်ပြီး ထောက်ပံ့ပေးထားတဲ့ microphone စနစ်က ဆူညံသံတွေကိုလည်း အကောင်းဆုံး လျှော့ချပေးနိုင်ပါတယ်။ ဒါ့အပြင် လိုင်းဆွဲအားလည်း အထူးကောင်းတာကြောင့် သုံးစွဲရ အဆင်ပြေမှာပါ။ Internal Memory 32GB ပါရှိပြီး micro SD card ကို 128GB အထိ ထပ်စိုက်သုံးနိုင်တာကြောင့် Data သိမ်းဆည်းနိုင်စွမ်းကတော့ အခုခေတ် နောက်ဆုံးပေါ်ဖုန်းတွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် သာမန်အဆင့်လောက်သာ ရှိပါတယ်။ ယာယီမှတ်ဉာဏ်စွမ်းအားအတွက် လုပ်ဆောင်နိုင်တဲ့ စွမ်းရည်ပမာဏက 4GB ပါ။
ဖုန်းတစ်လုံးရဲ့ အဓိကသော့ချက်ဖြစ်တဲ့ အမြင့်မားဆုံး စက်စွမ်းရည်တွေကို ရရှိနိုင်အောင် 1.5GHz octa-core MediaTek MT6750 processor ကို ထောက် ပံ့ပေးထားပါတယ်။ အထဲမှာ run နေတဲ့ OS က Android OS,v6.0 (Marshmallow) ဖြစ်တဲ့အတွက် အဆင့်နိမ့်တဲ့ဖုန်းထဲမှာ လုံးဝမပါရှိပါဘူး။ ဒါ့အပြင် Non-removable Li-Ion 3000mAh battery က တစ်နေ့တာ ဖုန်းအသုံးပြုမှုအတွက် လုံလောက်တဲ့ စွမ်းရည်တွေကို ပေးစွမ်းနိုင်ပါတယ်။ နောက်ဆုံးအနေနဲ့ ဖုန်းရဲ့ဒီဇိုင်းပိုင်းကို ကြည့်မယ်ဆိုလည်း အမြင်နဲ့တင် အဆင့်မြင့် စမတ်ဖုန်းတစ်လုံးမှန်း ထင်ထင်ရှားရှား သိရှိနိုင်ပါတယ်။
အနောက်ကင်မရာထောင့်စွန်းမှာ တပ်ဆင်ထားတာကြောင့် ဓာတ်ပုံရိုက်ရတာလည်း အဆင်ပြေပြီး မတော်တဆ လက်နဲ့ကွယ်သွားတာတွေ မဖြစ်နိုင်တော့ပါဘူး။ နောက်ကျောဘက် အပေါ်ဆုံးနဲ့ အောက်ဆုံးမှာ လိုင်းစင်းလေးတွေကလည်း သေသပ်လှပါတယ်။ ၄င်းဖုန်းကို ရွေးချယ်နိုင်တဲ့အရောင်တွေအနေနဲ့ ရွှေရောင်နဲ့ မီးခိုးရောင် ၂ မျိုးတည်းသာ ရှိပါတယ်။
Battery Life
Vivo V5 မှာ ထောက်ပံ့ပေးထားတဲ့ Non-removable Li-Ion 3000mAh Battery က အချိန်ကြာမြင့်စွာ ဖုန်းအသုံးပြုနိုင်ဖို့အတွက် လုံလောက်တဲ့စွမ်းရည်တွေကို အပြည့်အဝ ပေးစွမ်းနိုင်ပြီး အားကုန်သွားတဲ့အခါ ဖုန်းအား ပြန်လည်ဖြည့်တင်းရတာလည်း လျင်မြန်မှုရှိပါတယ်။
Design
Vivo V5 ရဲ့ ဒီဇိုင်းက ရိုးရိုးရှင်းရှင်းလေးနဲ့ အလွန်ဆွဲဆောင်မှုရှိပြီး  ကိုင်တွယ်အသုံးပြုရတာလည်း အနေတော် အရွယ်အစားလေးပါပဲ။ သစ်လွင်တောက်ပတဲ့ ကိုယ်ထည်ကို အကြမ်းခံနိုင်အောင်လည်း ပြုလုပ်ပေးထားပါတယ်။ ၄င်းရဲ့ဒီဇိုင်းပုံစံနဲ့ လိုက်ဖက်တဲ့ရွှေရောင်နဲ့ မီးခိုးရောင်ဆိုတဲ့ အရောင် ၂ မျိုးတည်းကိုသာ ထုတ်လုပ်ပေးထားပါတယ်။
Processor
၎င်းမှာ RAM 4GB ပါရှိတဲ့ 1.5GHz octa-core MediaTek MT6750 processor ကို ထောက်ပံ့ပေးထားပါတယ်။ အထဲမှာ Android OS, v6.0 (Marshmallow) ကို run ထားပြီး နောက်ဆုံးပေါ် online ဂိမ်းကြီးတွေကို ကစားတဲ့အခါတွေမှာလည်း အဆင်ပြေသလို multitasking တွေကိုလည်း ကောင်းကောင်း လုပ်ဆောင်ပေးနိုင်ပါတယ်။
Display and Camera
5.5-inch အကျယ်ရှိတဲ့ မျက်နှာပြင်ကို IPS LCD capacitive touch-screen display အမျိုးအစားနဲ့ ပြုလုပ်ပေးထားပြီး 720 x 1280 pixels ရှိတဲ့ မြင်ကွင်းစွမ်းအားတွေကို ပေးစွမ်းနိုင်ပါတယ်။ 13MP ရှိတဲ့ ပင်မကင်မရာနဲ့ စွမ်းဆောင်ရည် အလွန်မြင့်မားတဲ့ 20MP ရှိတဲ့ အရှေ့ကင်မရာတို့ကို တပ်ဆင်ပေးထားပါတယ်။
Verdict
Vivo V5 ဟာ ဈေးနှုန်းအသင့်အတင့်နဲ့ ကင်မရာကောင်းကောင်း၊ လုပ်ဆောင်နိုင်စွမ်း မြင့်မြင့်ကိုမှ လိုချင်တဲ့သူတွေအတွက် အထူးထုတ်လုပ်ပေးထားတာကို တွေ့ရပြီး ရိုးရှင်းလှပတဲ့ ဒီဇိုင်းပုံစံလေးကြောင့်လည်း လူကြိုက်များလှပါတယ်။
Specification
» Network : GSM/HSPA/LTE (Dual SIM) 
» Weight : 154 g 
» Display : 5.5", IPS LCD capacitive touchscreen 
» Dimensions : 6.06 x 2.97 x 0.30 inch 
» Memory : 32GB, 4GB RAM, microSD, up to 256GB
 » Camera : 13 MP, Front : 20 MP, LED flash, phase detection autofocus, Geo-tagging, touch focus, face detection, HDR, panorama
 » Connectivity : GPS, WLAN, Bluetooth, microUSB v2.0
 » OS : Android OS, v6.0 (Marshmallow) 
» CPU : Octa-core 
» Protection : Corning Gorilla Glass, Funtouch OS 2.6
 » Sensor : Fingerprint, accelerometer, proximity, compass
Price » 298,000 Ks
Contact Phone » 09-73024327 ( Technoland )
Credit-Netguide Journal