မြန်မာလို ရေးသားထားသော နည်းပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ယခု စာမျက်နှာလေးအား ရေးသားလိုက်ရခြင်း ဖြစ်ပါသည်။




Wednesday, August 10, 2016

အစောပိုင်းက ကတိပေးခဲ့သည့်အတိုင်းပင် ယနေ့ကျင်းပပြုလုပ်သည့် မိတ်ဆက်ကြေညာပွဲ၌ Meizu က ထုတ်ကုန်သစ်တစ်မျိုးကို မိတ်ဆက်ပေးခဲ့သည်။

Meizu က မိတ်ဆက်ပေးခဲ့သည့် ထုတ်ကုန်သစ်မှာ M3E ဖြစ်ပြီး ၎င်းတွင် ၅.၅ လက်မ Full HD IPS display, Mediatek MT6755 Helio P10 SoC နှင့် 3GB LPDDR3 RAM တို့ကို ထောက်ပံ့ထားသည်။

သိုလှောင်မှုပမာဏ 32GB ဖြစ်ပြီး microSD card slot မှတစ်ဆင့် တိုးမြှင့်အသုံးပြုနိုင်သည်။ mTouch 2.1 home button/fingerprint reader ပါဝင်သည်။ ပင်မကင်မရာက 13MP ဖြစ်ပြီး Sony ၏ IMX258 sensor, f/2.2 aperture, 5P lens နှင့် phase detection autofocus ဖြင့် ရိုက်ကူးနိုင်သည်။ အရှေ့ဘက်ကင်မရာက 5MP ဖြစ်ပြီး f/2.0 aperture နှင့် 4P lens ဖြင့် ရိုက်ကူးနိုင်သည်။

M3 note နှင့် နှိုင်းယှဉ်လျှင် M3E က အနည်းငယ်ပါးလွှာသော်လည်း အနည်းငယ်လေးလံသည်။ အရွယ်အစားက ၁၅၃.၆ x ၇၅.၈ x ၇.၉ မီလီမီတာ ဖြစ်ပြီး အလေးချိန်က ၁၇၂ ဂရမ်ဖြစ်သည်။ ဘက်ထရီကို အနည်းငယ်လျှော့ထားပြီး 3,100mAh ဖြစ်သည်။ လျင်မြန်သည့် အားသွင်းစနစ်ကို ထောက်ပံ့ပေးထားပြီး မိနစ် ၃၀ အတွင်း ၅၀ ရာခိုင်နှုန်းအထိ အားသွင်းနိုင်သည်။

M3E ကို ၁,၂၉၉ ယွမ် (၁၉၅ ဒေါ်လာ) ဖြင့် စတင်ရောင်းချမည်ဖြစ်သည်။

Ref: GSMArena


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246