ဆောင်းပါးရှင် - နောင်စိုး (ထားဝယ်)
Laptop ကွန်ပျူတာတွေရဲ့ ဘက်ထရီအကြောင်း လွန်ခဲ့တဲ့ နှစ်နှစ်လောက်က တစ်ခါရေးဖူးပါတယ်။ အခု နောက်ထပ် ဘာကြောင့် ပြန်ရေးရသလဲဆိုရင် Laptop တွေရဲ့ ပုံသဏ္ဍာန်အပြောင်းအလဲရှိလာတဲ့အပြင် processor အမြင့်ပိုင်းအပြောင်းအလဲရှိလာလို့ ဖြစ်ပါတယ်။ မိုဘိုင်းဖုန်းနဲ့ တက်ဘလက်တွေကို လူတွေဘယ် လောက်ပဲကြိုက်ကြိုက်နေရာမရွေးသယ်ပြီး ပီပီပြင်ပြင် အလုပ်လုပ်ဖို့ ကိစ္စမှာ laptop ကွန်ပျူတာတွေကို ဖယ်ထုတ်ဖို့ မဖြစ်နိုင်သေးပါဘူး။
Laptop replacement ကွန်ပျူတာဆိုတာ မပေါ်သေးပေမယ့် convertible laptop ဆိုတာဖြင့် ပေါ်လာပြီ။ လူတွေက တက်ဘလက်ကို စွဲလန်းတော့ တက်ဘလက်လိုလည်း သုံးနိုင်၊ ပြီးရင် laptop လိုပါ သုံးနိုင်စေမယ့် ကွန်ပျူတာတွေပါ။ သူ့ရဲ့အားသာချက်က ကီးဘုတ်ကို ဖြုတ်ခဲ့ပြီး ပေါ့ပေါ့ပါးပါး သုံးနိုင်တယ်။ Touch screen ဖြစ်တယ်။ တချို့ ကွန်ပျူတာအမျိုးအစားမှာ stylus သုံးပြီး စာရေးနိုင်တယ်။ သာမန် laptop ထက်စာရင် ဘက် ထရီအားပိုကောင်းတယ်။ ဒါဖြင့် အားနည်းချက်က ဘာလဲ။ Laptop ဆိုပေမယ့် အိမ်သုံးမီးနဲ့ချိတ်ဆက်ပြီး သုံးနိုင်တဲ့အစွမ်းသတ္တိ ပျောက်သွားတာဖြစ်ပါတယ်။
Laptop တင်မကပါဘူး။ မိုဘိုင်းဖုန်းကို တက်ဘလက်တို့ကို ဘက်ထရီကို လုံးလုံးလျားလျားမှီခိုရတဲ့ ပစ္စည်း တွေမှာ (လိုခဲ့သည်ရှိသောပေါ့ဗျာ) ဘက်ထရီအသစ် ရနိုင်ခြေရှိ၊မရှိ စဉ်းစားဖို့ ကျွန်တော်အမြဲပြောပါတယ်။ တက်ဘလက်က ထားပါတော့။ ဘက်ထရီအသေမို့ မိုဘိုင်းဖုန်းဆိုရင် ကိုယ့်ဘာသာဖြုတ်ပြီးလဲလို့ရ၊ ဘက်ထရီ အလွယ်လည်း ဝယ်လို့ရတဲ့ ဖုန်းမျိုးကို ဦးစားပေးရမှာ။ ကျွန်တော်ကတော့ ဘယ်လိုစမတ်ဖုန်း ဝယ်ဝယ် ဒီမူကိုပဲ အခြေခံပါတယ်။
ဒါဖြင့် ဘက်ထရီအသေနဲ့လာတဲ့ တက်ဘလက်၊ ဘက်ထရီအရှင် ဆိုပေမယ့် ကုမ္ပဏီက တာဝန်ယူမှ အသစ်လဲ လို့ရတဲ့ laptop တွေကို မသုံးရတော့ဘူးလား။ သုံးရပါတယ်။ ဒါပေမဲ့ ဘက်ထရီဆိုတာ ပျက်တတ်တဲ့ ပစ္စည်းနော်။ စနစ်တကျသုံးရင် ၂ နှစ်လောက်ကောင်းကောင်း အသုံးခံတယ်။ သီအိုရီအရ လက်တွေ့အရ ၂ နှစ်ခံတာ မှန်ပေမယ့် ကံကြမ္မာဆိုတာ မမြင်နိုင်ပါဘူး။ ကံဆိုးလို့ တစ်နှစ်လောက်အကြာမှာ ဘက်ထရီ ပျက်ပြီဆိုပါစို့။ ရောင်းတဲ့ဆိုင်၊ သွင်းတဲ့ကုမ္ပဏီက တာဝန်ယူပြီး မှာပေးမှာလား။ မှာရင် ဘယ်လောက်ကြာ နိုင်သလဲ။ ဒါတွေကို အလေးထားပြီး စဉ်းစားရပါမယ်။
မှန်သော စကားတစ်ခုတော့ ပြောချင်တယ်။ မြန်မာပြည်ကဆိုင် အများစုဟာ ဝယ်ရောင်းလိုဖြစ်နေတယ်။ တစ်နှစ်မပြည့်မီ ဘက်ထရီ စွမ်းရည်ကျလာလို့ ဘက်ထရီအသစ်သွားဝယ်ဖူးတယ်။ ပင်ရင်းကုမ္ပဏီ ကျောထောက်နောက်ခံနဲ့ဆားဗစ်စင်တာရှိပါတယ်ဆိုတဲ့နေရာမှာတောင် သုံးခါလောက် ရန်ဖြစ်ပြီးမှ ဘက်ထရီ အသစ်ရပါတယ်။ ပစ္စည်းဝယ်တုန်းက တစ်နှစ် ဝရန်တီအပြည့်အဝအာမခံပါတယ်ဆိုတဲ့ မျက်နှာတွေ ဘယ် ရောက်သွားသလဲ မဆိုနိုင်ဘူး။ Brand ပစ္စည်းရောင်းတဲ့ ဆိုင်တချို့က ကုန်ကျစရိတ်လျှော့ချင်လို့ International warrenty ယူမထားဘူး။ International warrenty ရှိတဲ့အခါ ပင်ရင်းကုမ္ပဏီက အပိုပစ္စည်းကို နှစ်နှစ်လောက် အ ပြည့်အဝတာဝန်ယူတဲ့ အားသာချက်ရှိပါတယ်။
Local warrenty ဆိုတာက ပစ္စည်းဆယ်လုံးသွင်းတိုင်း တစ်လုံးကို ချန်ထားပြီး အပိုပစ္စည်းဖြုတ်လဲပေးတာ။ ကောင်းပြီ။ ရောင်းလိုက်တဲ့ ကွန်ပျူတာကိုးလုံးထဲမှာ နှစ်လုံးလောက် တစ်နှစ်မပြည့်မီ motherboard ပျက်ရင် ဘယ်လိုလုပ်ကြမှာလဲ။ တစ်ယောက်က အသစ်လဲခွင့်ရပြီး ကျန်တဲ့တစ်ယောက်က laptop လွှင့်ပစ်ရမှာလား။ ဟဲဟဲ ...ဘာကြောင့် ဒီလောက်အမှန်တွေ ပြောနေတာလဲ။ အမှန်တရားကို ချစ်လို့ဗျ။ Transparency ကို ချစ်လို့ဗျ။ သူများအလိုကျ မုသာဝါဒတွေ ပြောတတ် လုပ်တတ်တဲ့ အမွေဆိုးကို နောက်မျိုးဆက်ဆီ လက်ဆင့်ကမ်းမပေးချင်ဘူး။ ဒီတော့ laptop အသစ်ဝယ်ရင် ဘက်ထရီကိစ္စကို အပြည့်အဝတာဝန်ယူ မယ့်ဆိုင် ဒါမှမဟုတ် ကုမ္ပဏီမှာဝယ်ပါ။ ဈေးသက်သာတာတစ်ခုတည်း မကြည့်ပါနဲ့။
ဒါကူစေအသစ မဝယ်ခင်မှာစဉ်းစားရမယ့်အပိုင်း။ ဝယ်ပြီးတဲ့အခါကိုယ့် ဘက်က ရိုရိုသေသေ ထိန်းသိမ်းခြင်း အလုပ်လုပ်ရမယ်။ အနည်းဆုံး နှစ်နှစ်ခံအောင်ပေါ့။ ဝရန်တီဆိုတာ ပစ္စည်းကိုယ်တိုင်က ချို့ယွင်းမှ အသစ်လဲ ပေးတာ။ ကိုယ့်ကြောင့်ချို့ယွင်းရင် ဝရန်တီရှိပေမယ့် ဘာတာဝန် မှမယူဘူးဆိုတာသိရပါ။ ဘက်ထရီနဲ့ ပတ်သက်ပြီး Windows သုံးတဲ့ laptop တွေမှာ ဘက်ထရီရဲ့အခြေအနေ၊ ဘက်ထရီအသုံးစတာတွေနဲ့ ပတ်သက်ပြီး အသေးစိတ်ပြည့်စုံတဲ့ အစီရင်ခံစာထုတ်ပေးနိုင်ပါတယ်။ ဒါကို လူအတော်များများ မသိကြပါဘူး။ ဘက်ထရီကျန်းမာရေးအခြေအနေကို ကြိုသိထားရင် လိုအပ်သလို ဆောင်ရွက်နိုင်တာပေါ့။
ဘက်ထရီအစီရင်ခံစာ ထုတ်ဖို့အတွက် Windows (ကီးဘုတ်ပေါ်က Logo)နဲ့ R ကို တွဲနှိပ်ပါ။ ပေါ်လာတဲ့ ကွက်လပ်ထဲမှာ cmd လို့ ရိုက်ထည့်ပြီး Enter ခေါက်ပါ။ command line လို့ခေါ်တဲ့ စာရိုက်အမိန့်ပေးစနစ်ကို ခေါ်လိုက်တာပါ။ အမဲရောင် screen မှာ command prompt လေး မှိတ်တုတ်မှိတ်တုတ် မြင်ရပြီဆိုရင် power cgs/battery report ကို ရိုက်ထည့်ပြီး enter ခေါက်ပါ။ ပြီးရင် C:\users\your name folder (user နာမည်အောက်က ကိုယ့်နာမည်နဲ့ document folder) ကိုသွားပါ။ အဲဒီမှာတွေ့ရတဲ့ battery-report.html ကို ဘယ်ကလစ်နှစ်ချက်နှိပ်ပြီး ဖွင့်လိုက်ပါ။ ပင်မ browser ထဲမှာ သတင်းအချက်အလက်အပြည့်အစုံနဲ့ ပွင့်လာပါမယ်။
Window ဟာ full energy report ကိုလည်း ထုတ်ပေးနိုင်ပါတယ်။ သူက ပိုပြီးအနုစိတ်တယ်။ ပညာရှင် ပိုဆန်ပါတယ်။ ကွန်ပျူတာပညာရပ်နဲ့ ရင်းနှီးရင် သူ့ကို သုံးပါ။ ဒီ report ထုတ်ဖို့ start menu ကို နှိပ်ပါ။ Command prompt နေရာကိုပေါ်လာတဲ့အကွက်ထဲမှာရှာပါ။ တွေ့ပြီဆိုရင် အဲဒီနေရာမှာ ညာကလစ်ထောက် ပါ။ ထပ်ပေါ်လာတဲ့အကွက်ထဲက Run as admini-strator ကို ရွေးပါ။ Screen က အမဲနဲ့ မှိတ်တုတ်မှိတ်တုတ် cursor လေးကို မြင်ရပြီဆိုရင် power cfy-energy လို့ ရိုက်ထည့်ပါ။ ပြီးရင် word ဖွင့်ပြီး စာရိုက်ရင်ရိုက်၊ ဒါမှမဟုတ် media player ဖွင့်ပြီး သီချင်းနားထောင်ရင်ထောင်ဆိုတာကို တစ်မိနစ်လောက်လုပ်ပါ။ ပြီးရင် C:\Windows\System 32 ထဲဝင်ပြီး energy-report.htmL ကိုရှာပါ။ ပြီးရင် drag ဆွဲပြီး Desktop ပေါ်တင်ပါ။ ဘယ်ကလစ်နှစ်ချက်နှိပ်ပြီး browser ထဲမှာပေါ်လာမယ့် စာကိုဖတ်ပါ။ ဘက်ထရီနဲ့ ပတ်သက်တဲ့ ပြဿနာ တွေကို စစ်ဆေးတဲ့နေရာမှာ ဒီ report က အသုံးဝင်ပါတယ်။
နာမည်ကြီး Laptop ထုတ်လုပ်တဲ့လူတွေက brand အပိုင်း battery tool ကိုထည့်ပေးတတ်ကြပါတယ်။ ဒါပေမဲ့ သာမန် laptop တွေမှာ အဲဒီ tool ပါလေ့မရှိဘူး။ Third party ကထုတ်ပြီး အခမဲ့ရတဲ့ battery tool တွေ သုံးကြပါမယ်။ ပထမဆုံး battery Info view ကို သုံးကြမယ်။ www.nirsoft.net ကနေ အခမဲ့ download ဆွဲပြီးသုံးနိုင်ပါတယ်။ သူက သတင်းအချက် အလက်ဖော်ပြပေးရာမှာ အတော်ပြည့်စုံပါတယ်။ ဘက်ထရီ ရာခိုင်နှုန်း ဘယ်လောက်အထိ အားဝင်ထားတယ်။ ဘက်ထရီဘယ်လောက်အထိ ပျက်စီးနေပြီ။ ဘက်ထရီအား အပြည့်သွင်းနိုင်ခြေရှိမရှိ ဘက်ထရီဒီဇိုင်း စတာတွေအပြင် အခြားအချက်အလက်တွေကိုပါ အပြည့်အစုံဖော်ပြပါ တယ်။ သတင်းအချက်အလက်အနည်းအများက ကိုယ်သုံးတဲ့ Laptop အမျိုးအစားပေါ်မှာ တည်ပါတယ်။
BatteryCare ကလည်း အခမဲ့သုံးနိုင်တဲ့ App တစ်ခုပါပဲ။ www.batterycare.net ကနေ အခမဲ့ download ချပြီး သုံးနိုင်ပါတယ်။ သူကတော့ install လုပ်ပြီးရင် notification area မှာ icon ရေးထားပေးတယ်။ hidden icon တွေခေါ်ကြည့်ရင် လေးထောင့်အကွက်လေးထဲမှာ သူ့ icon ကို မြင်ရတယ်။ mouse cursor ကို အဲဒီ icon ပေါ် ဖြတ်တင်လိုက်ရင် ဘက်ထရီရာခိုင်နှုန်း ဘယ်လောက်ကျန်သေးတယ်။ နောက်ထပ် အချိန် ဘယ်လောက်သုံးလို့ရမယ်ဆိုတာကို ဖော်ပြပေးပါမယ်။ ဒီ icon ပေါ်မှာ ကလစ်နှိပ်ပြီး control panel ထဲက Windows power plan ဆီသွားနိုင်တယ်။ High performance ကနေပြီး Power save လို plan မျိုးကို ပြောင်းနိုင်ပါတယ်။ Battery Care ကို ကလစ်နှိပ်ပြီး app window ထဲမှာ ပိုပြီး ပြည့်စုံတဲ့ battery information ကို ကြည့်နိုင်ပါတယ်။
ဒါက ဘက်ထရီနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်ပိုင်းပါ။ ကိုယ်တိုင်သိထားရမှာက လစ်သီယမ်အိုင်းယွန်း ဘက်ထရီတွေမှာအား သွင်းကြိမ်ရေအကန့်အသတ်ရှိတယ်ဆိုတာပါပဲ။ အနည်းဆုံးအကြိမ်ရေ ၃ဝဝ အားသွင်း နိုင်ပြီး အမျိုးအစား အကောင်းဆုံး Mac ကွန်ပျူတာတွေက အကြိမ်ရေ ၁ဝဝဝ အထိအားသွင်းနိုင်ပါတယ်။ ဘက်ထရီကို အမြဲတစေ ၁ဝဝ ရာနှုန်းပြည့် သွင်းတာပညာရှင်တွေ မထောက်ခံပါဘူး။ ၃ဝ-၉ဝ ကြားမှာ သုံးတာက သက်တမ်းပြည့်ဖို့သေချာပါတယ်။ ကွန်ပျူတာမှာ ဘက်ထရီ ၃ဝ ကျန်တယ်။ အားသွင်းတုန်း ၅ဝ အရောက်မှာ မီးပြတ်သွားရင် မသုံးပါနဲ့ဦး။ မီးပြန်လာရင် အားဆက်သွင်းပြီး ၉ဝ လောက်ရောက်မှ သုံးပါ။ အနိမ့်ဆုံးကနေ အမြင့်ဆုံးထိသွင်းတာ ကို 1 Cycle (အားသွင်းကြိမ်ရေ တစ်ကြိမ်လို့ သတ်မှတ်ပါတယ်။)
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246