စက်တင်ဘာလတွင် ဖြန့်ချိမည့် Chrome 53 သည် Google က Flash content ကို default အနေဖြင့် ပိတ်ပင်တားဆီးမည့် ပထမဦးဆုံး browser ဖြစ်လာမည်ဖြစ်သည်။ Google သည် လျင်မြန်ပြီး တုံ့ပြန်မှုပိုမိုကောင်းမွန်ကာ ဘက်ထရီစားသက်သာမည့် browser တစ်ခုကို ဖန်တီးရန်အတွက် အဆိုပါအပြောင်းအလဲပြုလုပ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ဝက်ဘ်ပေါ်တွင် Chrome အဖွဲ့က ယနေ့ခေတ် ဝက်ဘ်ပေါ်တွင် Flash content အများစုသည် page analytics ကဲ့သို့သော အရာများ၏နောက်ကွယ်တွင် အလုပ်လုပ်ကြကြောင်း၊ ထိုကဲ့သို့သော content များသည် ဝက်ဘ်သုံးစွဲမှုကို နှေးကွေးစေနိုင်သောကြာင့် Chrome 53 တွင် Flash များကို တားမြစ်ရန် Google က ကြိုးပမ်းရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဒီဇင်ဘာလတွင် Google က နောက်ထပ်အပြောင်းအလဲများ ပြုလုပ်သွားမည်ဖြစ်ပြီး နည်းပညာနှစ်မျိုးစလုံး အထောက်အပံ့ပေးထားသည့် ဝက်ဘ်ဆိုက်အားလုံးအတွက် Chrome 55 တွင် HTML5 ကို default အဖြစ် ပြုလုပ်ပေးသွားမည်ဖြစ်သည်။ Flash သီးသန့်ဆိုက်များအတွက် Chrome က Flash ကို enable လုပ်ရန် အသိပေးသွားမည်ဖြစ်သည်။
Ref: TechSpot
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246