DOS Command ဖြင့် ဖိုင် / ဖိုဒါတွေ ဖျောက်ဖို့
- အရင်ဆုံး Window + R ဖြင့် Run Box ခေါ်ပါ။
- Run Box တွင် cmd ဟုရိုက် Ok နှိပ်ပါ။
- Command Prompt ထဲရောက်ပါမယ်။ Command Prompt တွင် မိမိဖျောက်ချင်သော ဖိုင် / ဖိုဒါရှိရာ Partition ကိုပြောင်းပါ။ ( Command Prompt ထဲ ရောက်ရင် Partition C အခန်းရောက်နေပါလိမ့်မယ်။ )
- မိမိက Partition ( D ) က ဖျောက်ချင်ပါက D: ဟု Enter ခေါက်ပါ။
- D:\> ဟု နောက်တစ်ကြောင်း ထပ်ပေါ်ပါမယ်။ D:\> နောက်ကနေ attrib +r +a +s +h ဖျောက်ချင်တဲ့ ဖိုဒါနာမည်ရေးပါ။ ( ဥပမာ - ဖိုဒါက abc ဆိုပါစို့။ attrib +r +a +s +h abc ပါ။ )
- ဒါက ဖိုဒါက စာက တစ်ဆက်တည်းပါ။ ဖိုဒါနာမည်က My abc ဆိုပြီး Space ခြားထားပါက " " အပိတ်ခံရပါတယ်။ ( ဥပမာ - attrib +r +a +s +h "My abc" ပါ။ )
- ဒါမှမဟုတ်ဘူး ဖိုင်ဖျောက်ချင်တယ် ဆိုပါစို့။ ဖိုင်ရဲ့ အနောက်က Format ထည့်ပေးရပါတယ်။ ( ဥပမာ - မိမိက abc ဆိုတဲ့ နာမည်နဲ့ Video ဆိုပါစို့။ သူ့ရဲ့ Format က mp4 ဒါဆို abc.mp4 )
- အဲဒီ Video ကို ဖျောက်ချင်ရင် attrib +r +a +s +h abc.mp4 ပါ။ ဒါက ဖိုင်တွေအတွက်ပါ။ ( ကျွန်တော်ကတော့ စာဖိုင် txt မို့ attrib +r +a +s +h abc.txt )
- ပြန်ဖော်ချင်ရင်တော့ + နေရာကို - ပြောင်းပြီး ကျန်တာ အကုန်အတူတူပါပဲ။
************************************************
ကျွန်တော် ရှင်းပြတာ နားမလည်ခဲ့ပါက ကျွန်တော့် လိုအပ်ချက်ပါ။
************************************************
အဆင်ပြေပါစေ
ကျောက်ဆည်သားလေး