မြန်မာလို ရေးသားထားသော နည်းပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ယခု စာမျက်နှာလေးအား ရေးသားလိုက်ရခြင်း ဖြစ်ပါသည်။




Thursday, July 14, 2016

<<<Zawgyi Version>>>

ေၾကာ္ျငာထားတဲ့အတုိင္း ေရစိမ္ခံႏုိင္ျခင္းမရွိတဲ့ Samsung Galaxy S7 Active

 

Samsung ဟာ သူတုိ႔ရဲ႕ နာမည္ႀကီး အဓိကစမတ္ဖုန္းျဖစ္တဲ့ Galaxy S7 စမတ္ဖုန္းရဲ႕ လုပ္ေဆာင္ခ်က္ေတြကုိ ေၾကျငာခဲ့ရာမွာ ေရစိမ္ခံႏုိင္တယ္ဆုိတဲ့ လုပ္ေဆာင္ခ်က္တစ္ခ်က္ကုိလည္း အဓိက Highlight လုပ္ၿပီး ေၾကျငာခဲ့ပါတယ္။ Galaxy S7 ကုိ ေၾကာ္ျငာရာမွာ ဟစ္ေဟာ့ပ္အဆုိေတာ္ Lil Wayne က ဖုန္းအေပၚကုိ ရွန္ပိန္ေတြေလာင္းခ်ခဲ့တဲ့ ေၾကာ္ျငာလည္း ပါဝင္ပါတယ္။

ဒါေပမယ့္ ယခုေတာ့ Samsung ထုတ္ကုန္ရဲ႕ ေရစိမ္ခံႏုိင္တဲ့ စြမ္းရည္အေပၚ Review Website တစ္ခုျဖစ္တဲ့ Consumer Reports ကစမ္းသပ္ခဲ့ရာမွာ က်ရႈံးခဲ့ေၾကာင္း သိရပါတယ္။ Consumer Reports က အၾကမ္းခံ စမတ္ဖုန္းအေနနဲ႔ သီးသန္႔ထုတ္လုပ္ထားတဲ့ Galaxy S7 Active ကုိစမ္းသပ္ခဲ့ရာမွာ ယခုလုိ သံသယျဖစ္ဖြယ္ရာ ရလဒ္ဆုိးထြက္ေပၚလာခဲ့တာပါ။

 

Samsung Galaxy S7 Active ကုိ ေရအနက္ ငါးေပရွိသလုိျဖစ္ေအာင္ျပဳလုပ္ထားတဲ့ ေရတုိင္ကီထဲကုိ ထည့္ထားရာမွာ ဖုန္းဟာ အလုပ္မလုပ္ေတာ့ပဲ ပ်က္သြားခဲ့တာပါ။ Consumer Reports အေနနဲ႔ ေနာက္ထပ္တစ္လံုးကုိ ထပ္မံထည့္သြင္းၿပီး စမ္းသပ္ရာမွာလည္း ပ်က္သြားခဲ့ပါတယ္။

နာရီဝက္ေလာက္အၾကာမွာ စမ္းသပ္ခဲ့တဲ့ Galaxy S7 ဖုန္းႏွစ္လံုးစလံုးဟာ မ်က္ႏွာျပင္မွာ ဘာတံု႔ျပန္မႈမွ မရွိပဲ အစိမ္းေရာင္ အစင္းေၾကာင္းေတြပဲ ေပၚေနတာကုိေတြ႔ခဲ့ရတာလည္း ျဖစ္ပါတယ္။ ကင္မရာေပါက္ေတြမွာလည္း ေရေငြ႔ေတြရိုက္ေနတာကုိ ဗီဒီယုိမွာ ျပသခဲ့ပါတယ္။

 

Galaxy S7 ဖုန္းေတြအတြက္ ေရစိမ္ခံႏုိင္တဲ့ အရည္အေသြးစံသတ္မွတ္ခ်က္ IP68 ကုိ ျပည့္မွီေၾကာင္း ေၾကညာထားေပမယ့္ တူညီတဲ့အေျခအေနေတြမွာေတာင္ S7 ေရာ၊ S7 Edge ေရာဟာ ေရစိမ္ခံႏုိင္မႈစြမ္းရည္ကုိ ျပည့္မွီျခင္းမရွိေၾကာင္း ေရးသားထားခဲ့တာျဖစ္ပါတယ္။ “အၾကမ္းခံဖုန္းအေနနဲ႔ သီးသန္႔ထုတ္လုပ္ထားတဲ့ Samsung Galaxy S7 Active ဖုန္းေတြဟာ စမ္းသပ္မႈမွာ က်ရႈံးခဲ့ပါတယ္” လုိ႔ ဆုိက္ကဆုိခဲ့ပါတယ္။

 

Samsung ကေတာ့ ဒီေမာ္ဒယ္ေတြဟာ ေရစိမ္ခံႏုိင္တဲ့ စြမ္းရည္မွာ ခၽြတ္ယြင္းခ်က္ရွိေနတာ ျဖစ္ႏုိင္ေၾကာင္း ေျပာၾကားခဲ့တယ္လုိ႔ BBC ကဆုိပါတယ္။ အဲ့ဒီအျပင္ ကုမၸဏီအေနနဲ႔ ေရစိုခံျခင္း စြမ္းရည္နဲ႔ ပတ္သက္ၿပီး အလြန္နည္းပါးတဲ့ Complain ေတြသာရရွိထားေၾကာင္း ေျပာၾကားခဲ့ၿပီး တကယ္လုိ႔ ျဖစ္လာခဲ့ရင္လည္း ဒီေမာ္ဒယ္ေတြဟာ အာမခံသက္တမ္းကာလအတြင္းမွာ အၾကံဳးဝင္မွာ မဟုတ္ဘူးလို႔ဆုိခဲ့တာပါ။

 

Credit – Digital Time


 


<<<Unicode Version>>>

 

ကြော်ငြာထားတဲ့အတိုင်း ရေစိမ်ခံနိုင်ခြင်းမရှိတဲ့ Samsung Galaxy S7 Active

 

Samsung ဟာ သူတို့ရဲ့ နာမည်ကြီး အဓိကစမတ်ဖုန်းဖြစ်တဲ့ Galaxy S7 စမတ်ဖုန်းရဲ့ လုပ်ဆောင်ချက်တွေကို ကြေငြာခဲ့ရာမှာ ရေစိမ်ခံနိုင်တယ်ဆိုတဲ့ လုပ်ဆောင်ချက်တစ်ချက်ကိုလည်း အဓိက Highlight လုပ်ပြီး ကြေငြာခဲ့ပါတယ်။ Galaxy S7 ကို ကြော်ငြာရာမှာ ဟစ်ဟော့ပ်အဆိုတော် Lil Wayne က ဖုန်းအပေါ်ကို ရှန်ပိန်တွေလောင်းချခဲ့တဲ့ ကြော်ငြာလည်း ပါဝင်ပါတယ်။

ဒါပေမယ့် ယခုတော့ Samsung ထုတ်ကုန်ရဲ့ ရေစိမ်ခံနိုင်တဲ့ စွမ်းရည်အပေါ် Review Website တစ်ခုဖြစ်တဲ့ Consumer Reports ကစမ်းသပ်ခဲ့ရာမှာ ကျရှုံးခဲ့ကြောင်း သိရပါတယ်။ Consumer Reports က အကြမ်းခံ စမတ်ဖုန်းအနေနဲ့ သီးသန့်ထုတ်လုပ်ထားတဲ့ Galaxy S7 Active ကိုစမ်းသပ်ခဲ့ရာမှာ ယခုလို သံသယဖြစ်ဖွယ်ရာ ရလဒ်ဆိုးထွက်ပေါ်လာခဲ့တာပါ။

 

Samsung Galaxy S7 Active ကို ရေအနက် ငါးပေရှိသလိုဖြစ်အောင်ပြုလုပ်ထားတဲ့ ရေတိုင်ကီထဲကို ထည့်ထားရာမှာ ဖုန်းဟာ အလုပ်မလုပ်တော့ပဲ ပျက်သွားခဲ့တာပါ။ Consumer Reports အနေနဲ့ နောက်ထပ်တစ်လုံးကို ထပ်မံထည့်သွင်းပြီး စမ်းသပ်ရာမှာလည်း ပျက်သွားခဲ့ပါတယ်။

နာရီဝက်လောက်အကြာမှာ စမ်းသပ်ခဲ့တဲ့ Galaxy S7 ဖုန်းနှစ်လုံးစလုံးဟာ မျက်နှာပြင်မှာ ဘာတုံ့ပြန်မှုမှ မရှိပဲ အစိမ်းရောင် အစင်းကြောင်းတွေပဲ ပေါ်နေတာကိုတွေ့ခဲ့ရတာလည်း ဖြစ်ပါတယ်။ ကင်မရာပေါက်တွေမှာလည်း ရေငွေ့တွေရိုက်နေတာကို ဗီဒီယိုမှာ ပြသခဲ့ပါတယ်။

 

Galaxy S7 ဖုန်းတွေအတွက် ရေစိမ်ခံနိုင်တဲ့ အရည်အသွေးစံသတ်မှတ်ချက် IP68 ကို ပြည့်မှီကြောင်း ကြေညာထားပေမယ့် တူညီတဲ့အခြေအနေတွေမှာတောင် S7 ရော၊ S7 Edge ရောဟာ ရေစိမ်ခံနိုင်မှုစွမ်းရည်ကို ပြည့်မှီခြင်းမရှိကြောင်း ရေးသားထားခဲ့တာဖြစ်ပါတယ်။ “အကြမ်းခံဖုန်းအနေနဲ့ သီးသန့်ထုတ်လုပ်ထားတဲ့ Samsung Galaxy S7 Active ဖုန်းတွေဟာ စမ်းသပ်မှုမှာ ကျရှုံးခဲ့ပါတယ်” လို့ ဆိုက်ကဆိုခဲ့ပါတယ်။

 

Samsung ကတော့ ဒီမော်ဒယ်တွေဟာ ရေစိမ်ခံနိုင်တဲ့ စွမ်းရည်မှာ ချွတ်ယွင်းချက်ရှိနေတာ ဖြစ်နိုင်ကြောင်း ပြောကြားခဲ့တယ်လို့ BBC ကဆိုပါတယ်။ အဲ့ဒီအပြင် ကုမ္ပဏီအနေနဲ့ ရေစိုခံခြင်း စွမ်းရည်နဲ့ ပတ်သက်ပြီး အလွန်နည်းပါးတဲ့ Complain တွေသာရရှိထားကြောင်း ပြောကြားခဲ့ပြီး တကယ်လို့ ဖြစ်လာခဲ့ရင်လည်း ဒီမော်ဒယ်တွေဟာ အာမခံသက်တမ်းကာလအတွင်းမှာ အကြုံးဝင်မှာ မဟုတ်ဘူးလို့ဆိုခဲ့တာပါ။

 

Credit – Digital Time



ကြ်န္ေတာ္သိ၊ကြ်န္ေတာ္တတ္၍ ေရးသားျခင္းမဟုတ္ပါခင္ဗ်ာ။ ကြ်န္ေတာ္ေလ့လာမိသမွ်ကို စာဖတ္သူမ်ားျပန္လည္ေလ့လာမိေစရန္ ျပန္လည္မွ်ေဝျခင္းသာျဖစ္ပါသည္။ ကြ်န္ေတာ့္ပို႕စ္တစ္ခုခ်င္းစီအတြက္ မူရင္းေရးသားသူမ်ားကို အထူးေက်းဇူးဥပကာရတင္ရွိပါတယ္ခင္ဗ်ာ။ ေအာင္ျမင့္ျမတ္(Myanmar Youths) Ph-09256480246