မြန်မာလို ရေးသားထားသော နည်းပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ယခု စာမျက်နှာလေးအား ရေးသားလိုက်ရခြင်း ဖြစ်ပါသည်။




Wednesday, July 13, 2016




Apple ဟာ နှစ်ကုန်ပိုင်းမှာ ထွက်ရှိမယ့် iOS 10 အတွက် public beta ကို ဖြန့်ချိပေးလိုက်ပါပြီ။ iOS 10 မှာ လုပ်ဆောင်ချက်သစ် မြောက်မြားစွာပါဝင်လာပြီး လုပ်ဆောင်ချက်သစ်အများစုက Messages app မှာ ပါဝင်လာတာဖြစ်ပါတယ်။ iOS 10 ရဲ့ အကောင်းဆုံး လုပ်ဆောင်ချက်သစ်တွေက အောက်ပါအတိုင်းဖြစ်ပါတယ်။


(၁) Lock screen သစ်

======================

iOS 10 မှာ lock screen ရဲ့အသွင်အပြင်ကို ဆန်းသစ်ထားပါတယ်။ ဖုန်း screen ဟာ ဖုန်းကို မ,လိုက်ရုံနဲ့ အလုပ်လုပ်တာကြောင့် ခလုတ်တစ်ချက်မှနှိပ်စရာမလိုဘဲ screen ကို ကြည့်ရှုနိုင်ပါတယ်။ နောက်ပြီး Notification တွေကိုလည်း screen ပေါ်မှာ အလွယ်တကူကြည့်ရှုနိုင်အောင် ဖော်ပြပေးထားပြီး ညာဘက်ကို swipe လုပ်တဲ့အခါမှာ Today view widget တွေကို တွေ့မြင်နိုင်ပါတယ်။ ဘယ်ဘက်ကို swipe လုပ်လိုက်ရင်တော့ ကင်မရာပွင့်လာပါလိမ့်မယ်။



(၂) 3D Touch နဲ့သုံးနိုင်တဲ့ Control Center shortcut များ

===========================================

Control Center ဟာ flashlight, camera, calculator နဲ့ timer တို့ကို လွယ်ကူစွာ အသုံးပြုနိုင်စေမယ့် နည်းလမ်းတစ်ခုဖြစ်ပါတယ်။ အခုအခါမှာ အဲ့ဒီ Control Center shortcut တွေကို 3D Touch နဲ့ သုံးနိုင်ပါတယ်။ iPhone 6s ဒါမှမဟုတ် iPhone 6s Plus သုံးစွဲသူတွေအနေနဲ့ icon တွေပေါ်မှာ 3D Touch သုံးတဲ့အခါ အသုံးပြုနိုင်မယ့် အချက်အလက်တွေကို ပိုမိုရရှိနိုင်ပါလိမ့်မယ်။

Flashlight ပေါ်မှာဆိုရင် အလင်းအားကို ရွေးချယ်နိုင်ပါတယ်။ Timer မှာဆိုရင် ၁ မိနစ်ကနေ ၁ နာရီအထိ အလျင်အမြန်သတ်မှတ်နိုင်ပါတယ်။ Calculator မှာဆိုရင်တော့ နောက်ဆုံးရလဒ်ကို copy လုပ်နိုင်ပါတယ်။ ကင်မရာ icon ပေါ်မှာ 3D Touch ကို သုံးရင် app icon ပေါ်ကအတိုင်း Take Selfie, Record Video, Record Slo-mo, Take Photo စတဲ့ option တွေ ပေါ်လာပါလိမ့်မယ်။


(၃) အသွင်သစ်နဲ့ Notification

=======================

iOS 10 မှာ Notification တွေရဲ့ အသွင်အပြင်ကို ပြောင်းလဲထားပါတယ်။ Bubble တွေက အရွယ်အနည်းငယ် ကြီးလာပြီး notification တွေကို သီးခြားဖော်ပြပေးပါတယ်။
ညာဘက်ကို swipe လုပ်လိုက်တဲ့အခါမှာ Today view ကို widget တွေနဲ့အတူ တွေ့ရမှာဖြစ်ပါတယ်။
Notification တွေကို အကြောင်းပြန်ကြားမှု အလျင်အမြန် ပြုလုပ်လိုတဲ့အခါ notification ပေါ်မှာ 3D Touch သုံးလိုက်ရုံနဲ့ Messages app ကို ဖွင့်စရာမလိုဘဲ အကြောင်းပြန်ကြားနိုင်ပါတယ်။

Notification အားလုံးကို ရှင်းချင်တယ်ဆိုရင် Notification Center ရဲ့ ညာဘက်အပေါ်ထောင့်က “X” ပေါ်မှာ 3D Touch သုံးပြီး Clear All Notifications ကို နှိပ်ရုံနဲ့ ပြုလုပ်နိုင်ပါတယ်။



(၄) Messages: Sticker များ

==================






Messages app မှာ လုပ်ဆောင်ချက်သစ် အများအပြား ပါဝင်လာပါတယ်။ စိတ်လှုပ်ရှားစရာအကောင်းဆုံးကတော့ iMessage အတွက် sticker pack တွေပါပဲ။


(၅) Messages: Invisible Ink နှင့် အခြား effect များ

================================






Message တစ်စောင် ဒါမှမဟုတ် ဓာတ်ပုံတစ်ပုံကို effect နဲ့ ပေးပို့ချင်တယ်ဆိုရင် Messages ရဲ့ “send” arrow ပေါ်မှာ 3D Touch ကို သုံးပြီး နှစ်သက်ရာ effect ကို ရွေးချယ်ရုံနဲ့ ပေးပို့နိုင်ပါတယ်။

Invisible ink ကတော့ သုံးစွဲသူက message ဒါမှမဟုတ် ပုံပေါ်မှာ လက်နဲ့မတင်မချင်း blur လုပ်ထားပေးပါလိမ့်မယ်



(၆) Messages: Handwriting

======================


Messages မှာ iPhone ကို landscape mode ပြောင်းပြီး လက်နဲ့ message တစ်စောင် ရေးသားနိုင်ပါတယ်။ ပေးပို့ချင်တဲ့အခါမှာ ဖုန်းကို portrait mode သို့ပြန်ပြောင်းပြီး Send ခလုတ်ကိုနှိပ်ကာ ပို့နိုင်ပါတယ်။

(၇) Messages: Digital Touch

=====================


Apple Watch လိုပဲ Digital Touch ကိုသုံးပြီး ဆွဲထားတဲ့ပုံတွေနဲ့ နှလုံးခုန်သံတွေကို ပေးပို့နိုင်ပါတယ်။ Message bubble ရဲ့ဘေးက မြားကိုနှိပ်ပြီး အသည်းပုံပေါ်မှာ လက်ချောင်းတင်ထားတဲ့ icon ကို ရွေးကာ ပေါ်လာတဲ့ Digital Touch window ကနေ နှစ်သက်ရာ ရေးဆွဲပြီး ပေးပို့နိုင်ပါတယ်။


(၈) Messages: Image Search

===================
Messages ထဲမှာပါဝင်တဲ့ လုပ်ဆောင်ချက်များအနက် တစ်ခုကတော့ built-in image search ဖြစ်ပါတယ်။ GIF ဒါမှမဟုတ် meme ကို ရှာဖွေပြီး သူငယ်ချင်းထံ ပေးပို့နိုင်ပါတယ်။


(၉) Messages: စာလုံးကို emoji ဖြင့် ဖော်ပြခြင်း

 =================================




တကယ်လို့ iOS 10 မှာ predictive keyboard ကို သုံးတယ်ဆိုရင် ရိုက်လိုက်တဲ့ စာလုံးနဲ့ သက်ဆိုင်တဲ့ emoji ကို ဖော်ပြပေးပါတယ်။ ဒီလုပ်ဆောင်ချက်ကို ဘယ် app မှာမဆို အသုံးပြုနိုင်ပါတယ်။


(10) Messages: ဓာတ်ပုံနှင့် စာသားများတွင် reaction များထည့်သွင်းခြင်း

============================================





iMessage မှာ post တစ်ခုကို heart, thumbs up, thumbs down, haha, exclamation နဲ့ question mark စတာတွေနဲ့ တုံ့ပြန်နိုင်ပါတယ်။ Message တစ်ခု ဒါမှမဟုတ် ဓာတ်ပုံတစ်ပုံပေါ်မှာ long press လုပ်ပြီး reaction ကိုထည့်သွင်းနိုင်ပါတယ်။


(၁၁) Widget သစ်များ

==============



 iOS 10 ရဲ့ Today view widget သစ်များဟာ app icon တွေပေါ်မှာ 3D Touch gesture လုပ်ပြီး widget တွေကို Today view မှာ ထည့်သွင်းဖို့အတွက် ရွေးချယ်နိုင်ပါတယ်။ အချို့ widget တွေမှာ လာမယ့်ချိန်းဆိုမှုမှတ်တမ်းတွေ၊ လတ်တလောနားထောင်ထားတဲ့ သီချင်းတွေနဲ့ Photos app က Memories တို့ပါဝင်ပါတယ်။


(၁၂) အသွင်သစ်နဲ့ Maps

================





 အသွင်သစ်နဲ့ ဖန်တီးထားတဲ့ Maps မှာ လတ်တလော ရှာဖွေမှုတွေနဲ့ နေရာတွေကို အလွယ်တကူအသုံးပြုနိုင်အောင် ထောက်ပံ့ပေးထားပါတယ်။ ကားမောင်းနေစဉ်၊ လမ်းလျှောက်နေစဉ် ဒါမှမဟုတ် အများသုံးသယ်ယူပို့ဆောင်ရေး အသုံးပြုနေစဉ်မှာ လမ်းကြောင်းတွေကို အလျင်အမြန် တွေ့မြင်နိုင်ပါတယ်။

နှစ်ကုန်ပိုင်းမှာ iOS 10 ထွက်ရှိတဲ့အခါ Uber နဲ့ Lyft ခေါ်ဆိုမှုတွေကို app ကနေ တိုက်ရိုက်ပြုလုပ်နိုင်ပါလိမ့်မယ်။



(၁၃) ဒီဇိုင်းပြောင်းလဲထားတဲ့ Apple Music

=======================








iOS 10 မှာ Apple Music ရဲ့ဒီဇိုင်းကို ပြောင်းလဲထားပါတယ်။ အသုံးပြုရ ရိုးရှင်းလွယ်ကူပြီး download လုပ်ထားတဲ့ content တွေကို အလွယ်တကူအသုံးပြုနိုင်အောင် ထောက်ပံ့ပေးထားပါတယ်။


(၁၄) ဘယ်နေရာကမဆိုသုံးနိုင်တဲ့ Spotlight

========================






Home screen စာမျက်နှာတွေရဲ့ ထိပ်ကနေ အောက်ဘက်ကိုဆွဲပြီးသုံးနိုင်တဲ့ spotlight search ဟာ သက်တော်ရှည် iOS feature တစ်ခုဖြစ်ပါတယ်။
အခုအခါမှာတော့ Notification Center ရဲ့ထိပ်ဘက်က search bar သစ်ကြောင့် spotlight search ကို ဘယ် app ကနေမဆို အသုံးပြုနိုင်ပါပြီ။ Spotlight က သတင်းဆောင်းပါးနဲ့ ရာသီဥတုအပါအဝင် သုံးစွဲသူရှာဖွေတဲ့ အကြောင်းအရာအပေါ်အခြေခံပြီး search suggestion တွေ ထောက်ပံ့ပေးပါတယ်။



(၁၅) Stock app များကို ဖျက်နိုင်ခြင်း

===================






iOS 10 မှာ default ပါဝင်လာတဲ့ app တွေကို ဖျက်ပစ်နိုင်ပါတယ်။ ဒါကြောင့် Mail app, Stock app စတာတွေကို home screen ကနေ ဖျက်ပစ်နိုင်ပါတယ်။ တကယ်လို့ အဲ့ဒီ app တွေကို ပြန်သုံးချင်တယ်ဆိုရင်လည်း App Store ကနေ ပြန်ထည့်ပြီး သုံးနိုင်ပါတယ်။

 


Ref from ===> ::: Mashable :::


( :: ပိုစ့်တင်သူ-ချမ်းမြေ့မောင် :: )

CHAN LAY (MCMM)

www.chanmyaemaung.net