မြန်မာလို ရေးသားထားသော နည်းပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ယခု စာမျက်နှာလေးအား ရေးသားလိုက်ရခြင်း ဖြစ်ပါသည်။




Friday, July 15, 2016

Meizu M3 Note



Mid-range ဖုန်းတွေ တော်တော်များများ ဈေးကွက်ထဲဝင်ရောက်လာတာတွေ့ရပြီး high-end တွေထက်စာရင် ဈေးနှုန်းသိပ်မကြည့်ရဘဲ အရည်အသွေးပြည့်ဝတာကြောင့် သုံးစွဲသူပရိသတ်တွေ ပေါများလာပါတယ်။ ဈေးနှုန်း သင့်တင့်တဲ့ အဆင့်မြင့်စမတ်ဖုန်းတွေ ဖြစ်ကြတဲ့ Xiaomi Redmi Note 3, Huawei Honor 5X စတဲ့ ဖုန်းတွေ ကလည်း Mid-range တွေဖြစ်ကြပြီး မကြာသေးခင်ကမှထွက်ရှိခဲ့တဲ့ Meizu M3 Note ဟာဆိုရင် M2 Note ရဲ့ အောင်မြင်မှုကို ဆက်လက်သယ်ဆောင်လာခဲ့ပြီဖြစ်ပါတယ်။ M3 Note ဟာ upgrade လုပ်ထားတဲ့ Phablet တစ်လုံးဖြစ်ပြီး ဈေးနှုန်းနဲ့ကြည့်လိုက်ရင် အလှပဆုံးဖုန်းတစ်လုံးဆိုတာ လက်ခံနိုင်ပါတယ်။ အခြားစိတ်ဝင်စား စရာကောင်းတဲ့ feature တွေ အများစုပါဝင်နေပြီး M3 Note ရဲ့ Tool Box app ကနေ အသုံးဝင်တဲ့ သံလိုက် အိမ်မြှောင်၊ မှန်၊ ပေတံ စတာတွေ ဆောင်ရွက်နိုင်ပါတယ်။ Magnifier feature ပါ ထည့်သွင်းထားပြီး Fingerprint sensor ဟာ mTouch 2.1 ဖြစ်ပါတယ်။ Upgrade version ဖြစ်တာကြောင့် တုံ့ပြန်မှုတွေကို ခပ်မြန်မြန်လုပ်ဆောင်ပေးနိုင်ပါတယ်။ M3 Note မှာ ကြီးမားတဲ့ 4100mAh ဘက်ထရီကို တပ်ဆင်ပေးထားပြီး အားအပြည့်သွင်းချင်ရင် အချိန် ၃ နာရီပေးရင် လုံလောက်ပါတယ်။

Design & Build

Display အတွက် IPS LCD နည်းပညာအစား LTPS display နည်းပညာကို M3 Note မှာ သုံးထားပါတယ်။ M3 Note ရဲ့ Display ကို 2.5D Curved glass နဲ့ ဖုံးအုပ်ပေးထားပြီး ရုပ်ထွက်အရည်အသွေးဟာ 1080×1920 pixels full HD ထိ မြှင့်တက်လာတာမို့ ချီးကျူးစရာကောင်းပါတယ်။ မျက်နှာပြင် ၅.၅ လက်မအရွယ်ရှိပြီး မြင်ကွင်းကောင်းအောင် ဘေးဘောင်တွေကို အလွန်ပါးလွှာနေအောင် ဖန်တီးပေးထားပါတယ်။

Display

Android OS 5.1 (Lollipop) ကို Meizu ရဲ့ Flyme OS 5.1 နဲ့ တွဲဖက်အသုံးပြုနိုင်ပြီး Flyme OS ကြောင့် gesture, wakeup feature, SmartTouch စတဲ့ app တွေ ပါဝင်နေပါလိမ့်မယ်။ M3 Note ကို ပေးဝယ်ရတဲ့ ဈေးနှုန်းနဲ့ ထိုက်တန်တဲ့ အကောင်းဆုံးကင်မရာလုပ်ဆောင်ချက်တွေ ရရှိနိုင်ပြီး အဓိကကင်မရာဟာ 13MP ဖြစ်ပါတယ်။ PDAF နည်းပညာအသုံးပြုထားပြီး ပုံရိပ်တွေ တိကျပြတ်သားစေပါတယ်။ Full HD ဗီဒီယိုရိုက်ကူး နိုင်ပြီး ရှေ့ဘက်မှာ 5MP ကင်မရာကို တွေ့နိုင်ပါတယ်။

Operating System and Camera

စွမ်းဆောင်ရည်အတွက် Meizu ဟာ mid-range ဖုန်းအမျိုးအစားတွေရဲ့  နောက်ဆုံးပေါ် Mediatek MT6755 Helio P10 chip ကို အသုံးပြုထားပြီး Octa-core processor နဲ့ အလုပ်လုပ်ပေးမှာဖြစ်ပါတယ်။ RAM ပမာဏ 2GB ရှိပြီး ဂရပ်ဖစ်ဆိုရင် Mali-T860 MP2 ကို ထည့်သွင်းထားပါတယ်။ ဖုန်းတွင်းသိုလှောင်မှုပမာဏ 16GB ပါဝင်ပြီး micro SD နဲ့ 128GB အထိ မြှင့်တင်နိုင်ပါတယ်။

Performance

အလွန်လှပတဲ့ အလူမီနီယမ်သတ္တုစပ်ကိုယ်ထည်နဲ့ တည်ဆောက်ပေးထားတဲ့ Meizu M3 Note ဒီဇိုင်းကို အဆင့်မြင့်နည်းပညာတွေသုံးကာ ဖန်တီးပေးခဲ့ပြီး အရင်ဖုန်းတွေနဲ့တူညီတဲ့ ဒီဇိုင်းမျိုးဖြစ်ပေမယ့် အရည်အသွေး ကတော့ ပိုကောင်းလာပါတယ်။ ကျောဘက်ဒီဇိုင်းကိုလည်း ရိုးရှင်းသပ်ရပ်နေအောင် ဖွဲ့စည်းပြင်ဆင်ပေးခဲ့ပြီး သတ္တုဒီဇိုင်းဖြစ်တာကြောင့် လက်ထဲမှာ ခံ့ခံ့ညားညားနဲ့ကိုင်သုံးနိုင်ပါတယ်။ အရွယ်အစားနဲ့ လိုက်ဖက်အောင် လည်း ဒီဇိုင်းကိုဖန်တီးပေးခဲ့တာမို့ လက်တစ်ဖက်တည်းနဲ့ အဆင်ပြေပြေသုံးနိုင်ပါတယ်။ ဒီဇိုင်းကို အသေးစိတ် ပြောပြရရင် M3 Note မှာ sensors, earpiece, ကင်မရာတို့နဲ့ဖွဲ့စည်းထားပါတယ်။ ရှေ့မျက်နှာပြင်မှာတွေ့ရတဲ့ Home ခလုတ်ဟာ Fingerprint ဆောင်ရွက်တဲ့အခါ အသုံးဝင်ပါတယ်။ ကျောဘက်ကင်မရာရဲ့အောက်နားမှာ dual LED flash ကို ထည့်သွင်းထားပြီး flash ရဲ့ အောက်မှာ Meizu တံဆိပ်ကို သပ်သပ်ရပ်ရပ်ထည့်သွင်း ထားပါတယ်။ Power ခလုတ်နဲ့ volume ခလုတ်တို့ကို ဖုန်းရဲ့ညာဘက်ဘေးမှာ တပ်ဆင်ပေးထားပြီး အောက်ခြေမှာ dual grill ကို တွေ့နိုင်ပါတယ်။ M3 Note ကို တောင့်တင်းခိုင်မာအောင် သတ္တုနဲ့တည် ဆောက်ပေးထားတာဖြစ်တာကြောင့် အကောင်းဆုံးဒီဇိုင်းကိုလည်း ပိုင်ဆိုင်ထားပါတယ်။

Specification

 Display :   5.5 inches, LTPS IPS LCD capacitive touchscreen 

Memory :   16/32 GB, 2/3 GB RAM, microSD, upto 128GB 

Camera :   13 Megapixel, phase detection autofocus      dual-LED (dual tone) flash, Geo-tagging 

OS :   Android OS, v5.1 (Lollipop) 

Phone :   01-398436 (UNiQUE)

Price :   175,000/-



Credit-Netguide Journal



ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246