မြန်မာလို ရေးသားထားသော နည်းပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ယခု စာမျက်နှာလေးအား ရေးသားလိုက်ရခြင်း ဖြစ်ပါသည်။




Friday, July 15, 2016

Redmi Note 3 မှာ IMEI ပျောက်မှာ ကြောက်စရာမလိုပါ
**************************************************************
**************************************************************

Firmware မှားရေးလို့ပဲဖြစ်ဖြစ် အကြောင်းတစ်ခုခုကြောင့်ပဲဖြစ်ဖြစ် Redmi Note 3 တွေမှာ IMEI ပျောက်ခဲ့မယ်ဆိုရင် ဘာမှကြောက်စရာမလိုပါ။ ဘယ် Tool, ဘယ် Toolbox ကိုမှ မသုံးဘဲ ပြန်ပေါ်လာအောင်လုပ်လို့ရပါတယ်။ ဒါ့အပြင် Root ဖောက်ထားစရာမလိုတာကလည်း အားသာချက်လို့ ဆိုရပါမယ်။

လုပ်နည်းလေးကို လေ့လာကြည့်ပါစို့

၁။ ဖုန်းရဲ့ Dial Pad လေးကို ဖွင့်ပြီး *#*#3646633#*#* လို့ရိုက်ပါမယ်။ EnginnerMode ပေါ်လာတဲ့အခါ Connectivity Tab ကို သွားပါ။ အဲဒီကတစ်ဆင့် CDS Information ကို ၀င်ပါမယ်။ အဲဒီကမှတဆင့် Radio Information ကို ၀င်ပါ။

၂။ IMEI နှစ်ခုလုံးပျောက်နေမယ်ဆိုရင် အဆင့်နှစ်ဆင့် လုပ်ရပါမယ်။ တစ်ခုတည်း ပျောက်နေရင်တော့ တစ်ဆင့်တည်းပြီးတာပေါ့။

၃။ SIM 1 IMEI ကိုထည့်ဖို့ Phone 1 ကို နှိပ်ပါ။

၎။ Radio Information ဆိုတဲ့ Box ပေါ်လာတဲ့အခါမှာ AT+ ဆိုတဲ့နေရာမှာ အောက်မှာပြထားတဲ့ စာသားအတိုင်းရိုက်ထည့်ပေးရပါမယ်။

AT +EGMR= 1,7,"imei_no"

ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် AT +EGMR= 1,7,"869677024307352" ဆိုပြီးတော့ ရိုက်ရမှာဖြစ်ပါတယ်။ သတိပြုရမယ့်အချက်တစ်ခုကတော့ AT ပြီးရင် Space ခြားပေးရမှာဖြစ်ပြီးတော့ = ပြီးတဲ့အခါမှာလည်း Space တစ်ချက် ထပ်ခြားပေးရပါမယ်။ IMEI နံပါတ်ရေးတဲ့အခါမှာလည်း Double Quote " လေး ခံရေးပေးရပါမယ်။ ပြည့်စုံပြီဆိုရင်တော့ SEND AT COMMAND ဆိုတဲ့ ခလုတ်လေးကို နှိပ်ပေးလိုက်ရုံပဲဖြစ်ပါတယ်။

၅။ Info. AT Command is sent OK လို့ပေါ်လာရင်တော့ အဆင်ပြေသွားပြီ ဖြစ်ပါတယ်။

၆။ SIM နောက်တစ်ကတ်လည်း IMEI ပျောက်နေတယ်ဆိုရင်တော့ Back ခလုတ်နဲ့ ပြန်ထွက်ပြီးတော့ Phone 2 ကို ထပ်ရွေးပါမယ်။

၇။ Radio Information ဆိုတဲ့ Box ထပ်ပေါ်လာရင်တော့ အောက်က ပုံစံအတိုင်း ထပ်ရိုက်ပေးရပါမယ်။ လုံးဝလွဲလို့မရပါဘူး။

AT +EGMR= 1,10,"imei_no"

ဥပမာအနေနဲ့ ထပ်ပြောရရင်တော့ AT +EGMR= 1,10,"869677024307352" ပဲဖြစ်ပါတယ်။ Redmi Note 3 တွေမှာ SIM 1 နဲ့ SIM 2 က IMEI နံပါတ်တူတူပဲဖြစ်တတ်ပါတယ်။

ပြီးရင်တော့ SEND AT COMMAND ခလုတ်လေးကို ထပ်နှိပ်ပေးလိုက်ပါ။
Info. AT Command is sent OK ပေါ်လာရင် အဆင်ပြေပါပြီ။

၈။ နောက်ဆုံးအနေနဲ့ ဖုန်းကို Reboot လုပ်ပေးလိုက်ရုံပဲဖြစ်ပါတယ်။ ဖုန်းပြန် တက်လာတာနဲ့ IMEI နံပါတ် ပြန်ပေါ်လာတာကို တွေ့ရပါလိမ့်မယ်။

ဒီနည်းလမ်းဟာ IMEI ပျောက်တဲ့ ဖုန်းတွေကိုသာမကပဲ IMEI နံပါတ်ကို မကြိုက်လို့ ပြောင်းချင်တဲ့ ဖုန်းတွေမှာလည်း အသုံးပြုနိုင်တာကို တွေ့ရပါတယ်။

အရေးအကြီးဆုံး သတိပြုရမှာတစ်ခုကတော့ Redmi Note 3 တွေမှာ IMEI ပျောက်ပြီဆိုရင် Original IMEI ပြန်ရဖို့အတွက် ၀ယ်တဲ့အခါ တူတူပါလာတဲ့ စက္ကူဗူးလေးလိုပါတယ်။ ဖုန်းမှာ မပါတာကြောင့် ၀ယ်လာခဲ့တဲ့ စက္ကူဗူးလေးကို မလွှင့်ပစ်မိဖို့လိုပါတယ်။ တကယ်လို့ မရှိတော့ဘူးဆိုရင်တော့ တွေ့ကရာနံပါတ်သာ ကောက်ထည့်ကြပေတော့ဗျို့

မူရင်းဖတ်ချင်ရင်တော့ http://en.miui.com/thread-198578-1-1.html မှာ ဖတ်ရှုနိုင်ပါတယ်။

Credit-Telecom Technology Facebook Page



ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246