ကွန်ပျူတာအတွင်းရှိ data များ၏လုပ်ငန်းဆောာင်တာများအား အသေးစိတ်ကျွန်တော်အပိုင်းသုံးတွင်ရှင်းပြခဲ့ပြီးဖြစ်သည်။ကွန်ပျူတာ ဒေတာများသည် 0 1 ဖြင့်အလုပ်လုပ်ကြောင်းကိုကျွန်တော်ရှင်းပြခဲ့သည်။ထူးဆန်းအံ့သြဖွယ်ကောင်းသောအချက်မှာ ကျွန်တော်တို့ဘုရားရှင်သည် လောကတွင် ဖြစ်ခြင်း၊ပျက်ခြင်းနှစ်မျိုးရှိသည်ဟုဟောကြားခဲ့သည်ကိုကြားဖူးပေလိမ့်မည်။စဉ်းစားကြည့်ပါစို့...........ပျက်ခြင်းကို 0 ဟု သတ်မှတ်လျှင် ဖြစ်ခြင်းသည် 1 ဖြစ်ပေလိမ့်မည်။ထို ကြောင့်ကွန်ပျူတာထဲတွင်လည်း ဖြစ်ခြင်း၊ပျက်ခြင်းများတစ်လှည့်စီသွားလာလှုပ်ရှားနေသည်ကို ကြည့်တတ်မည်ဆိုပါက မြင်နိုင်ပေလိမ့်မည်။ကွန်ပျူတာ hardware အစိတ်အပိုင်းများကို အကြမ်းဖျဉ်းကြည့်မည်ဆိုပါကအောက်ပါအတိုင်းတွေ့ရမည်။
(၁) Monitor
(၂) Keyborard
(၃) Mouse
(၄) System Unit တို့ပါဝင်ပြီး System Unitထဲတွင် အောက်ပါအစိတ်အပိုင်းများဖြင့် ပေါင်းစပ်ထားပါသည်-
-Casing
-Motherboard
-Power supply
-Memory
-Hardisk
-Processor
-CD Rom
-C Mos Battery
-C Mos Clear
-Processor Cooler Fun
-Processor Cooler Fun Power Connector
တို့ပါဝင်ပါသည်။(မှတ်ချက် ။ အခြားအစိတ်အပိုင်းများပါဝင်သော်လည်း သိသင့်သိထိုက်သောအရာများကိုသာ ဖော်ပြခြင်းဖြစ်ပါသည်။ကျွန်တော့ဆောင်းပါသည် hardware သင်ခန်းစာမဟုတ်ပါ၊ကွန်ပျူတာအခြေခံသမားများအတွက် စတင်သင်ကြားသောဆောင်းပါးသာဖြစ်ပါသည်ဆရာတို့ခင်ဗျား။)တစ်ခုချင်းရှင်းပြရလျှင်
Casing - ဆိုသည်မှာ ကျွန်တော်တို့မြင်တွေ့နေရသော System Unti ၏ အပေါ်ယံအခွံကြီးကိုခေါ်ပါသည်။၎င်းသည် သတ္တုကိုယ်ထည်ဖြင့်တည်ဆောက်ထားပြီး အထဲရှိစက်ပစ္စည်းအစိတ်အပိုင်များ ထိခိုက်မှုအန္တရာယ်မှကာကွယ်ပေးရန်အတွက် တာဝန်ယူထားသောအရာဖြစ်ပါသည်။
Power Supply - ကွန်ပျူတာရဲ့ အမေ့ခံအဖြစ်တင်စားခေါ်ဝေါ်ကြသည်။အမှန်တစ်ကယ်တွင်မူ ကွန်ပျူတခလုပ်ကိုစတင်ဖွင့်ဖွင့်ချင်းအလုပ်လုပ်သော ပစ္စည်းဖြစ်သည်။ဆိုပါစို့ ကျွန်တော်တို့လူတစ်ယောက်တွင် သက်ဆိုင်ရာအစိတ်အပိုင်းများတွင် သူ့နေရာနှင့်သူလိုအပ်ချက်အာဟာရများရှိနေမည်ဖြစ်သည်။ဥပမာ မျက်စိအားကောင်းစေရန် ဗီတာမင် ဘီလိုအပ်သည်ဆိုပါစို့၊(ဥပမာနော်)ဗီတာမင်ဘီကို ကန်စွန်းရွက်မှရသည်ဆိုပါစို့။ကျွန်တော်တို့ကလည်း ကန်စွန်းရွက်ကို စားလိုက် တယ်။အစာအိမ်က ကန်စွန်းရွက်ကိုလက်ခံတယ်။ပြီးလဲပြီးရော ဟေ့မျက်စိရေမင်းလိုနေတဲ့ ဗီတာမင်ဘီ ဟောဒီကန်စွန်းရွက်ထဲမှာရှိတယ် မင်းယူလိုက်ဆိုပြီး အစည်း လိုက်ပေးတာမဟုတ်ပါဘူး။လိုအပ်တဲ့အာဟာရတွေထုတ်ယူပါတယ်။အစာအိမ်ကနေ၊ပြီးတော့မှ သူ့ဌာနနဲ့သူ လိုအပ်တာကိုလိုက်ပို့ပေးပြီးမလိုအပ်တဲ့စွန့်ပစ်ပစ္စည်း တွေကိုမှ လူတွေရဲ့output device တွေကနေထုတ်ပေးလိုက်တာဟုတ်တယ်ဟုတ်။အဲဒီလိုပါပဲ power supply ရဲ့လုပ်ငန်းဆောင်တာတွေကလည်း ပြင်ပကနေကြိုက်တဲ့ voltage နဲ့ လျှပ်စစ်မီးလာလာ powrsupply ဆီကိုရောက်ရင် သူကလက်ခံပြီးတော့မှ ကွန်ပျူတာအသုံးပြုဖို့အတွက် လိုအပ်တဲ့ဓါတ်အားပမာဏကို စစ်ထုတ်ပေးပါတယ်။ပြီးတော့မှသက်ဆိုင်ရာဌာနများဆီသို့အလုပ်လုပ်ရန်ပို့ဆောင်ပေးတာဖြစ်ပါတယ်။
CD Rom - ဘာမှထွေထွေထူးထူးမရှိပါဘူး။အိမ်က VCD စက်တွေလိုပါပဲ။သူ့မှာပိုလာတာက အခွေကူးလို့ရတယ်ဒါပါပဲ။
C Mos Battery - နဲနဲထူးခြားပါတယ်။ဘာလို့လဲဆိုတော့ လူတွေက ညကျရင်အိပ်စက်ပါတယ်။သေသွားတာမဟုတ်ပါဘူး။ဘာလို့လဲဆိုတော့သေသွားတဲ့လူက ပြန်မထနိုင်တော့ပါဘူး။အိပ်သွားတဲ့လူကပြန်နိုးလာရင်အတိတ်ကအကြောင်းအရာတွေကိုမှတ်မိပါတယ်။အဲဒီလိုပါပဲ ကွန်ပျူတာကိုပိတ်လိုက်တာ ပျက်သွားတာမဟုတ်ပါဘူး။အိပ်သွားတာပါ။ပြန်ဖွင့်လိုက်ရင် ကျွန်တော်တို့အလုပ်လုပ်ထားတဲ့ ဒေတာတွေအကုန်ပြန်ဖော်နိုင်ပါတယ်။အဲဒီလိုလူတွေအိပ်နေတုန်းမှာ အသက်ရှူကြသလိုပါပဲ။ကွန်ပျူတာတွေကိုပိတ်လိုက်ရင်လဲ ဒေတာတွေကို ထိန်းသိမ်းဖို့အတွက် ဓါတ်အားတွေလိုအပ်ပါတယ်။အဲဒီလိုအပ်တဲ့ဓါတ်အားတွေကို C Mos Battery ကနေထုတ်လွှတ်ပေးပါတယ်။တစ်ခြားလျှောက်မကြည့်ပါနဲ့။နာရီဓါတ်ခဲပုံစံလေးနဲ့ဆင်ပါတယ်။တစ်ခါတစ်ရန်မှာ ကျွန်တော်တို့ကွန်ပျူတာတွေခလုပ်ဖွင့်လိုက်ရင်မတက်ပါဘူး။F1 နှိပ်ခိုင်းပါတယ်။အဲဒါ C mos Battery အားနည်းလို့ပါ။
C Mos Clear - နာမည်ကိုဖတ်ကြည့်ရုံနဲ့ရှင်းနေပါပြီ။ ခုဏက battery လေးကို ကူညီထောက်ပံ့ပေးတဲ့ကောင်ပါ။
Processor Cooler Fun - Processor အေးနေအောင်၊့heat မတက်အောင် အအေးပေးတဲ့ပန်ကာဖြစ်ပါတယ်။
Processor Cooler Fun Power Connector - ပန်ကာလည်ရန်အတွက် ဓါတ်အားထုတ်လွှတ်ပေးတဲ့ ထရန်စဖော်မာလေးကိုပြောတာပါ။Powersupply မှ တိုက်ရိုက်ဝင်လာတဲ့မီးတွေကို ဒီကောင်လေးကနေတစ်ဆင့် ပန်ကာလည်ဖို့အတွက် ဓါတ်အားတွေကို ဒီနေရာလေးကနေတစ်ဆင့်ခံပြီးထုတ်လွှတ်ပေးပါတယ်။အလုပ်နဲနဲရှိလို့အပိုင်း ၅ နောက်မှတင်မယ်ဗျာနော်
ပို့စ်ရေးသူ - အမုန်းရိပ်
်

10:20 PM
in 