0,1---------------- 1 bit
8 bit-------------- 1 byte
1024 byte -------------2 kb(kilobyte)
1024 kb -------------- 1 Mb(Megabyte)
1024 Mb ------------ 1 Gb(Giga byte)(ယနေ့ကျွန်တော်တို့ပြောနေသော 1 G/2 G(မြန်မာအသံ- ၀မ်းဂစ်/တူးဂစ် စသည်တို့ကိုခေါ်ခြင်းဖြစ်သည်။)
1024 GB ---------------- 1 TB(Tiga Byte) တို့ဖြစ်ကြသည်။
ယနေ့ကျွန်တော်တို့အသုံးပြုနေသော Memory stick,External Haradisk နှင့် ဖုန်းများမှ Memory Card များသည် Hardisk နွယ်ဝင်များဖြစ်ကြပါသည်။ Memory Card မှာ Hardisk အနွယ်ဖြစ်ပြီး Memory တပ်ခေါ်သော်လည်း Memory ကဲ့သို့အလုပ်လုပ်ခြင်းမရှိပဲ Hardisk ကဲ့သို့ သိုလှောင်သိမ်းဆည်းခြင်းကိုသာလုပ်ပေး ခြင်းဖြစ်သည်။ ကျွန်တော်တို့ ၀ယ်ယူလိုက်သော Hardisk , Memory Card, Memory Stick စသည်တို့ကို ဆိုင်မှ ၀ယ်ယူလိုက်သည်ဆိုပါစို့။ကျွန်တော်တို့ ၀ယ်ယူ လိုက်သော Memory Stick သည် 8 G သို့မဟုတ် 16 G ဖြစ်တယ်ဆိုပါစို့။ကွန်ပျူတာဖြင့် ထိုးကြည့်လိုက်ပါက 8 G သည် 8 G ဟုအမှန်မပြပဲ 7 G ကျော်ကျော်ကို ပြနေပါမည်။ဘာကြောင့်ပါနည်း။ စဉ်းစားကြည့်ပါ။ Company မှ အလေးခိုးထားခြင်းလား သို့မဟုတ် လမ်းမှာထွက်ကျခဲ့ခြင်းလား သို့မဟုတ် ဆိုင်ကလူလည်ကျ ခြင်းလား၊စဉ်းစားကြည့်ရအောင်၊အထက်ပါဖော်ပြချက်များသည် တစ်ခုမှမဟုတ်ပါ။အတိုင်းအတာ ပမာဏလွဲမှားခြင်းတို့ကြောင့်ဖြစ်သည်။ နိုင်ငံတကာ စံသတ်မှတ် ချက်အတိုင်းအတာသည် 1024 ပြည့်တိုင်းပြည့်တိုင်း အတိုင်းအတာတစ်ခုပြောင်းသွားသည်ကို အထက်မှာဖော်ပြခဲ့သည်။ ၄င်းမှာနိုင်ငံတကာအတိုင်းအတာ ဖြစ် သည်။သို့သော်ဂျပန်အတိုင်းအတာမှာမူ ထိုသို့မဟုတ်ပေ။ 1024 အစား 1000 ဟု ပြောင်းလဲသတ်မှတ်ထားသဖြင့် 1000 ပြည့်တိုင်းပြည့်တိုင်း အတိုင်းအတာတစ်ခု ပြောင်းသွားသည်။ထိုကြောင့် ကျွန်တော်တို့ဝယ်လိုက်သော Memory stick များသည် ကွန်ပျူတာအတွင်း အတိုင်းအတာလျော့နည်းနေခြင်းဖြစ်သည်။
Memory - Memory ကိုအလွယ်ကူဆုံး ဘာသာပြန်ပါက မှတ်ဥာဏ်ဟု ယေဘူယျမှတ်ယူနိုင်သည်။အပိုင်း(၂)နှင့်(၃)တို့တွင် ကွန်ပျူတာသည် လူတို့ပုံ စံတုပဖန်တီးထားခြင်းဖြစ်သည်ဟု ကျွန်တော်စကားလမ်းကြောင်းပျိုးခဲ့ပါသည်။ လူတို့၏မှတ်ဥာဏ်ကိုတုပထားသော ဥာဏ်ကိုကွန်ပျူတာတွင် ထည့်သွင်းထားသည်။ ၄င်းကို Artifical Intelligence ဟုခေါ်သည်။အသိဥာဏ်တုဟုအဓိပါယ်ရသည်။လူသားတို့သည် အသိဥာဏ်စွမ်းအား မြင့်မားကြသည်။ အသိဥာဏ်၏သဘောသည် အရာရာကို ဝေဖန်ပိုင်းခြားပြီး အမှားအမှန်ကို စဉ်းစားချင့်ချိန်နိုင်စွမ်းရှိသည်။ဘယ်ဟာမှားတယ်၊ဘယ်ဟာမှန်တယ်ဟု ဝေဖန်ပိုင်းခြားနိုင်သည်။ တီထွင်ဖန်တီးနိုင်စွမ်း ရှိသည်။ကွန်ပျူတာ၏ အသိဥာဏ်တုမှာ ကြက်တူရွေးနှင့်တူသည်။ကြက်တူရွေးသည် လူစကားပြောတတ်၏။သို့သော် သင်ထားသမျှကိုသာ ကျွမ်းကျင်စွာပြောဆိုတတ်သည်။ဒီထက်ပိုပြီး ပြောဆိုနိုင်ခြင်းမရှိချေ။Artifical Intelligence ၏သဘောတရား၏ ထိုနည်းနှင်နှင်ပင်ဖြစ်သည်။ကမ္ဘာပေါ်ရှိ ထူးချွန်ထက်မြက်သော ရူပဗေဒပညာရှင်၊သင်္ချာပညာရှင်၊ဓါတုဗေဒပညာရှင် စသည့် သက်ဆိုင်ရာနယ်ပယ်အသီးသီးမှ ထူးချွန်ထင်ရှားသော ပညာရှင်တို့၏ လေ့လာ တွေ့ရှိချက်များကို စုစည်းထားခြင်းဖြစ်သည်။လူတို့တွင် ဥာဏ်နှစ်မျိုးရှိသည်။သိစိတ်နှင့် မသိစိတ်ဟူပြီးဖြစ်သည်။ထို့အတူ ကွန်ပျူတာတွင်လည်း ဥာဏ်နှစ်မျိုးရှိသည်။ သိစိတ်နှင့်မသိစိတ်ဖြစ်သည်။ဥပမာဆိုကြပါစို့-----လွန်ခဲ့သောငါးရက်ခန့်က ထမင်းဘာနဲ့စားသလဲဟုမေးလျှင် လူတော်တော်များများဖြေနိုင်ရန်လွယ်ကူမည်မဟုတ်ပေ။သို့သော် မိမိတို့ဘ၀အမှတ်တရအဖြစ်အပျက်များကို နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် မှတ်မိနေကြသည်။၎င်းမှာ သိစိတ်နှင့်မသိစိတ်တို့၏သဘောဖြစ်သည်။ ထမင်းဘာနဲ့စားသလဲ မဖြေနိုင်သည်မှာ သိစိတ်ထဲတွင် မှတ်ထားသောကြောင့်ဖြစ်သည်။ နှစ်ပေါင်းများစွာမှ အကြောင်းအရာများကို မှတ်မိသည်မှာ မသိစိတ်ထဲတွင် မှတ်ထားသောကြောင့်ဖြစ်သည်။ သိစိတ်ထဲမှအကြောင်းအရာများသည် အချိန်တန်လျှင် ပျက်ပြယ်သွာကြသည်။မသိစိတ်ထဲမှအကြောင်းအရာများကတော့ မည်မျှပင်ကြာကြာ မှတ်မိနေကြသည်ချည်းသာဖြစ်သည်။ထို့အတူ ကွန်ပျူတာတွင်လည်း Memory ကိုအပိုင်းနှစ်ပိုင်းခွဲခြားထားသည်။ သိစိတ်နှင့် မသိစိတ်ဟုယေဘူယျ သတ်မှတ်နိုင်သည်။RAM နှင့် ROM တို့ဖြစ်ကြသည်။ RAM ကို သိစိတ်နှင့်ခိုင်းနှိုင်းပြီး ROM ကို မသိစိတ်နှင့်ခိုင်းနှိုင်းထားသည်။RAM ၏အရှည်ကောက်မှာ Randon Accress Memory ဖြစ်ပြီး ROM ရဲ့အရှည်ကောက်မှာ Read Only Memory ဟုခေါ်သည်။ ကျွန်တော်တို့ ကွန်ပျူတာပေါ်တွင် လုပ်သမျှ လုပ်ဆောင်ချက်အားလုံးတို့သည် RAM လို့ခေါ်သော သိစိတ်ပေါ်တွင်သာ မှတ်သားထားသည်။ တစ်ကယ်လို့ လုပ်ဆောင်ချက်တစ်ခု ပြီးဆုံးပါက မိမိတို့ဖွင့်ထားသော Program ကိုပိတ်ရပါသည်။ထိုသို့မပိတ်မီ ကွန်ပျူတာသည် မေးခွန်းသုံးခွန်းပေးသည်။ ဒီပရိုဂရမ်ကိုလုပ် ဆောင်ချက်ကို (၁)သင် သိမ်းမှာလား(၂)မသိမ်းဘူးလား(၃)ပိုနေမြဲကျားနေမြဲလား ဆိုပြီးမေးသည်။အမှတ်(၂)NO ဟုရွေးလိုက်ပါက ရှင်းစရာမလို ဇာတ်လမ်းပြတ်ပြီ။ RAM သည် သင့်လုပ်ဆောင်ချက် Promgram ကိုသိမ်းဆည်းမည်မဟုတ်၊ သင်နောက်တစ်ဖန်ကွန်ပျူတာ ပြန်ဖွင့်ပြီးပြန်ရှာလျှင်လည်း ရှာလို့တွေ့နိုင်မည်မဟုတ်။ မည်သည့်အခါမျှလည်း သင့်လုပ်ဆောင်ချက်များပြန်တွေ့ရမည်မဟုတ် အဘယ်ကြောင့်ဆိုသော် RAM သည် သင် ဖိုင်များအားမသိမ်းဆည်းဘူးဟု ပြောသဖြင့် ဖြတ်ချပစ်လိုက်ခြင်းပင်ဖြစ်သည်။အမှတ်(၁)Save ကိုနှိပ်ပြီး ဖိုင်များကိုသိမ်းဆည်းမည်ဆိုပါက လုပ်ဆောင်ချက်က ၄င်းနေရာတွင်စတင်သည်။ RAM သည် ၄င်းဖိုင် များအားSave လုပ်ရန် တစ်နည်းအားဖြင့် Hardisk ထဲတွင် သိမ်းဆည်းရန်အတွက် ROM ကို အချက်ပေးပါသည်။``ဟေ့ကောင် ROM ငါ့အပေါ်မှာရှိတဲ့ File ကို User က သိမ်းမလို့ မင်းတာဝန်ဖြစ်လာပြီ၊လာလုပ်လှည့်´´ဟု ဆိုသည်။ထိုအခါ ROM သည် RAM ပေါ်ရှိ အချက်အလက်၊Data များအား မိမိတို့ သိမ်းဆည်းရန် ပေး ထားသောလိပ်စာအတိုင်း သယ်ဆောင်ပြီး Hardisk ရှိရာသို့ သယ်ဆောင်သွားလေသည်။ထိုသို့ DATA များကို သိမ်းဆည်းထားရန်အတွက် သယ်ဆောင်သွားသော အလုပ်ကို ROM ကတာဝန်ယူလေသည်။
Processor - ROM သည် DATA များအား မိမိတို့ပေးထားသောလိပ်စာအတိုင်း သယ်ဆောင်သွားလေသည်။ ထိုသို့သယ်ဆောင်သွားသော လမ်းကြောင်းကို Processor လမ်းကြောင်းဟုခေါ်သည်။ Processor လမ်းကြောင်းကောင်းလျှင် သယ်ဆောင်ရလွယ်ကူပြီး Processor လမ်းကြောင်းမကောင်းလျှင် သယ်ဆောင်ရမလွယ်ကူပါ။ကျွန်တော်တို့ ကွန်ပျူတာသုံးနေစဉ် တစ်ခါတစ်ရန် လုပ်ဆောင်ချက်တစ်ခုမှတစ်ခုသို့အပြောင်း၊ သို့မဟုတ် Save လုပ်လိုက်လျှင် ခေတ္တခဏ ကွန်ပျူတာရပ်ဆိုင်းသွားတတ်သည်။ထိုသို့ဖြစ်ရသည်မှာ ကွန်ပျူတာ၏ Processor ကြောင့်ဖြစ်သည်။လမ်းတစ်လမ်းတွင် လမ်း၏အရှည်ရှိသလို၊လမ်း၏ အကျယ်လည်းရှိသည်။ ထိုသို့ Data များကိုသယ်ဆောင်သွားသော လမ်းကြောင်းကို Processor ဟုခေါ်လျှင် ၄င်းလမ်းကြောင်း၏အကျယ်ကို Bandwidth ဟုခေါ်ကြောင်း တင်ပြရင်း အခြေခံကွန်ပျူတာအကြောင်း သိကောင်းစရာအပိုင်း(၅)နားခွင့်ပြုပါခင်ဗျား.......................
========================================================================================
ကျွန်တော်ဖုန်းတွေကို တော်တော်အမြင်ကပ်ပါတယ်။ ဖုန်းတွေပေါ်လာလို့ ကျွန်တော်အရမ်းချစ်ရတဲ့ ကွန်ပျူတာတွေ မှေးမှိန်ပျောက်ကွယ်သွားတာ စိတ်မကောင်းစ ရာပါပဲ။လူတွေဟာ တစ်ချိန်က Virus ဘယ်လိုရေးကြလဲ Program တစ်ခုဘယ်လို အလုပ်လုပ်ဆောင်သလဲဆိုတာကိုတာကို လေ့လာလိုက်စားကြသည်။ ယခုတော့ ထိုသို့မဟုတ် ဖုန်းများပေါ်လာသောအခါ Viber ကိုဘယ်လိုအသုံးပြုရမလဲ၊Facebook ကိုဘယ်လိုသုံးရမလဲဆိုတာသာ လူတွေစိတ်ဝင်စားတော့သည်။Facebook တစ်ခုကို Hack လိုလျှင်အင်မတန်လွယ်ကူပါသည်။ဘာ Language မှသုံးစရာမလိုပါ။သူ့အားနည်းချက်ကို ကိုယ်ကစနစ်တကျအသုံးချတတ်ဖို့သာလိုသည်။ အမှန်တ ကယ် အပြင်မှာလုပ်ကိုင်စားသောက်လို့ရသော ပညာများသည် ၄င်းပညာများမဟုတ်ပါ။နည်းပညာချစ်သူများ သတိရှိစေလိုပါသည်။ ကျွန်တော်တို့နည်းပညာသမား များအတွက် အဓိကပြသနာမှာအချိန်ဖြစ်သည်။ထိုသို့ရှားပါးလှသောအချိန်များကို ဝေလေလေပညာများဖြင့် အကုန်မခံပါနှင့်။သင် Facebook အကောင့် Hack တတ် လို့လည်း သင့်ကို သူရဲကောင်းလို့မည်သူမျှ သတ်မှတ်မည်မဟုတ်သလို နည်းပညာပါရဂူကြီးဟုလည်း မည်သူမျှအသိအမှတ်မပြုပါ။ ဝေလေလေပညာများပေါ်တွင် ပျော်မွေ့နေခြင်းများကို ရပ်တန့်ပါရန် တိုက်တွန်းအပ်ပါသည်။ အပိုင်း(၆)ကို ဆက်ရေးသင့်မရေးသင့် တစ်ခုခုပေါ့၊ဖတ်ရတာရှည်လို့ မျက်လုံးညောင်းသွားရင် ခွင့်လွှတ်ပါဗျာ။
လေးစားစွာဖြင့်
ပို့စ်ရေးသူ - အမုန်းရိပ်
်
10:27 PM
in 