မြန်မာလို ရေးသားထားသော နည်းပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ယခု စာမျက်နှာလေးအား ရေးသားလိုက်ရခြင်း ဖြစ်ပါသည်။




Wednesday, February 17, 2016

ကွန်ပျူတာ hardware တွင်အဓိကအားဖြင့် နှစ်မျိုးသာပိုင်းခြားထားသည်။၎င်းနှစ်မျိုးအား data များဖြင့် ပိုင်းခြားထားသည်။အပိုင်း(၂)
တွင်ရှင်းပြပြီးသကဲ့သို့ data များ၏ အ၀င်အထွက်ကိုမူတည်ပြီး  ပိုင်းခြားထားသည်။ကွန်ပျူတာအတွင်းသို့ data များသွင်းပေးသော  စက်ပစ္စည်းအစိတ်အပိုင်းများကို
input device ဟုခေါ်ပြီး  ကွန်ပျူတာအတွင်းမှ data များကိုထုတ်လွှတ်ပေးသော  စက်ပစ္စည်းအစိတ်အပိုင်းများကို output device ဟုခေါ်သည်။၎င်း input/output
device များသည် သီးခြားအလုပ်လုပ်သော device များရှိသကဲ့သို့ ဟိုမရောက်သည်မရောက် device များလည်းရှိပါသည်။input device များမှာ
mouse,keyboard,scanner စသည်တို့ဖြစ်ကြပြီး output device များမှာ  monitor,printer စသည်တို့များဖြစ်ကြသည်။ အလုပ်နှစ်ခုစလုံးလုပ်သော I/O  device
များမှာ memory stick,cd drive တို့ဖြစ်ကြသည်။
hardware အကြောင်းအသေးစိတ်မရှင်းလင်းခင် data များကွန်ပျူတာအတွင်းအလုပ်လုပ်ပုံအကြောင်းကိုအကြမ်းဖျဉ်းရှင်းပြလိုပါသည်။ ကွန်ပျူတာများ
သည်ကျွန်တော်တို့အမြင်အားဖြင့် အင်မတန်လုပ်အားနှုန်းကောင်းမွန်သော  အမျိုးအစားဖြစ်သကဲ့သို့ အရာရာကိုတတ်သိနားလည်သော အင်တာနက်ဆိုသည့် အရာ
ကြီးကိုပါပိုင်ဆိုင်ထားသဖြင့် အထင်ကြီးစရာအင်မတန်ကောင်းလွန်းလှသည်။မှန်ပါသည်။လောကကြီးတွင် မသိနားမလည်သူများအဖို့အရာရာသည် အသစ်အဆန်း
ချည်းဖြစ်သော်လည်း သိသွားသူများအဖို့မူ အရာရာသည်အဆန်းတကြယ်မဟုတ်တော့ချေ။သန်းပေါင်းများစွာသောအချက်အလက်တို့၊အင်မတန်တိကျကောင်းမွန်
သော သမိုင်းကြောင်းဆိုင်ရာများ၊လူပုဂ္ဂိုလ်တို့၏  အတ္တုပတ္တိများ၊သိပံဆိုင်ရာအချက်အလက်များအပြင်  ကျွန်တော်တို့လက်လှမ်းမမီနိုင်သောနယ်ပယ်မှအချက်အလက်
သန်းပေါင်းများစွာတို့၏ သိုမှီးရာအင်တာနက်နှင့်ကွန်ပျူတာတို့သည် data  များဖြင့်သိုမှီးသည်။၎င်းdata များသည် ကွန်ပျူတာအတွင်းတွင် 0 . 1
သော်လည်းကောင်း၊ 1 . 0 သော်လည်းကောင်း ပုံစံဖြင့်အလုပ်လုပ်သည်။  ကျွန်တော်တို့ဆယ်တန်းတွင်သင်ခဲ့ရဘူးသော binomial ဆိုသည့်သဘောတရား အတိုင်း
သွားသည်။ ဘိုင်နိုမီရယ်ဆိုသည်မှာ မြန်မာလိုဘာသာပြန်ပါက  ဒွိနာမကိန်းများကိုခေါ်သည်။နှစ်နှင့်စားသောကိန်းများကိုဆိုလိုသည်။ ဥပမာ  ကွန်ပျူတာကီးဘုတ်တွင်
ကျွန်တော်တို့က 15 ဟုရိုက်လိုက်ပါက  ကျွန်တော်တို့က မော်နီတာတွင် 15 ဟုမြင်ရမည်။ကီးဘုတ်နှင့်မော်နီတာ  မမြင်ရသည့်ဆက်ကြားတွင် data များ၏အလုပ်လုပ်
သွားပုံကိုမည်သူမျှ  သိနိုင်မည်မဟုတ်ပေ။မသိနိုင်မည့်အတူတူကျွန်တော်ရွှီးပြရမည်ဆိုပါက ဥပမာ 15  ရိုက်မည်ဆိုပါစို့ ၄င်း 15 ကိုကွန်ပျူတာတွင် အလုပ်လုပ်ပုံမှာ
နှစ်နှင့်စားသွားသည်။ ၄င်းပုံစံဖြစ်သည်။ 15 / 2 = 7 အကြွင်း 1၊အဖြေ 7 / 2 =  3 အကြွင်း 1၊ အဖြေ 3 / 2 = 1 ၊ အကြွင်း=1 အဖြေ 1 / 2 =0 အကြွင်း 1  တို့ဖြစ်ပြီး
အကြွင်းများကို အစဉ်အတိုင်းချရေးပါက 0 . 1 . 1 . 1 . 1  ရမည်ဖြစ်သည်။ကွန်ပျူတာအတွင် ၄င်း တစ် 4 နှင့် သုညသည် အစဉ်အတိုင်းအလုပ်လုပ်  သွားခြင်းဖြစ်
သည်။ ကွန်ပျူတာ system ပိုင်းတွင် language  လေးခုရှိသည်။၎င်းတို့မှာ (၁) binary (၂) orcha (၃) decimal နှင့် (4) hanza  decimal တို့ဖြစ်ကြသည်။
binary တွင် ------- 1 နှင့် 0 သာပါသည်။
orcha တွင်မူ ------- 0,1,2,3,4 တို့ပါဝင်သည်။
decimal တွင်-------0,1,2,3,4,5,6,7,8,9 တို့ပါဝင်သည်။
hanza decimal တွင် 0,1,2,3,4,5,6,7,8,9,a,b,c,d,e,f တို့ပါဝင်သည်။
  မြန်မာစကားတွင် သတင်းနှင့်အချက်အလက်ကို  တစ်ပေါင်းတစ်စည်းတည်းဘာသာပြန်ထားသည်ကိုတွေ့ရသည်။ကွန်ပျူတာတွင်မူ data နှင့်  information ဟူပြီး
နှစ်မျိုးရှိသည်။ကွာခြားချက်မှာ အခြေခံအားဖြင့်  စာလုံးပေါင်းခြင်းကွာခြားပါသည်း(ဟီးနောက်တာ)ကွာခြားချက်မှာ  ဥပမာဆိုကြပါစို့ 1 + 2 = 3 ရမည်ဖြစ်သည်။ 1
နှင့် 2 တို့သည်  စုစည်းထားသော data များဖြစ်ကြသည်။အဖြေ 3 ကိုမူ information ဟုခေါ်သည်။၎င်း 3  ရရန်အတွက် အလုပ်လုပ်သော + ကိုမူ processing လုပ်သည်ဟုခေါ်သည်။ကွန်ပျူတာတွင်  အချက်အလက်(information)များထွက်လာစေရန် လုပ်ဆောင်ချက်(action)မှန်သမျှကို  processing လုပ်သည်ဟုခေါ်သည်။ တော်ပြီဗျာ  ပျင်းလာပြီနောက်တစ်ခန်းကျမှဆက်ဆွေးနွေးကြတော့မယ်ဘိုင်







ပို့စ်ရေးသူ - အမုန်းရိပ့်