Window 7 မှာ Start နှိပ်လို့ လိုချင်တာ ရိုက်ရှာဖို့ Search Box လေး မပေါ်သူများ
- အရင်ဆုံး Window + R ဖြင့် Run Box ခေါ်ပါ။
- Run Box မှာ optionalfeatures ဟု ရိုက် Enter ခေါက်ပါ ( သို့ ) OK နှိပ်ပါ။
- Windows Features Box လေး ပွင့်လာရင် Windows Search ဆိုတာလေးကို အမှန်ခြစ်ပေးပါ။ ပြီးရင် OK နှိပ်ပေးပါ။
- Restart တောင်းပါလိမ့်မယ်။ Restart now ကို နှိပ်ပေးပါ။
- ကွန်ပျူတာ စက်ပြန်ပွင့်လာရင် Search box လေး ပြန်ပေါ်ပါလိမ့်မယ်။
အဆင်ပြေပါစေ
ကျောက်ဆည်သားလေး