မြန်မာလို ရေးသားထားသော နည်းပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ယခု စာမျက်နှာလေးအား ရေးသားလိုက်ရခြင်း ဖြစ်ပါသည်။




Tuesday, November 21, 2017

Window Password လည်း မဟုတ်ဘူး၊ Window တတ်ခါနီး Startup Password ခတ်ထားသူများ အတွက် ပြန်ဖြုတ်နည်းလေးပါ။ Window Password  က နားလည်ပါက Password မေ့ရင် ပြန်ဖြုတ်ရပါတယ်။ အခုက Window Password မဟုတ်ပဲ Startup Password ခတ် လုံခြုံအောင် လုပ်ထားသူများ



-    အရင်ဆုံး   Window + R   ဖြင့်  Run Box ခေါ်ပါ။

-    Run Box  မှာ   syskey    ဟု ရိုက် Enter ခေါက် ( သို့ )   Ok  နှိပ်ပါ။



-    Securing the windows Account Database   ဆိုတဲ့  Box  လေးကျရင်   Update   ကို နှိပ်ပါ။



-    Startup Key  box လေးကျလာပါမယ်။  Startup Key box လေးထဲက   System Generated Password  မှာ အစက်ပေးပါ။



-    Windows Startup Password box လေး ကျပါမယ် Password  အဟောင်းပေးပါ။ ပြီးရင်  Ok  နှိပ်ပါ။



-    Success  Box ကျလာရင်  Ok နှိပ် ထွက်လိုက်ပါတော့။ 



-    ပြီးရင်  ကွန်ပျူတာကို   Restart   ချကြည့်ပါ။ ပြန်တတ်လာရင်   Startup Password  လေး ပြုတ်နေတာကို တွေ့ရပါမယ်။

********************************************

အရက်၊ ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ထိခိုက်စေပါသည်။

********************************************

အဆင်ပြေပါစေ
ကျောက်ဆည်သားလေး