ကွန်ပျူတာမှာ မိမိ Harddisk က 1TB ပေါ့။ Data က 700GB ပိုင်းထားတယ်ဆိုပါစို့။ 300GB နှစ်ပိုင်း ထပ်ခွဲမယ်။ Data ( D ) / Data ( E ) ပေါ့။ Partition အပိုင်းလေးတွေ ထပ်ပိုင်းရအောင်
- အရင်ဆုံး ကွန်ပျူတာ အပေါ် Right Click နှိပ်ပါ။ Manage ကို နှိပ်ပါ။
- Computer Management ဆိုတဲ့ Box လေးကျလာရင် Disk Management ကို နှိပ်ပါ။
- အဲဒီမှာ မိမိကွန်ပျူတာက Partition အခန်းလေးတွေ ပေါ်ပါမယ်။ မိမိ ထပ်ခွဲမယ့် Partition အခန်းအပေါ် Right Click နှိပ်ပါ။
- ပြီးရင် Shrink Volume ကို နှိပ်ပါ။
- Shrink Box လေး ကျလာရင် Enter the amount of space to shirnk in MB မှာ မိမိ စိတ်ကြိုက် MB ထည့်ပါ။ ( ဒီမှာ GB နဲ့ မပြပါဘူး။ 1024MB ဆို 1GB ပါ။ ) ပြီးရင် Shirnk ကို နှိပ်ပါ။
- Unallocated အပိုင်းလေး ကျပါမယ်။
- Unallocated အပိုင်းလေးပေါ် Right Click နှိပ်ပါ။ Simple ကို နှိပ်ပါ။
- Next ကို နှိပ်ပါ။
- Next ကို နှိပ်ပါ။
- New Simple Volume Wizard ဆိုတဲ့ Box လေးကျလာရင် Assign the following drive letter မှာ မိမိစိတ်ကြိုက် Letter ရွေးပါ။
- Format this volume with the following settings အောက်က Volume Label မှာ မိမိစိတ်ကြိုက် Partition နာမည်ပေးပါ။ ပြီးရင် Next ကို နှိပ်ပါ။
- Finish ကို နှိပ်ပါ။
- အားလုံးပြီးပါက Partition အပိုင်းသစ်လေး ရပါပြီ။
- ကွန်ပျူတာထဲဝင် Partition အပိုင်း ထပ်ခွဲပြီးသားပေါ်ပါလိမ့်မည်။
********************************************
အရက်၊ ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ထိခိုက်စေပါသည်။

အဆင်ပြေပါစေ
ကျောက်ဆည်သားလေး