မြန်မာလို ရေးသားထားသော နည်းပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ယခု စာမျက်နှာလေးအား ရေးသားလိုက်ရခြင်း ဖြစ်ပါသည်။




Sunday, July 2, 2017



Window ပြန်တင်တော့မယ် Window Partition အပိုင်း ဖျက်ရတော့မယ်။ အဲဒီမှာ ဘယ်အခန်းက Window အခန်းလဲ မသိသူများ အတွက်ပါ။ သိပြီးသူများကတော့ ကျော်သွားပါ။

Window အပိုင်းဖျက်တော့မယ်ဆိုရင် တစ်ချို့က  Window အခန်းဟု Partition အပိုင်းမှာ အမည်ပေးထားတယ်။ တစ်ချို့က  Partition 2 / Partition 3  ဟုပဲပြပါတယ်။ ကိုယ့်ကွန်ပျူတာဆို ပြဿနာမဟုတ်ဘူး။ သူများ ကွန်ပျူတာဆို  Data အခန်း မှားဖျက်မိမှ ပြဿနာ။

Window တင်နေတဲ့အခါ Window အခန်းဖျက် နဲ့ System Reserved  ဖျက်ရတယ်။ Window အခန်းမသိပါက    Shift + F10   နှိပ်ပြီး  Notepad  ခေါ်  File  ကနေ Save as  ကိုနှိပ်  Window အခန်းရှာ  Rename ပေးရာမှာ Window ဟုပြောင်းခဲ့ပါ။ ပြီးရင် ပြန်ထွက်၍  Refresh  လုပ်ပေးပါ။  Window အခန်းနာမည်ပြောင်းနေပါလိမ့်မယ်။

************************************************

အရက်၊ ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ထိခိုက်စေပါသည်။

************************************************

အဆင်ပြေပါစေ
ကျောက်ဆည်သားလေး