မြန်မာလို ရေးသားထားသော နည်းပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ယခု စာမျက်နှာလေးအား ရေးသားလိုက်ရခြင်း ဖြစ်ပါသည်။




Thursday, June 22, 2017

ကွန်ပျူတာမှာ ဆော့ဝဲလ်လေးတွေကို Shortcut  Key နဲ့ စတိုင်ကျကျ ဖွင့်ချင်လိမ့်မယ်။ My Computer ဖွင့်ချင်ရင် My Computer ကို Mouse နဲ့ သွားနှိပ် ဖွင့်ရတာ မမိုက်ဘူး။ My Computer ဖွင့်ချင်တော့   Window  +  E  နဲ့ ဖွင့်တယ်။ ဒီလိုပဲ ကိုယ်ကွန်ပျူတာထဲက တစ်ခြားဆော့ဝဲလ်လေးတွေကိုလည်း အဲလို  Shortcut Key  နဲ့ ဖွင့်မယ်။



- အရင်ဆုံး မိမိ  Shortcut Key  နဲ့ ဖွင့်ချင်တဲ့ ဆော့ဝဲလ်ကို  Right Click  နှိပ်ပါ။



- Properties  ကို နှိပ်ပါ။



- Box  တစ်ခုကျပါမယ်။



- အဲဒီမှာ  Shortcut Key  ဆိုတဲ့ အကွက်ထဲက  None  ဆိုတဲ့ အနောက်ကို  Mouse ဖြင့် တစ်ချက် ကလစ်ပါ။

- ပြီးရင်  Keyboard  မှ   Ctrl   ကို နှိပ်ပါ။



-  ခဏက  None ဆိုတာလေးက Ctrl + Alt +  ဆိုပြီး  ပေါ်ပါမယ်။

- Ctrl + Alt + နောက်က မိမိ ဖွင့်ချင်တဲ့   Shortcut Key  ထည့်ပါ။ (   ဥပမာ    -     Ctrl + Alt + Z    ပေါ့ ) ဒါဆို   Ctrl + Alt +  Z   ကို နှိပ်ရင် မိမိပြုလုပ်သော ဆော့ဝဲလ်လေး ပွင့်ပါမယ်။



- ပြီးရင်   Apply   ကို နှိပ်ပါ။



-   Ok  နှိပ်ပါ။

************************************************

အရက်၊ ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ထိခိုက်စေပါသည်။

************************************************

အဆင်ပြေပါစေ
ကျောက်ဆည်သားလေး