မြန်မာလို ရေးသားထားသော နည်းပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ယခု စာမျက်နှာလေးအား ရေးသားလိုက်ရခြင်း ဖြစ်ပါသည်။




Wednesday, May 10, 2017

Taskbar Location လေး အပေါ်၊ ဘယ်ညာ ပြောင်းဖို့ အောက်ခြေ Button လေး အရောင်မှိန်၍ ပြောင်းမရသူများအတွက် ဖြေရှင်းနည်းလေးပါ။ Taskbar ကို  Lock the taskbar အမှန်ခြစ် ဖြုတ်ထားပါက Drag ဆွဲ ရွှေ့ရပါတယ်။ အခုက Drag မဆွဲပဲ Taskbar Location ကနေ  Button , Left , Right , Top ကြိုက်ရာ ပြောင်းဖို့ပါ။



-  အရင်ဆုံး   Run Box  ခေါ်ပါ။ (  Window + R )



-   Run Box မှာ   gpedit.msc  ရိုက် Enter ခေါက်ပါ။



-   Box တစ်ခု ကျပါမယ် အဲဒီမှာ   Administrative  Templates ကို နှစ်ချက် နှိပ်ပါ။



-   Start Menu and Taskbar  ကို နှိပ်ပါ။



-    ပြီးရင် ညာဘက်က  Prevent users from moving taskbar to another screen dock ဆိုတာကို နှစ်ချက်နှိပ်ပါ။



-    Taskbar Location  က  အရောင်မှိန်နေပါက   Not Configured ( or ) Disabled  ထားပါ။



-    ပြီးရင်  Apply နှိပ်   Ok  နှိပ်ပါ။


***************************************************

အရက်၊ ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ထိခိုက်စေပါသည်။

***************************************************

အဆင်ပြေပါစေ
ကျောက်ဆည်သားလေး