မြန်မာလို ရေးသားထားသော နည်းပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ယခု စာမျက်နှာလေးအား ရေးသားလိုက်ရခြင်း ဖြစ်ပါသည်။




Monday, May 22, 2017

Computer မှာ Wallpaper လေးတွေ ထပ်တိုးမယ်

ကွန်ပျူ တာမှာ Wallpaper က Window တင်တုန်းက  English ( United States )  ရွေးထားတော့  Wallpaper မှာလည်း English ( United States ) နဲ့ ပတ်သက်တဲ့ ပုံတွေပဲ ပါလာတယ်။ အခု Wallpaper လေး ထပ်တိုးရအောင်။

Wallpaper ပြောင်းနည်းကတော့ သိကြလိမ့်မယ် ထင်ပါတယ်။ မသိသေးသူများကတော့  Computer မျက်နှာပြင်မှာ  Right Click  နှိပ် Personalize  ကို နှိပ်  Aero Theme , Installed Theme  မှာ စိတ်ကြိုက်ပြောင်းနိုင်ပါသည်။

-    အရင်ဆုံး   Window +  R  ဖြင့်  Run Box  ခေါ်ပါ။

-    Run Box  မှာ        C:\windows\globalization\mct      ဟုရိုက်   Enter  ခေါက်ပါ။



-    အဲဒီမှာ   MCT-AU , MCT-CA , MCT-GB , MCT-US , MCT-ZA  ဆိုတာ တွေ့ပါမယ်။  ( AU  -   သြစတေးလျ ,  CA - ကနေဒါ , GB - ဗြိတိန် , US - အမေရိကန် , ZA - တောင်အာဖရိက နိုင်ငံများ ) ကိုယ်စားပြုတဲ့ ပုံတွေ မြင်တွေ့ရမှာပါ။



-   MCT-AU , MCT-CA , MCT-GB , MCT-US , MCT-ZA  ရဲ့ အပေါ်က   Search box မှာ     *.theme    ဟုရိုက်  ပေါ်လာတဲ့  Theme  တွေကို  အကုန်   Copy  ယူပါ။



-    ပြီးရင်   Window + R  ဖြင့်  Run Box  ခေါ်ပါ။

-     Run Box မှာ        C:\windows\resources\themes     ဟုရိုက်   Enter  ခေါက်ပါ။



-    ပေါ်လာတဲ့  စာမျက်နှာမှာ   ခဏက   Copy  ကူးလာတာကို   Paste  ချပါ။



-    Personalize  မှာ Wallpaper လေးတွေ ထပ်တိုးလာပါလိမ့်မယ်။




***************************************************

အရက်၊ ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ထိခိုက်စေပါသည်။

***************************************************

အဆင်ပြေပါစေ
ကျောက်ဆည်သားလေး