Huawei GR5 (2017) ဟာ ၄င်းရဲ့ဈေးနှုန်းအတန်းအစားထဲမှာ ၂ဝ၁၇ နှစ်အစပိုင်းမှာ ထုတ်လုပ်မယ့်ရောင်းချမယ့် စမတ်ဖုန်းတွေထဲမှာမှ ဆွဲဆောင်မှုအရှိဆုံးဖုန်းတွေထဲမှာ တစ်လုံးအပါအဝင် ဖြစ်ပါတယ်။ ၄င်းဖုန်းဟာ ကုမ္ပဏီက အရင်ထုတ်လုပ်ပေးထားတဲ့ Huawei GR5 ကို ထပ်မံအဆင့်မြှင့်တင်မှုတွေ ပြုလုပ်ပေးထားတာပဲ ဖြစ်ပါတယ်။ သိသိသာသာ ပြောင်းလဲသွားတာက GR5 (2017) မှာ dual camera စနစ်ကို တိုးမြှင့်ပေးထားပြီး မျက်နှာပြင်မှာ 2.5D Curved Display ကို သုံးပေးထားတာကို တွေ့ရပါတယ်။ ဒါကြောင့် ဗီဒီယိုတွေ ကြည့်တဲ့အခါနဲ့ ဂိမ်းကစားတဲ့အခါတွေမှာ ပိုမိုကောင်းမွန်တဲ့ရုပ်ထွက်ကို တွေ့မြင်ခံစားနိုင်မှာပါ။
ဒါ့အပြင် မျက်နှာပြင်ပေါ်မှာ blue light filter ပါရှိတဲ့အတွက် ဖုန်းအသုံးပြုချိန် ကြာမြင့်မှုကြောင့် မျက်စိထိခိုက်မှုမရှိအောင်လည်း အကောင်းဆုံး ကာကွယ်ပေးထားနိုင်ပါတယ်။ Multitouch စနစ်က ဖုန်းမျက်နှာပြင်ပေါ်မှာ တစ်ပြိုင်နက်တည်း လက်ချောင်း ၁ဝ ချောင်းထက် ပိုမိုထိတွေ့ ထိန်းချုပ်နိုင်တဲ့အတွက် အလျင်လိုနေတဲ့အချိန်တွေနဲ့ ဂိမ်းကစားတဲ့အခါတွေမှာ အဆင်ပြေချောမွေ့
မှုရှိပါတယ်။ ကိုယ်ထည်တစ်ခုလုံးကို သတ္တုနဲ့ ပြုလုပ်ပေးထားတာကြောင့် အကြမ်းခံနိုင်ပြီး အရှေ့ဘက်မျက်နှာပြင် ဒီဇိုင်းပုံစံကတော့ GR5 နဲ့ အတူတူပါပဲ။
4G networks ကို ထောက်ပံ့ပေးနိုင်ပြီး Dual-SIM စနစ်ကြောင့် Nano SIM card 2 card ကို တစ်ပြိုင်နက်တည်း ထည့်သွင်းသုံးစွဲနိုင်ပါတယ်။ နောက်ကျောဘက်မှာ dual camera အောက်မှာပါရှိတဲ့ fingerprint scanner က fingerprint 3.0 နည်းပညာကို သုံးထားတဲ့အတွက် scanner ရဲ့ ၃၆ဝ ဒီဂရီပတ်လည် ဘယ်နေရာကိုပဲထိထိ ချက်ချင်း response လုပ်ပေးနိုင်တာကို တွေ့ရပါတယ်။ အဆင့်မြှင့်တင်ပေးထားတဲ့ အနောက်ကင်မရာ ၂ ခုမှာ တစ်ခုက 12MP ရှိပြီး နောက်တစ်ခုကတော့ 2MP ရှိပါတယ်။ ဒါကြောင့် ဓာတ်ပုံတွေရဲ့အရည်အသွေးတွေက ပိုမိုမြင့်မားမှုရှိပြီး သဘာဝကျတဲ့ အရောင်အသွေးတွေကို ပေးစွမ်းနိုင်ပါတယ်။
ဒါတင်မကသေးဘဲ 8MP ရှိတဲ့ အရှေ့ကင်မရာကလည်း လှပတဲ့ selfie ဓာတ်ပုံလေးတွေ ရိုက်ယူနိုင်အောင် modes တွေ အမျိုးမျိုး ထည့်သွင်းပေးထားပါတယ်။ ၄င်း modes တွေထဲက တစ်ခုဖြစ်တဲ့ panorama selfie mode က အုပ်စုလိုက်စုပြီး selfie ရိုက်နိုင်အောင် မြင်ကွင်းကျယ် အနေအထားကို ပေးစွမ်းနိုင်တာကြောင့် အလွန်အသုံးဝင်ပါတယ်။ ထည့်သွင်းပေးထားတဲ့ modes တွေ အကုန်လုံးက Huawei ရဲ့ အမြင့်ဖုန်းတွေမှာ ပါရှိနေကျ modes တွေပဲ ဖြစ်ပါတယ်။
ကိုယ်ထည်အတွင်းပိုင်းမှာ ကောင်းမွန်တဲ့ processor, chipset နဲ့ graphics card တို့ရဲ့ စွမ်းဆောင်မှုတွေကို ရရှိစေနိုင်ပြီး Android OS, v6.0 (Marshmallow) ကို run ပေးထားပြီး အသုံးပြုပေးထားတဲ့ EMUI 4.1 ကြောင့် မျက်နှာပြင်ပုံစံ အနေအထားတွေက အရင် GR5 ထက် ပိုမိုကြည့်ကောင်းလာပါတယ်။ သီချင်းတွေကို ကောင်းမွန်စွာ နားထောင်နိုင်ဖို့အတွက် စပီကာစွမ်းရည်ကလည်း အထူးကောင်းမွန်ပါတယ်။ Data သိမ်းဆည်းမှုအပိုင်းမှာ internal memory 32GB ပါရှိတဲ့အပြင် micro SD card ကို 128GB အထိ ထပ်မံစိုက်ထည့် သုံးနိုင်ပါတယ်။
ယာယီမှတ်ဉာဏ် စွမ်းကောင်းကောင်းနဲ့ လျင်မြန်တိကျတဲ့ လုပ်ဆောင်ချက်တွေအတွက် RAM 3GB ကို ထောက်ပံ့ပေးထားပါတယ်။ ဘက်ထရီစွမ်းအားအနေနဲ့ Li-Ion battery အမျိုးအစားကို သုံးစွဲထားပြီး စွမ်းအားက 3340mAh ရှိပါတယ်။ ဘက်ထရီအား ပြန်ဖြည့်တဲ့အခါမှာလည်း အချိန်တိုအတွင်း ပြန်လည်အားပြည့်နိုင်တဲ့ Quick Charge စနစ်ပါရှိပြီး အဆင့်မြင့်နည်းပညာကြောင့် ဖုန်းဘက်ထရီစွမ်းအားကို အသက်သာဆုံး ချွေတာနိုင်တဲ့ Normal, Smart နဲ့ Ultra ဆိုတဲ့ အဆင့်မြင့် power saving modes ၃ မျိုးကို စိတ်ကြိုက် သတ်မှတ်ထားနိုင်ပါတယ်။ Bluetooth 4.1 နဲ့ Micro USB 2.0 စနစ်တွေကို အသီးသီး ထည့်သွင်းထားပြီး Google Maps တွေကိုလည်း အသုံးပြုနိုင်ပါတယ်။ ဒီလိုကောင်းမွန်လှပတဲ့ အဆင့်မြင့် စမတ်ဖုန်းလေးက မကြာမီ ဈေးကွက်အတွင်းကို ရောက်ရှိလာတော့မှာပဲ ဖြစ်ပါတယ်။
Battery Life
ထောက်ပံ့ပေးထားတဲ့ Li-Ion 3340mAh Battery က ဖုန်းပြောချိန် ၂၃ နာရီခန့် သုံးနိုင်ပြီး သီချင်းနားထောင်တဲ့ အခါမှာ စုစုပေါင်း နာရီ ၆ဝ နဲ့ ၈ နာရီကြာ ဗီဒီယိုကြည့်နိုင်ပါတယ်။ ဒါ့အပြင် ဘက်ထရီကို လျင်မြန်စွာ ပြန်အားသွင်းနိုင်တဲ့ Quick Charge စနစ်လည်း ပါရှိပါတယ်။
Design
Huawei GR5 (2017) က ဒီဇိုင်းက ရိုးရိုးရှင်းရှင်းလေးနဲ့ အလွန်ဆွဲဆောင်မှု ရှိပါတယ်။ အရွယ်အစားက 150.9 x 72.6 x 8.2mm ရှိပြီး 162g အလေးချိန် လေးပါတယ်။ ၄င်းရဲ့ ရိုးရှင်းတဲ့ဒီဇိုင်းပုံစံလေးနဲ့ လိုက်ဖက်ညီတဲ့ ရွှေရောင်၊ ငွေရောင်နဲ့ မီးခိုးရောင်ဆိုတဲ့ အရောင် ၃ မျိုးကို ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။
Processor
၎င်းမှာ RAM 3GB ပါရှိတဲ့ HiSilicon Octa core 2.1GHz processor ကို Mali-T830 MP2 GPU ရဲ့ အထောက်အပံ့ကို ရရှိမှာ ဖြစ်ပါတယ်။ Android OS, v6.0 (Marshmallow) ကို run ထားပြီး online ဂိမ်း ကြီးတွေကို ကစားတဲ့အခါတွေမှာလည်း အဆင်ပြေသလို multitasking တွေကိုလည်း ကောင်းကောင်း လုပ်ဆောင်နိုင်ပါတယ်။
Display and Camera
5.5-inch အကျယ်ရှိတဲ့ မျက်နှာပြင်ကို IPS LCD capacitive touch-screen display အမျိုးအစားနဲ့ ပြုလုပ်ပေးထားပြီး 1080 x 1920 pixels ရှိတဲ့ မြင်ကွင်းစွမ်းအားတွေကို ပေးစွမ်းနိုင်ပါတယ်။ 12MP + 2MP ရှိတဲ့ ပင်မကင်မရာ ၂ လုံးနဲ့ စွမ်းဆောင်ရည် အလွန်မြင့်မားတဲ့ 8MP ရှိတဲ့ အရှေ့ကင်မရာတို့ကို တပ်ဆင်ပေးထားပါတယ်။
Verdict
Huawei GR5 (2017) မှာ အဆင့်မြင့် Dual Camera စနစ်၊ လျင်မြန်တိကျတဲ့ fingerprint scanner, ပုံမှန်ထက် ၆ဝ ရာခိုင်နှုန်း လုပ်ဆောင်နိုင်စွမ်း ပိုမိုမြင့်မားတဲ့ Kirin 655 processor တို့ရဲ့ စွမ်းဆောင်ရည်တွေကို အပြည့်အဝ လက်တွေ့ကျကျ ခံစားနိုင်မှာပဲ ဖြစ်ပါတယ်။
Specification
» Network : 2G/3G/4G
» Display : 5.5", FHD capacitive touchscreen
» Dimensions : 150.9 x 76.2 x 8.2 mm
» Memory : 32GB ROM, 3GB RAM, microSD, up to 128GB » Camera : Dual Camera : 12MP + 2MP, Front : 8MP
» Connectivity : GPS, WLAN, Bluetooth 4.1, microUSB v2.0
» OS : Android OS, v6.0 (Marshmallow), Huawei EMUI 4.1
» Processor : 4 x 2.1GHz + 4.17GHz
» Fingerprint : Fingerprint 3.0
» Sensor : i5 Coprocessor Sensor Hub Technology
» Battery : 3340mAh Large Battery with Intelligent Power Saving Technology
» Color : Gold, Silver, Grey
Price » 289,000 Ks
Contact Phone » 01-9000900 ( Huawei Branded Shop )
Credit-Netguide Journal
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
12:26 PM
in 