ပုံမှန်အားဖြင့် Android OS စနစ်သုံး ဖုန်းတွေက Google Play Store ကနေ App နဲ့ ဂိမ်းတွေကို ရယူကြတာဖြစ်ပြီး တချို့ App နဲ့ ဂိမ်းတွေက နောက်ကွယ်ကနေ အလိုအလျောက် Automati update ပြုလုပ်ကြတဲ့အတွက် ကိုယ်က ဆိုရှယ်မီဒီယာ အသုံးပြုချိန်မှာ ကိုယ့်ရဲ့ မိုဘိုင်းဒေတာ အသုံးပြုမှုက မလိုအပ်ဘဲ ပိုမိုကုန်ကျနိုင်မှာ ဖြစ်ပါတယ်။ အဲလိုမျိုး အလိုအလျောက် Updates လုပ်ခြင်းကို အောက်ဖော်ပြပါ နည်းလမ်းတွေနဲ့ ကိုယ်တိုင်ထိန်းချုပ် ကန့်သတ်ထားနိုင်မှာ ဖြစ်ပါတယ်။ Google Play Store ဗားရှင်းအလိုက် Automatic Updates စနစ်တွေက အနည်းငယ် မတူညီမှုများ ရှိနိုင်မှာ ဖြစ်ပါတယ်။ အဲဒါကြောင့် Play Store v5.0 ရဲ့ Automatic App Updates စနစ်ကို Disable ပြုလုပ်ခြင်းနှင့် v5.0 အရင်ထွက်ရှိခဲ့တဲ့ ဗားရှင်းတွေမှာ Automatic App Updates စနစ်ကို Disable ပြုလုပ်နည်း နှစ်မျိုးလုံးကို ဖော်ပြပေးလိုက် ပါတယ်။
1.Google Play Store v5.0 အရင်ထွက်ရှိခဲ့တဲ့ ဗားရှင်းတွင် Automatic App Updates စနစ်ကို Disable ပြုလုပ်ဖို့အတွက် ပထမဦးဆုံး ဖုန်းထဲက Play Store Icon ကိုရှာပြီး ဖွင့်လိုက်ပါ။ အင်တာနက် အသုံးပြုရမည်။
2. Play Store ပွင့်လာပြီဆိုရင်တော့ ဖုန်း Screen ရဲ့ ဘယ်ဘက်အပေါ် ထောင့်
နားက Menu စနစ်ကို ထပ်နှိပ်ပေးလိုက်ရမှာ ဖြစ်ပါတယ်။
3. Menu စနစ်ထဲကမှ Settings ဆိုတာကို ထပ်မံရွေးချယ် လိုက်ပါ။
4. Settings စနစ်ရဲ့အောက်ထဲ မှာ Auto-update apps ကို ရှာပြီးနှိပ်ပါ။
5. နှိပ်ပြီးတဲ့အခါမှာ Auto-update Apps ဘောက်တစ်ခု ပေါ်လာမှာ ဖြစ်ပါတယ်။ အဲဒီဘောက်ထဲက Do not auto-update apps ရွေးချယ် ပေးလိုက်ပါ။
6. ဒါဆိုရင်တော့ Auto-update apps စနစ်ကို Disable ပြုလုပ်ခြင်း အဆင့်ပြီးဆုံးပြီ ဖြစ်ပါတယ်။ ထပ်မံပြီး Google Play Store v5.0 မှာ Auto-update app စနစ်မှာ WiFi စနစ် သီးသန့် Update ပြုလုပ်ပေးထား နိုင်မှာဖြစ်သလို အမြဲတမ်း ဖွင့်ထားနိုင်ဖို့လည်း ရွေးချယ်ထားနိုင်ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် Play Store v5.0 မှာ App တစ်ခုချင်းစီအလိုက် ကန့်သတ်ထားချက် အသေးစိတ် Permission ကို ဖတ်ရှုနိုင်မှာလည်း ဖြစ်ပါတယ်။ အဲဒီလိုဖတ်ရှုဖို့အတွက် မိမိ download လုပ်မယ့် App ဒါမှမဟုတ် ဂိမ်းတစ်ခုခုရဲ့ Permission details ဆိုတဲ့နေရာကို နှိပ်ပြီး ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
7. ဆက်လက်ပြီး Play Store v5.0 မှာ Auto-updae apps စနစ်ကို Disable ပြုလုပ်ဖို့အတွက် ဖော်ပြပေးမှာ ဖြစ်ပါတယ်။ ပထမတစ်နည်းမှာ ဖော်ပြခဲ့သလိုဘဲ ဦးစွာ Play Store App ကိုဖွင့်ရမှာ ဖြစ်ပါတယ်။ Play Store ပွင့်လာပြီးဆိုရင် Screen ရဲ့ ဘယ်ဘက်အပေါ်ထောင့်က Menu ကို ရှာပြီးနှိပ်ပေးရမှာ ဖြစ်ပါတယ်။
8. Menu စနစ်ထဲက Settings ကို ရှာဖို့အတွက် ဖုန်းမြင်ကွင်းကို ပွတ်ဆွဲတင်ပြီး အောက်ဖက်နားထိ ရောက်အောင် သွားလိုက်မယ်ဆိုရင် Settings စနစ်ကို တွေ့ရမှာ ဖြစ်ပါတယ်။
9. Settings စနစ်ထဲကို ဝင်လိုက်ပြီးရင်တော့ General စနစ်ရဲ့ Notifications စနစ်ရဲ့ အောက်နားကပ်ရက်မှာ Auto-update apps စနစ်ကို တွေ့ရမှာ ဖြစ်ပါတယ်။
10. Autoupdate apps ဆိုတဲ့စာသားကို နှိပ်လိုက်မယ်ဆိုရင် Auto update apps ဘောက်တစ်ခု ပွင့်လာမှာဖြစ်ပြီး နောက်ဆုံးအဆင့် အနေနဲ့ အဲဒီဘောက်ထဲက Do not auto-update apps ကို ရွေးချယ် ပေးလိုက်မယ်ဆိုရင်တော့ ဖုန်းကနေ App နဲ့ ဂိမ်းတွေကို အလိုအလျောက် Update ပြုလုပ်ခြင်းကို Disable လုပ်ရပ်တန့်နိုင်ပြီ ဖြစ်ပါတယ်။
Credit – Internet Journal
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
10:40 AM
in 