မြန်မာလို ရေးသားထားသော နည်းပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ယခု စာမျက်နှာလေးအား ရေးသားလိုက်ရခြင်း ဖြစ်ပါသည်။




Monday, December 5, 2016

HTC One A9 နောက်ဆုံးပေါ်အဆင့်မြင့်ဒီဇိုင်းပုံစံနဲ့ အလယ်အလတ်အတန်းစားစမတ်ဖုန်းတစ်လုံးပဲဖြစ်ပါတယ်။ ၎င်းရဲ့အားသာချက်တွေအနေနဲ့ အရည်အသွေးမြင့်မားတဲ့ကင်မရာ၊ လှပခန့်ညားတဲ့ ကိုယ်ထည်တည်ဆောက်ပုံ ဒီဇိုင်း၊ တိကျမြန်ဆန်တဲ့ finger-print sensor တို့ဖြစ်ပြီး ဘက်ထရီစွမ်းအားမှာ အနည်းငယ်အားနည်းနေ တဲ့အပြင် ဈေးနှုန်းကလည်း အထူးမြင့်မားတာကိုတွေ့ရပါတယ်။ ဘက်ထရီစွမ်းအားနည်းပေမယ့် Qualcomm ရဲ့ Quick Charge နည်းပညာကို ထည့်သွင်းပေးထားတာကြောင့် ဖုန်းအားသွင်းရတာ မြန်ဆန်မှုရှိပါတယ်။ HTC ရဲ့ အမှတ်အသားဖြစ်တဲ့ BoomSound စပီကာကိုထည့်မထားဘဲ အောက်ဘက်ထောင့်စွန်းလေးမှာ ၎င်းကိုယ်ထည်ပုံစံနဲ့ကိုက်ညီတဲ့ Single-mono speaker ကို ထည့်သွင်းထားပါတယ်။ အသံအရည်အသွေးက ကောင်းမွန်ပြီး ဖုန်းအ၀င်အထွက်တွေမှာ ကြည်လင်ပြတ်သားတဲ့အသံတွေကို ကြားရမှာပါ။ Finger-print sensor ကလည်း Samsung ဖုန်းတွေမှာတွေ့ရတဲ့ အရွယ်အစားနဲ့ ပုံစံအတိုင်းပါပဲ။ ၎င်းဖုန်းကို GSM, HSPA နဲ့ LTE networks တွေမှာသုံးနိုင်ပြီး Nano SIM card အမျိုးအစားကို ထည့်သွင်းစွဲနိုင်ပါတယ်။

Design & Build

HTC One A9 ရဲ့ဒီဇိုင်းက ပုံစံပြားပြားရှပ်ရှပ်လေးနဲ့ ထောင့်ဝိုင်းပုံစံလေးဖြစ်ပြီး နောက်ဆုံးပေါ်စမတ်ဖုန်းတစ်လုံး မှန်းကြည့်လိုက်တာနဲ့သိနိုင်ပါတယ်။ ကိုယ်ထည်ကို အလူမီနီယံနဲ့ပြုလုပ်ပေးထားတာကြောင့် သစ်လွင်တောက်ပနေပါတယ်။ အရှေ့ဘက်မှန်က အမဲရောင်မှန်ဖြစ်ပြီး ခလုတ်တွေနဲ့ port တွေတည်ရှိနေပုံက iPhone နဲ့ အနည်းငယ်ဆင်တူပါတယ်။ ဒါပေမဲ့ iPhone ထက် ပိုကျယ်ပြီး ပိုရှည်တာကိုတွေ့ရပါတယ်။  တိကျမြန်ဆန်တဲ့ fingerprint sensor က အရှေ့ဘက် home button မှာရှိပြီး နောက်ကျောဘက်မှာတော့ ကင်မရာနဲ့ flash မီးလုံးလေးရှိပါတယ်။ အပေါ်ဆုံးနဲ့အောက်ဆုံးမှာ သွယ်တန်းနေတဲ့ မျဉ်းကြောင်းလေး ၂ကြောင်းကိုလည်းတွေ့ရပါတယ်။ အပေါ်ဘက်မျဉ်းကြောင်းလေးရဲ့အပေါ်မှာ ကင်မရာရှိပြီး flash မီးလုံးလေးက ၎င်းကင်မရာရဲ့ ဘေးတည့်တည့်မှာရှိပါတယ်။ နောက်ကျောအလယ်မှာ HTC တံဆိပ်ကို ထင်ရှားစွာ မြင်တွေ့နိုင်ပါတယ်။ ဖုန်းအရွယ်အစားက 145.8×70.8×7.3 mm ရှိပြီး 143g အလေးချိန်လေးတဲ့အတွက် ကိုင်တွယ်သုံးစွဲလို့ သင့်တော်တဲ့အရွယ်အစားနဲ့ အလေးချိန်ပါပဲ။ ၎င်းရဲ့ဒီဇိုင်းပုံစံနဲ့ လိုက်ဖက်ညီတဲ့ Carbon Gray, Opal Silver, Topaz Gold, Deep Garnet, Pink ဆိုတဲ့ လှပသစ်လွင် တောက်ပတဲ့ အရောင် ၅ မျိုးကို ခွဲခြားထုတ်လုပ်ပေးထားပါတယ်။

Display

မျက်နှာပြင်အကျယ် ၅ လက်မရှိပြီး AMOLED Capacitive touchscreen ကိုသုံးထားကာ 1080×1920 pixels ရှိတဲ့် full HD မြင်ကွင်းတွေကိုပေးစွမ်းနိုင်ပါတယ်။ ၁ လက်မသိပ်သည်းဆပမာဏကတော့ ~441 ရှိပါတယ်။ မျက်နှာပြင်ပေါ်မှာ multitouch စနစ်ပါရှိပြီး ၎င်းမျက်နှာပြင်ကို Corning Gorilla Glass 3 နဲ့ ဖုံးအုပ်ကာကွယ်ပေးထားတာကြောင့် မတော်တဆပြုတ်ကျမှုဒဏ်တွေကိုလည်း ခံနိုင်ရည်ရှိပါတယ်။

Operating System and Camera

ကိုယ်ထည်အတွင်းထဲမှာ Android OS, v6.0 (Marshmallow) ကို run ထားပါတယ်။ အနောက်ကင်မရာမှာ 13MP resolution ပါရှိပြီး အလင်းရောင် အားနည်းတဲ့နေရာတွေမှာလည်း ကြည်လင်ပြတ်သားတဲ့ ဓာတ်ပုံတွေကိုရိုက်ကူးနိုင်တဲ့ Optical Image Stabilization စနစ်ကို ထောက်ပံ့ပေးထားပါတယ်။ အရှေ့ကင်မရာကတော့ 4MP ပါရှိပြီး ကင်မရာ ၂ခုစလုံးနဲ့ 30fps မှာ 1080p အရည်အသွေးရှိ ဗီဒီယိုတွေကို ရိုက်ယူနိုင်ပါတယ်။

Performance

လျင်မြန်တိကျတဲ့ လုပ်ဆောင်ချက်တွေကို အပြည့်အ၀ရရှိစေနိုင်ဖို့အတွက် Qualcomm MSM8952 Snapdragon 617chipset နဲ့ Octa-core (4×1.5GHz Cortex-A53 & 4×1.2GHz Cortex-A53) processor  တို့ကို ပေါင်းစပ်တီထွင်ပေးထားပြီး Adreno 405 ရဲ့အကူအညီတွေနဲ့ ထပ်မံပံ့ပိုးပေးထားပါတယ်။ ဂိမ်းတွေ၊ apps တွေ တော်တော်များများကို အဆင်ပြေပြေအသုံးပြုနိုင်ပေမယ့် အချို့အရမ်းလေးတဲ့ ဂိမ်းတွေကိုကစားရင်တော့ graphics ပုံရိပ်တွေကကောင်းမွန်ပေမယ့် ချောချောမွေ့မွေ့ကစားနိုင်ဖို့ frame rate တွေကတော့ အနည်းငယ်နှေးတာကိုတွေ့ရပါတယ်။ ဒါ့အပြင် ၎င်းရဲ့ဈေးနှုန်းနဲ့ယှဉ်ကြည့်မယ်ဆိုရင် ထောက်ပံ့ပေးထားတဲ့ ဘက်ထရီစွမ်းအားကလည်း အနည်းငယ်အားနည်းမှုရှိပါတယ်။ ကျန်တဲ့အချက်တွေအားလုံးကတော့ အဆင့်မြင့်စမတ်ဖုန်းတစ်လုံးရဲ့ စံချိန်၊ စံညွှန်းတွေနဲ့ ကိုက်ညီမှုရှိပါတယ်။

Specification 

Display :   5.0 inch, AMOLED capacitive touchscreen, 16M colors

 Memory :   16 / 32 GB, 2 / 3 GB RAM, microSD, upto 200GB 

Camera :   13MP, autofocus, dual-LED (dual tone) flash 

OS :   Android OS, v6.0 (Marshmallow) 

Phone :   01-245180 (KMD)

Price :   469,000/-

Credit-Netguide Journal


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246