မြန်မာလို ရေးသားထားသော နည်းပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ယခု စာမျက်နှာလေးအား ရေးသားလိုက်ရခြင်း ဖြစ်ပါသည်။




Wednesday, August 3, 2016

Sony Xperia SP ကို 2G, 3G, 4G Network သုံးမျိုးလုံးမှာသုံးနိုင်ပြီး Micro-SIM အမျိုးအစားစမတ်ဖုန်း တစ်လုံးဖြစ်ပါတယ်။ 10mm အထူရှိပြီး အလေးချိန် 155g နဲ့ ထွက်ရှိလာခဲ့ပါတယ်။ ၄.၆လက်မအရွယ်ရှိတဲ့ Display ကိုသာအသုံးပြုနိုင်ပြီး 720×1280 pixels HD resolution ကို ပံ့ပိုးပေးနိုင်ပါတယ်။ Pixel သိပ်သည်းဆကတော့ 319ppi ရှိပါတယ်။ မျက်နှာပြင်အကြမ်းဒဏ်ကို Corning Gorilla Glass နဲ့ ဖုံးအုပ် ကာကွယ်ပေးထားပါတယ်။ ဖုန်းမှာ Android OS 4.1 (Jelly Bean) ထည့်သွင်းထားပြီး 4.3 (Jelly Bean) အထိ upgrade ပြုလုပ်နိုင်ပါတယ်။ Sony Xperia SP မှာ Qualcomm Snapdragon S4 Pro Dual-core 1.7GHz Processor က စွမ်းဆောင်ရည်မြင့်မားအောင် ဆောင်ရွက်ပေးနိုင်ပြီး ပိုမိုကောင်းမွန်စေဖို့ 1GB RAM, ဂရပ်ဖစ် Adreno တို့နဲ့ ပံ့ပိုးထားပါတယ်။ ဖုန်းတွင်းသိုလှောင်မှုပမာဏ 8GB ပါရှိပြီး micro SD နဲ့ 32GB အထိ မြှင့်တင် နိုင်ပါတယ်။ ဖုန်းမှာ အဓိကကင်မရာအဖြစ်  8MP ကင်မရာကိုသုံးနိုင်ပြီး LED Flash မီးပါဝင်ပါတယ်။ ရှေ့ဘက် မှာ VGA အဆင့် ကင်မရာတပ်ဆင်ထားပါတယ်။ 1080p Full HD ဗီဒီယိုကို 30fps နဲ့ ရိုက်ကူးနိုင်ပါတယ်။ အဖြူ/အနက်နဲ့ အနီရောင် သုံးမျိုးရရှိနိုင်ပါတယ်။

Specification 

Display : 4.6 inches, TFT capacitive touchscreen

 Memory : 8 GB, 1GB RAM, microSD, up to 32GB Camera : 8 Megapixel, autofocus, LED flash, Geo-tagging

 OS : Android OS, v4.1 (Jelly Bean)

 Phone : 01-377259 (Eastern)

Price : 270,000/-

Credit-Netguide Journal


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246