မြန်မာလို ရေးသားထားသော နည်းပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ယခု စာမျက်နှာလေးအား ရေးသားလိုက်ရခြင်း ဖြစ်ပါသည်။




Wednesday, August 3, 2016

Meizu ရဲ့ Pro series တွေဟာ flagship တစ်လုံးရဲ့ကောင်းမွန်မှုတွေကို အပြည့်အ၀ပေးစွမ်းနိုင်ပြီး အရည် အသွေးမြင့် Screen ကြီးကြီး ဖုန်းတစ်လုံးမှ အဆင့်မြင့် chipsets တွေနဲ့ ထုတ်ပိုးပေးနိုင်အောင် ကြိုးစားဖန်တီး ပေးလျက်ရှိပါတယ်။ Meizu Pro 6 မှာ နောက်ဆုံးပေါ် core ၁၀ လုံးပါဝင်တဲ့ chip ကို အသုံးပြုပေးထားပြီး စွမ်းဆောင်ရည် အကောင်းဆုံးပြုလုပ်ပေးနိုင်တဲ့ စမတ်ဖုန်းတစ်လုံးဆိုတာ သက်သေပြချင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ Meizu Pro 6 ဟာ Pro series ၃ လုံးထဲမှာ အသေးဆုံး Screen ဖြစ်နေပေမယ့် Pro 5 ရဲ့ ဒီဇိုင်း၊ storage နဲ့ ကင်မရာပိုင်းတွေမှာ အားလုံးတူညီနေတာ တွေ့ရပါတယ်။ ဒါပေမဲ့ Pro 6 မှာ ထူးခြားတာက အရင် Pro 5 မှာပါဝင်တဲ့ Exynos 7420 octa-core ကို ဆက်လက်မသုံးတော့ဘဲ Helio X25 chip ကို အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ Helio X25 Chipset ထည့်သွင်းထားတဲ့ ပထမဆုံး flagship ဖုန်းတစ်လုံးဖြစ်ပြီး အဆင့်မြင့်တဲ့ deca-core processor နဲ့ မြှင့်တင်ပေးမှာဖြစ်ပါတယ်။ ဒါ့အပြင်  Meizu Pro 6 ဟာ 3D Touch ကို Support  လုပ်ပေးနိုင်တဲ့ ပထမဆုံး Android ဖုန်းဖြစ်သလို Fingerprint sensor လည်း ပါဝင်ပါတယ်။ Android OS 6.0 (Marshmallow) အပေါ်မှာထပ်သုံးထားတဲ့ Flyme OS 5.6 ကို တွေ့မြင်နိုင်ပါတယ်။ NFC ချိတ်ဆက် အသုံးပြုနိုင်ပြီး Pro 6 မှာ အားကောင်းတဲ့ဘက်ထရီကို မိနစ် ၃၀ အားသွင်းရုံနဲ့ ၆၅% အားပြန်ပြည့်လာနိုင်တာမို့ အသုံးဝင်ပါတယ်။ ရွှေရောင်၊ ငွေ ရောင်၊ မီးခိုးနဲ့ Rose Gold အရောင် ၄ မျိုး ရရှိနိုင်ပါတယ်။

Design & Build

Meizu Pro 6 မှာ Pro series ဒီဇိုင်းတွေအတိုင်း မပြောင်းလဲထားတာ တွေ့ရပါတယ်။ Meizu Pro 6 ကို သတ္တုနဲ့တည်ဆောက်ထားပြီး  AMOLED Screen ကိုတော့ Gorilla Glass 4 နဲ့ ဖုံးအုပ်ပေးထားပါတယ်။ အလွန်ပါးလွှာတဲ့ အလူမီနီယမ်ကိုယ်ထည်နဲ့ ကျဉ်းမြောင်းတဲ့ ဘေးဘောင်တို့ကို ပုံမှန်မြင်တွေ့နေကျအတိုင်း ဖွဲ့စည်းထားပြီး အင်တာနာနှစ်ချောင်းကို အပေါ်ပိုင်းနဲ့အောက်ပိုင်းမှာ ထည့်သွင်းထားပါတယ်။ ဘေးထောင့် တွေကို ကွေးထားတဲ့ဒီဇိုင်းကြောင့် လုံးဝန်းနေပြီး ကျောဘက်က lines တွေကို ကွေးထားတဲ့ Pro 6 ရဲ့ ဒီဇိုင်း ဟာ ပိုမိုစတိုင်ကျလှပစေပါတယ်။ ဘေးဘောင်တစ်လျှောက်ခုံးထားပြီး လေးထောင့်ကျကျထောင့်စွန်းတို့ကို 2.5D glass နဲ့ ဖွဲ့စည်းထားပါတယ်။ ပလပ်စတစ်အင်တာနာတို့ကို သတ္တုအိမ်မှာ ထည့်သွင်းတည်ဆောက် ထားတဲ့ဒီဇိုင်းကြောင့်လည်း ချီးကျူးစရာကောင်းပါတယ်။ Pro 6 ရဲ့ ဘယ်ဘက်ခြမ်းမှာ SIM tray တစ်ခုတပ် ဆင်ထားပြီး Dual-SIM သုံးဖို့အတွက် Nano ကတ်နှစ်ကတ်ကို ထည့်သွင်းရမှာပါ။ ညာဘက်ခြမ်းမှာ အသံ အတိုးအလျှော့ခလုတ်နဲ့ ပါဝါခလုတ်တို့မြင်တွေ့နိုင်ပြီး ခလုတ်နှစ်ခုလုံးကို သတ္တုနဲ့ပြုလုပ်ထားပါတယ်။ ဖုန်းရဲ့ အပေါ်ခြမ်းမှာ ဘာခလုတ်မှမတွေ့ရဘဲ အောက်ခြေမှာ စပီကာ၊ USB Type-C အပေါက်၊ မိုက်နဲ့ audio jack တို့ကို ထည့်ထားပါတယ်။

Display

Super AMOLED အမျိုးအစား Display ကြောင့် ရုပ်ထွက်ကောင်းမွန်မှုကို အထိရောက်ဆုံး သိရှိခံစားနိုင်ပြီး ၅.၂ လက်မအရွယ် မျက်နှာပြင်ကို ပိုင်ဆိုင်ထားပါတယ်။ ရုပ်ထွက်အရည်အသွေးဟာ Full HD ကို ပေးစွမ်းနိုင်ပြီး 1080×1920 pixels ပမာဏရှိပါတယ်။ Pixel သိပ်သည်းဆ 423ppi ထိ ပါရှိပြီး 3D Touch display ပါဝင်ပါ တယ်။ Corning Gorilla Glass 4 နဲ့ မျက်နှာပြင်အကြမ်းဒဏ်ကို ကာကွယ်ပေးနိုင်ဖို့ ဖုံးအုပ်ထားပါတယ်။

Operating System and Camera

Meizu Pro 6 အတွက် Flyme 5.6 နဲ့အတူသုံးနိုင်တဲ့ Android OS 6.0 (Marshmallow) ကို အသုံးပြုထား ပါတယ်။ ဖုန်းရဲ့အဓိကကင်မရာဟာ 21MP ရှိတာမို့ ကင်မရာပိုင်းအဆင့်မြင့်ပြီး Phase detection, Laser Autofocus, ten-LED flash မီးတို့ပါဝင်ပါသေးတယ်။ ဗီဒီယိုရိုက်ကူးနိုင်ပြီး ရှေ့ဘက်မှာ 5MP ကင်မရာကိုတွေ့ ရပါတယ်။ ရှေ့ဘက်ကင်မရာမှာ f/2.0 aperture lens ကိုသုံးထားပြီး 1080p full HD ဗီဒီယိုရိုက်ကူးနိုင် ပါတယ်။

Performance

Mediatek MT6797T Helio X25 chip ကို အသုံးပြုထားပြီး စွမ်းဆောင်ရည်မြင့်မားအောင် ဆောင်ရွက်ပေးပါ တယ်။ Deca-core processor နဲ့ စွမ်းဆောင်ရည် ပိုမိုလျင်မြန်အောင် အလုပ်လုပ်ပေးမှာဖြစ်ပြီး ဂရပ်ဖစ် Mali-T880 MP4 ကို ထည့်သုံးထားပါတယ်။ 4GB RAM ဟာ လုံလောက်တဲ့ပမာဏဖြစ်ပါတယ်။ ဖုန်းတွင်းသိုလှောင်မှု ပမာဏ 32/ 64GB နှစ်မျိုးရှိပြီး ကတ်ထပ်စိုက်သုံးစရာ slot မပါဝင်ပါဘူး။ အားသွင်းချိန် အလွန်မြန်ဆန်ပြီး Li-ion 2560mAh ဘက်ထရီသုံးစွဲထားပါတယ်။

Specification

 Display : 5.2 inches, Super AMOLED capacitive touchscreen

 Memory : 32 / 64 GB, 4 GB RAM Camera : 21 Megapixel, Phase detection & Laser autofocus ten-LED (dual tone) flash 

OS : Android OS, v6.0 (Marshmallow) 

Phone : 01-398436 (UNiQUE)

Price : 459,000/-

Credit-Netguide Journal


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246