Notepad မှာ မိမိက ဗဟုသုတများကို သိမ်းဆည်းတဲ့ အခါ Date & Time လေးနဲ့ မှတ်ထားတော့ ဘယ်နေ့က ရေးသားခဲ့တယ်ဆိုတာ ပြန်ကြည့်နိုင်ပါတယ်။ Microsoft Word / Adobe PageMaker တွေဆိုတာ ကွန်ပျူ တာမှာ ပါချင်မှ ပါတာပါ Notepad တို့ Wordpad တို့က Window မှာ တစ်ပါတည်း ပါလို့ အဆင်ပြေပါတယ်။
- အရင်ဆုံး Notepad ကို ဖွင့်ပါ။
- Window + R ဖြင့် Run Box ခေါ် Notepad ဟု ရိုက် Ok နှိပ် ဖွင့်နိုင်ပါတယ်။
( နောက်တစ်နည်း - Start >>> All Programs >>> Accessories >>> Notepad ကို ဖွင့်နိုင်ပါတယ်။ )
- Notepad ပွင့်လာရင် Date & Time ထည့်ဖို့ F5 ကို နှိပ်ပါ။ Date & Time ရေးပြီးသား ဖြစ်နေပါလိမ့်မယ်။
************************************************
Date & Time ထည့်ဖို့ နောက်တစ်နည်း
- Notepad ပွင့်လာရင် .LOG ဟု ရိုက် မိမိ စိတ်ကြိုက်နာမည်ပေးကာ သိမ်းလိုက်ပါ။
- အဲဒီ သိမ်းလိုက်တဲ့ ဖိုင်လေးဖွင့်လိုက်တာနဲ့ Date & Time ထည့်ထားတာ တွေ့ရပါမယ်။ မိမိ မှတ်လိုရာ ထပ်ဖြည့်ကာ သိမ်းဆည်းပါ။ မှတ်စု ရေးချင်တိုင်း အဲဒီဖိုင်လေး ဖွင့်ပါ။ ဖွင့်တိုင်း ဖွင့်တဲ့ အချိန် သူ့အလိုလို ထည့်ပေးနေပါလိမ့်မယ်။
************************************************
အပေါ်နည်းကတော့ F5 နှိပ်တာနဲ့ Date & Time ထည့်ပေးတာ ဆိုတော့ အဆင်ပြေပါတယ်။ အောက်ကနည်းကတော့ ဗဟုသုတပေါ့။
မှတ်ချက် - ကွန်ပျူ တာက Date & Time တော့ မှန်နေရပါမယ်။
************************************************
အဆင်ပြေပါစေ
ကျောက်ဆည်သားလေး