Xiaomi သည် Redmi Pro ၏ specs များနှင့်ပတ်သက်၍ တစ်စချင်းဆီပြသလျက်ရှိပြီး ယခုအခါ CEO Lei Jun ထဲမှ MediaTek Helio x 25 chipset အား သုံးစွဲမည်ဟူသော သတင်းအားထပ်မံရရှိခဲ့သည်။ ထို့အပြင် ပေါက်ကြားခဲ့သော ဓာတ်ပုံများအရ Redmi Pro တွင် dual-camera ကို သုံးထားသည်ဟုသိရပြီး Fingerprint scanner မှာမူ ရှေ့ဘက်တွင်ပါဝင်သည်ဟု သိရသည်။ Helio x 25 chipset သည် deca-core chipset ဖြစ်ပြီး 2.5 GHz ထိမြန်နှုန်းရှိမည်ဖြစ်သည်။ ထိုဖုန်းသည် Android 6.0 Marshmallow အား MIUI 8 ဖြင့်သုံးစွဲထား မည်ဟုဆိုသည်။ Redmi Pro အား Xiaomi ၏ Redmi ဖုန်းများထဲတွင် ဈေးအကြီးဆုံးဖြစ်လာမည်ဟု သတင်း ထွက်ပေါ်ခဲ့ပြီး version နှစ်မျိုးရောင်းချမည်ဖြစ်ကာ ၁၉၄ ဒေါ်လာ နှင့် ၂၀၉ ဒေါ်လာဝန်းကျင်အသီးသီးရှိမည်ဟု သိရသည်။ ကောလာဟလသတင်းများသာ ပေါက်ကြားမှု ဖြစ်နိုင်သော်လည်း Redmi Pro အား ဇူလိုင် ၂၇ ရက် တွင် တရားဝင်တွေ့ရမည်ဖြစ်ရာ ဖြစ်နိုင်ချေများကြောင်း ခန့်မှန်းကြသည်။ Xiaomi ၏ အဆင့်မြင့်စမတ်ဖုန်းဖြစ် လာနိုင်မည့် Xiaomi Note 2 ကိုမူ ယခင်က ယခုလအတွင်း ထွက်ရှိမည်ဟု ခန့်မှန်းကြသော်လည်း နောက်ဆုံး သတင်းများအရ သြဂုတ်လထဲမှသာ တရားဝင်မြင်ကြရမည်ဟုဆိုထားသည်။ Note 2 သည် Snapdragon 821 chipset အားသုံးကာ RAM 6 GB နှင့် storage 120 GB ပါဝင်မည်ဟု သတင်းပြေးလျက်ရှိသည်။
Credit-Netguide Journal
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246