မြန်မာလို ရေးသားထားသော နည်းပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ယခု စာမျက်နှာလေးအား ရေးသားလိုက်ရခြင်း ဖြစ်ပါသည်။




Saturday, August 6, 2016

iPhone ရှေ့ပြေးပုံစံကို ဖော်ပြထားသည့် ဗီဒီယို ပေါက်ကြားထွက်ပေါ်လာသည်။

ဗီဒီယိုတွင်ပါဝင်သည့် iPhone တွင် iOS အသုံးပြုထားခြင်း မဟုတ်ဘဲ hardware testing suite ကို အသုံးပြုထားဖွယ်ရှိသည်။

သို့သော်လည်း ဗီဒီယိုတွင် ဖော်ပြထားသည့် iPhone မှာ အစစ်အမှန် ဖြစ်ကြောင်း အတည်မပြုနိုင်ပေ။ လတ်တလောတွင် iPhone 7 ၏ ဒီဇိုင်းသစ်ဓာတ်ပုံများနှင့် အချက်အလက်များစွာ ပေါက်ကြား ထွက်ပေါ်ထားသည်။ ထို့အပြင် တရုတ်နိုင်ငံမှ ပြင်ပဒီဇိုင်းကို အခြေခံ၍ ထုတ်လုပ်ထားသော ထုတ်ကုန်အတုများလည်း ထွက်ရှိနေသည်။

တစ်ဆက်တည်းမှာပင် YouTube ပေါ်ရှိ Unbox Therapy channel မှ iPhone 7 နှင့်ပတ်သက်သည့် ဗီဒီယိုတစ်ခု ထွက်ပေါ်လာသည်။ ဗီဒီယိုတွင် ပါဝင်သော ရှေ့ပြေးပုံစံဖုန်းမှာ iPhone 7 Pro ဖြစ်ဖွယ်ရှိပြီး နောက်ဘက်တွင် POGO pin များပါဝင်လာသည်။ ဗီဒီယိုတွင် ဖော်ပြထားသည့် iPhone မှာ အပြာရောင်ဖြစ်သည်။

Ref: GSMArena


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246