မြန်မာလို ရေးသားထားသော နည်းပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ယခု စာမျက်နှာလေးအား ရေးသားလိုက်ရခြင်း ဖြစ်ပါသည်။




Saturday, August 6, 2016

Facebook သည် သုံးစွဲသူများ၏ news feed တွင် clickbait သတင်းများကို ခွဲခြားပေးရန် စီစဉ်လျက်ရှိကြောင်း ကုမ္ပဏီက ထုတ်ပြန်ခဲ့သည်။ Facebook သည် ၎င်း၏ လူမှုရေးမီဒီယာတွင် news feed algorithm ကို ကြာသပတေးနေ့က ပြောင်းလဲခဲ့သည်။

သတင်းအမှန်မဟုတ်ဘဲ ပုံဖျက်ထားသော အချက်အလက်များ ပါဝင်သည့် clickbait သတင်းများကို ခွဲခြားပေးမည် ဖြစ်သောကြောင့် အဆိုပါသတင်းများကို သုံးစွဲသူ၏ news feed တွင် အတွေ့ရနည်းသွားမည် ဖြစ်ကြောင်း Facebook က ထုတ်ပြန်ခဲ့သည်။ “မီဒီယာတွေအနေနဲ့ လူတွေစိတ်ဝင်စားတဲ့ သတင်းတွေတင်ဖို့ ကျွန်တော်တို့ ဆန္ဒရှိပါတယ်။ လူတွေကလည်း ရှင်းလင်းတဲ့ ခေါင်းကြီးပိုင်းသတင်းတွေကို ပိုမိုအာရုံစိုက်ကြတယ်လို့ ထင်ပါတယ်” ဟု Facebook ၏ news feed ထုတ်ကုန်စီမံခန့်ခွဲမှု ဒုဥက္ကဋ္ဌ အဒမ်မိုဆာရီကပြောဆိုခဲ့သည်။

Facebook ပေါ်တွင် သုံးစွဲသူများ ပျော်ရွှင်စွာရှိနေစေရန်အတွက် news feed ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းရန် ကုမ္ပဏီက ကြိုးပမ်းနေသည်။ Facebook သည် algorithm များကို စဉ်ဆက်မပြတ် အပြောင်းအလဲ ပြုလုပ်နေသည်။ ဇွန်လကလည်း news feed တွင် မိတ်ဆွေနှင့် မိသားစု၏အကြောင်းအရာများကို ပိုမိုမြင်တွေ့လာစေရန် အပြောင်းအလဲ ပြုလုပ်ခဲ့ပေးသည်။

Ref: NYTimes


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246