မြန်မာလို ရေးသားထားသော နည်းပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ယခု စာမျက်နှာလေးအား ရေးသားလိုက်ရခြင်း ဖြစ်ပါသည်။




Wednesday, August 17, 2016

ဈေးကွက်သုတေသနအဖွဲ့ IDC ၏ တရုတ်စမတ်ဖုန်းဈေးကွက်အတွက် နောက်ဆုံးပေါ်ထုတ်ပြန်ချက်အရ ၂၀၁၆ ခုနှစ် ဒုတိယသုံးလပတ်တွင် Huawei က ရှယ်ယာ ၁၇ ရာခိုင်နှုန်းကျော်ဖြင့် တရုတ်နိုင်ငံတွင် ဦးဆောင်ခဲ့ကြောင်း သိရသည်။

Huawei သည် ဒုတိယသုံးလပတ်တွင် စမတ်ဖုန်း ၁၉.၁ သန်း တင်ပို့ခဲ့ပြီး ပြီးခဲ့သည့်နှစ် ဒုတိယသုံးလပတ်က တင်ပို့ခဲ့သော စမတ်ဖုန်း ၁၆.၆ သန်းထက် မြင့်တက်ခဲ့သည်။

Oppo နှင့် Vivo မှာ ဒုတိယနေရာနှင့် တတိယနေရာ၌ ဈေးကွက်ရှယ်ယာ ၁၆.၂ ရာခိုင်နှုန်းနှင့် ၁၃.၂ ရာခိုင်နှုန်း အသီးသီးဖြင့် ရပ်တည်ခဲ့သည်။ Oppo ၏ တင်ပို့ရောင်းချမှု အရေအတွက်သည် ပြီးခဲ့သည့်နှစ်ထက် နှစ်ဆမြင့်တက်ခဲ့ပြီး Vivo က ၇၅ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။

Xiaomi နှင့် Apple တို့၏ ဈေးကွက်ရှယ်ယာမှာ ပြီးခဲ့သည့်နှစ်ထက် ၃၈.၄ ရာခိုင်နှုန်းနှင့် ၃၁.၇ ရာခိုင်နှုန်း အသီးသီး ကျဆင်းခဲ့သည်။

Ref: GSMArena


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246