မြန်မာလို ရေးသားထားသော နည်းပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ယခု စာမျက်နှာလေးအား ရေးသားလိုက်ရခြင်း ဖြစ်ပါသည်။




Wednesday, August 17, 2016

ယခုနှစ် developer conference မှာ မိတ်ဆက်ကြေညာခဲ့တဲ့ Duo video chat app ကို Google က စတင်ဖြန့်ချိပေးလိုက်ပါတယ်။ Duo နဲ့အတူ မိတ်ဆက်ကြေညာခဲ့တဲ့ Allo messaging app ကိုတော့ မကြာမီမှာ ဖြန့်ချိပေးသွားမယ်လို့ ဆိုပါတယ်။ ဒါကြောင့် Duo ကို စတင်သုံးစွဲတဲ့အခါမှာ သိထားသင့်တဲ့ အချက်တွေကို ဖော်ပြလိုက်ပါတယ်။

(၁) Duo ကို သုံးဖို့အတွက် Google account တစ်ခုရှိဖို့ မလိုပါဘူး။ ဖုန်းနံပါတ်ရှိရုံနဲ့ အသုံးပြုနိုင်ပါတယ်။ Duo ကို install လုပ်ပြီးတာနဲ့ ဖုန်းနံပါတ်ကိုထည့်သွင်းပြီးတဲ့နောက် SMS ကနေ verification code တစ်ခုကို လက်ခံရရှိပါမယ်။ အဲ့ဒီ code ကို ဖြည့်စွက်ပြီးတာနဲ့ Duo ကို သုံးနိုင်ပါပြီ။

(၂) Duo က cross-platform ဖြစ်ပေမယ့် အသုံးအများဆုံး မိုဘိုင်း operating system နှစ်ခုဖြစ်တဲ့ iOS နဲ့ Android မှာပဲ အသုံးပြုနိုင်ပါသေးတယ်။ ဒါကြောင့် Windows, OS X, Chrome OS နဲ့ Windows Phone တွေမှာ အသုံးပြုလို့မရနိုင်ပါဘူး။

(၃) Duo မှာပါတဲ့ Knock Knock ဆိုတဲ့ feature ဟာ သူငယ်ချင်းတစ်ယောက်ဆီက ခေါ်ဆိုမှုတစ်ခု လက်ခံရရှိတဲ့အခါမှာ ခေါ်ဆိုသူရဲ့ video preview ကို ဖော်ပြပေးပါတယ်။ Android ပေါ်မှာဆိုရင် ခေါ်ဆိုသူကို lock screen ပေါ်မှာတောင် တွေ့မြင်နိုင်ပါတယ်။ iOS မှာတော့ lock screen အတွက် developer access မပေးထားတာကြောင့် ဖုန်းကို unlock လုပ်ပြီးမှ ခေါ်ဆိုမှုကို ဖြေကြားနိုင်ပါတယ်။

ဒီ feature ဟာ ကိုယ့်ရဲ့ contact စာရင်းမှာရှိတဲ့သူတွေနဲ့ပဲ အလုပ်လုပ်တာကြောင့် အပြင်သူစိမ်းလူတွေရဲ့ ခေါ်ဆိုမှုတွေကို video preview အနေနဲ့ ပြသမှာမဟုတ်ပါဘူး။ နောက်ပြီး Knock Knock feature ကို မသုံးချင်ဘူးဆိုရင် settings မှာ disable လုပ်ထားနိုင်ပါတယ်။

(၄) Duo ကို ဗီဒီယိုခေါ်ဆိုမှုတွေအတွက်ပဲ အသုံးပြုနိုင်တာကြောင့် text message တွေ ပေးပို့လို့ရမှာမဟုတ်ပါဘူး။ Google အနေနဲ့ text message တွေနဲ့ ဓာတ်ပုံတွေအတွက် Allo လို့ခေါ်တဲ့ messaging app ကို မကြာမီ ဖြန့်ချိပေးပါလိမ့်မယ်။

နောက်ပြီး Duo မှာ အသံသီးသန့် ခေါ်ဆိုမှုတွေကိုလည်း မပြုလုပ်နိုင်ပါဘူး။ အင်တာနက်လိုင်းမကောင်းတဲ့အခါမှာတော့ ဗီဒီယိုပြတ်တောက်သွားပြီး အသံသီးသန့်နဲ့ သုံးနိုင်ပေမယ့် “make an audio call” ခလုတ်သီးသန့် မပါဝင်ပါဘူး။

(၅) Duo ကို အသံ၊ ဗီဒီယိုနဲ့ P2P ဖိုင်ရွှေ့ပြောင်းမှုတွေအတွက် ထပ်ဆောင်း plug-in တွေနဲ့ ဆော့ဖ်ဝဲတွေ မလိုအပ်ဘဲ ပြုလုပ်နိုင်တဲ့ WebRTC ခေါ် Web Real-Time Communication ပေါ်မှာ တည်ဆောက်ထားပါတယ်။ Video chat တွေကို end-to-end encrypt လုပ်ထားတာကြောင့် Google အပါအဝင် အခြားမည်သူမဆိုက စောင့်ကြည့် နားထောင်မှုတွေ ပြုလုပ်မှာကို စိုးရိမ်ဖို့မလိုပါဘူး။

(၆) Duo ဟာ ဖုန်းတွေမှာပဲ အလုပ်လုပ်တာကြောင့် Google Play Store ကနေ tablet ထံ တိုက်ရိုက် download လုပ်နိုင်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ APK ကို tablet ပေါ်မှာ install လုပ်ပြီး ဖုန်းနံပါတ်နဲ့ sign in လုပ်တဲ့အခါမှာ အလုပ်လုပ်ပါတယ်။ iPad ပေါ်မှာတော့ Store မှာ show iPhone apps ကို ပြောင်းပြီး ရှာဖွေကာ install လုပ်နိုင်ပါတယ်။

(၇) Video call တွေ ခဏခဏခေါ်ဆိုပြီး စိတ်အနှောင့်အယှက်ပေးသူတွေကို Duo settings ကနေ အလွယ်တကူ block လုပ်ထားနိုင်ပါတယ်။

Ref: PCMag


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246