မြန်မာလို ရေးသားထားသော နည်းပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ယခု စာမျက်နှာလေးအား ရေးသားလိုက်ရခြင်း ဖြစ်ပါသည်။




Sunday, July 3, 2016



OPPO A59  သည် တရုတ်တွင် တရားဝင်စတင်ကြေညာခဲ့ပြီး ဇွန်လ ၁၈ ရက်မှ စတင်ရောင်းချမည်ဟု သိရ သည်။ OPPO A59 တွင် 5.5" IPS display ပါဝင်ကာ HD resolution ရှိပြီး pixel density မှာ 267 ppi ရှိ ကြောင်း သိရသည်။

ဖုန်းအတွက် MediaTek MT 6570 chipset အား သုံးထားကာ 1.5 GHz octa-core Cortex A53 CPU ဖြစ်ကာ Mali T860 GPU ပါဝင်ပြီး 3GB RAM ဖြင့် ထောက်ပံ့ပေးထားသည်။ Storage 32GB ပါဝင်ကာ micro SD card ဖြင့်လည်း ထပ်မံတိုးမြှင့်နိုင်မည်ဖြစ်သည်။

Android 5.1 Lollipop ကိုသုံးထားပြီး OPPO ၏ Color OS 3.0 UI ဖြင့် မွမ်းမံမှုများပြုလုပ်ထားသည်။ ကျော ဘက်တွင် 13 MP ကင်မရာပါဝင်ပြီး 1080p Full HD ဗီဒီယိုရိုက်ကူးနိုင်သည်။ ရှေ့ဘက်တွင် 5MP ကင်မရာ ပါဝင်သည်။

ဘက်ထရီအား ဖုန်း၏သတ္တု unibody ထဲတွင် အသေတပ်ဆင်ထားပြီး 3075mAh ဘက်ထရီဖြစ်သည်။ 7.3 mm သာ အထူရှိပြီး ပါးလွှာမှုရှိသည်ဟုဆိုနိုင်ကာ 160 g သာ လေးသည်။ 

Connectivity အရ လိုအပ်သမျှပါဝင်ပြီး Bluetooth 4.1, dual-band Wi-Fi 802.11  a/b/g/n, micro USB စသည်တို့ပါဝင်သည်။ ရွှေရောင်နှင့် Rose Gold ဟူ၍ ရရှိနိုင်ပြီး ၂၇၄ ဒေါ်လာခန့် ဈေးနှုန်းရှိကြောင်း သိရသည်။

Credit-Netguide Journal



ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246