မြန်မာလို ရေးသားထားသော နည်းပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ယခု စာမျက်နှာလေးအား ရေးသားလိုက်ရခြင်း ဖြစ်ပါသည်။




Friday, July 22, 2016



ဇူလိုင်လ ၁၈ ရက်နေ့မှ စတင်၍ အောက်တိုဘာလ ၁၅ ရက်နေ့ အထိ ဥာဏ်စမ်းပရိုမိုးရှင်းတစ်ခုကို ပြုလုပ်သွားမည်ဖြစ်ပြီး အမြင့်ဆုံးဆုအနေဖြင့် ငွေသားကျပ် သိန်း ၃၀၀ ချီးမြှင့်ပေးသွားမည်ဟု Ooredoo က ကြေညာခဲ့သည်။

ဆုများကို နေ့စဉ်၊ အပတ်စဉ် နှစ်မျိုးပေးအပ်သွားမည်ဖြစ်ပြီး နေ့စဉ်အနေဖြင့် ငွေသားကျပ် သိန်း ၃၀၊ အပတ်စဉ်အနေဖြင့် iPhone 6S, Samsung S7 Edge, Samsung Note5, Samsung Tab S2,Samsung Tab A,iPad Air 2 စသည်တို့ကို ပေးအပ်သွားမည်ဟု သိရသည်။

Ooredoo ၏ ဥာဏ်စမ်းပရိုမိုးရှင်းကို ပါဝင်လိုပါက ၎င်းတို့၏ ဆင်းမ်ကတ်ဖြင့် 777 သို့ “WIN” ဟု ရေးသားပေးပို့ရမည်ဖြစ်ပြီး မေးခွန်းများကိုမူ Ooredoo က ပုံမှန်ပြန်လည်ပေးပို့သွားမည်ဟု သိရသည်။ ကန့်သတ်ချက်အနေဖြင့် အဖြေပြန်လည်ပေးပို့ရာတွင် အဖြေတစ်ခုစီအတွက် ငွေ ၂၀၀ ကျပ် ကောက်ခံမည်ဖြစ်သည်။

ဥာဏ်စမ်းအစီအစဉ်အရ အဖြေအများဆုံးဖြေဆိုသူသည် အမှတ်အများဆုံးရရှိမည်ဖြစ်ပြီး နေ့စဉ်၊ အပတ်စဉ်ဆုများနှင့် အထူးဆုများကို ဆက်တိုက်ခံစားခွင့် ရရှိမည်ဟု သိရသည်။ ဥာဏ်စမ်း မေးခွန်းများသည် အထွေထွေဗဟုသုတများ၊ သမိုင်းကြောင်းများနှင့် အားကစားအကြောင်းအရာများ ပါဝင်မည်ဟု သိရသည်။

Credit-Internet Journal



ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246