မြန်မာလို ရေးသားထားသော နည်းပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ယခု စာမျက်နှာလေးအား ရေးသားလိုက်ရခြင်း ဖြစ်ပါသည်။




Tuesday, July 26, 2016

Facebook တွင် ၁.၆၅ ဘီလီယံထိ သုံးစွဲသူရှိနေပြီး ထိုအချက်မှာ Facebook တွင် ဘာသာစကားများစွာကို သုံးစွဲလျက်ရှိကြောင်းကိုလည်း ပြသလျက်ရှိသည်။ 

ထို့ကြောင့် Facebook သည် ကမ္ဘာတစ်ဝန်းတွင် ဆက်သွယ်ရာ၌ ဘာသာစကားမတူညီသည့်တိုင် အဆင်ပြေ စေရန် ဖန်တီးလိုခဲ့သည်။

Facebook မှ software အသစ်တစ်ခုအားဖန်တီးခဲ့ပြီး post အား ကွဲပြားသောဘာသာစကားများစွာသို့ အလို အလျောက် ဘာသာပြန်နိုင်မည်ဖြစ်သည်။ Post အားရိုက်ပြီး pull-down menu မှတစ်ဆင့် ဘာသာစကား ၄၅ မျိုးထိ ဘာသာပြန်ပေးရန် ရွေးချယ်နိုင်မည်ဖြစ်သည်။

ထို software အား 'multi-lingual composer' ဟုခေါ်ပြီး လက်ရှိတွင် User အနည်းငယ်သာ စမ်းသပ်သုံးစွဲနိုင် သေးသည်။ ထို feature အား စာမျက်နှာ ၅၀၀၀ ကျော်ထိ သုံးစွဲပြီးဖြစ်သည်ဟု သိရသည်။ 

Facebook အဆိုအရ ၎င်းအား သုံးစွဲသူတစ်ဝက်သည် အင်္ဂလိပ်ဘာသာစကားပြောသူများ မဟုတ်ကြောင်း သိရသည်။ Facebook ၏ ဘာသာပြန် software အသစ်သည် artificial intelligence ကို သုံးထားပြီး AI သည် ဆီလီကွန်တောင်ကြား၌ ခေတ်စားနေသောအရာတစ်ခုဖြစ်သည်။

ယခုလှုပ်ရှားမှုသည် Facebook အတွက် အရေးပါသောအရာဖြစ်ခဲ့ပြီး အခြားနည်းပညာကုမ္ပဏီကြီးများမှလည်း ဘာသာစကားအခက်အခဲကို AI ဖြင့် ကူညီဖြေရှင်းရန် ကြိုးစားလျက်ရှိသည်။ 

Facebook ၏ အဆိုအရ ယခု software သည် သုံးစွဲသူများစွာအား အချိန်ကုန်သက်သာ၍ ပိုမိုလွယ်ကူ စေမည်ဖြစ်သည်။

Credit-Netguide Journal