မြန်မာလို ရေးသားထားသော နည်းပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ယခု စာမျက်နှာလေးအား ရေးသားလိုက်ရခြင်း ဖြစ်ပါသည်။




Tuesday, July 26, 2016

Google သည် ပြီးခဲ့သောကြာသပတေးနေ့၏ ၎င်း၏နောက်ဆုံး Version Android N အား တရားဝင်အမည်ပေး ခဲ့ပြီး Nougat ဟု ခေါ်တွင်ခဲ့သည်။ Android အမည်ပေးရာတွင် နောက်ပိုင်း၌ တူညီသောအရာများမှာ အက္ခရာစဉ်လိုက်ဖြစ်လာခြင်းဖြစ်ပြီး ထိုစာလုံးများမှာလည်း စားစရာတစ်ခုခုအား အမြဲကိုယ်စားပြုခဲ့သည်။

Google မှ Nougat အမည်အား Snapchat နှင့် Twitter တို့မှတစ်ဆင့် ကြေညာခဲ့ခြင်းဖြစ်သည်။  ပထမဆုံး အကြိမ်အဖြစ် Google သည် Android N အား အမည်ပေးရန် ပရိသတ်များထံမှ အကြံဥာဏ်ကိုတောင်းခဲ့ပြီး ထိုအကြံဥာဏ်အား Google CEO Sundar Pichai အိန္ဒိယသို့သွားရာမှ ရရှိလာခဲ့ခြင်းဖြစ်သည်။

Google သည် ထိုအကြံဥာဏ်အတိုင်းလုပ်ဆောင်ခဲ့ပြီး တစ်ကမ္ဘာလုံးမှပေးပို့သည့် အကြံပြုချက်သန်းပေါင်း များစွာကိုရရှိခဲ့ကာ Nougat သည် အမှတ်တံဆိပ်မဟုတ်သည့် စားစရာအကြံပြုမှုတွင် ထိပ်တန်းအဆင့် ရှိခဲ့သည်ဟုဆိုသည်။ 

Google မှ အမှတ်တံဆိပ်အမည်များကို ထည့်သွင်းစဉ်းစားခြင်း ရှိ၊ မရှိကိုမူ ကွဲပြားစွာမသိရချေ။ အမှတ်တံဆိပ် အမည်ယူ၍ Google သည် Android KitKat ကိုသုံးခဲ့ဖူးပြီး ထိုအတွက် လိုင်စင်သဘောတူညီမှု ရယူခဲ့ရသည်။

Android Nougat တွင် အဓိကတွေ့ကြရမည့် အပြောင်းအလဲများ၌ VR Mode ပါဝင်ပြီး VR headset နှင့် ဖုန်းကိုတွဲဖက်ရာ၌ ပိုမိုကောင်းမွန်စွာ သုံးစွဲနိုင်မည်ဖြစ်သည်။

ဘက်ထရီချွေတာနိုင်ရေးအတွက် Doze on the Go ကိုလည်းထည့်သွင်းခဲ့ပြီး ဖုန်းကိုမသုံးဘဲထားသည့် အချိန်များ၌ စွမ်းအင် ပိုမိုချွေတာနိုင်စေသည်။

Nougat သည် လက်ရှိတွင် beta အဆင့်သာရှိနေသေးပြီး ဆောင်းဦးရာသီတွင်မှ တရားဝင်မြင်ကြရမည်ဟု သိရသည်။

Credit-Netguide Journal


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246