မင်္ဂလာပါ
ကျွန်တော် အခုပြောပြမှာက သူငယ်ချင်းတို့ ကွန်ပျူတာမှာ မိမိပုံ / ချစ်သူပုံလေးတွေနဲ့ ကွန်ပျူတာ ဆော့ဝဲလ် icon ပြောင်းချင်သူများ ကလိချင်သူများ အတွက်ပါ။ မူရင်း My Computer တို့ကတော့ ပြောင်းမရပါ
- အရင်ဆုံး ပြောင်းချင်းတဲ့ ဆော့ဝဲလ်ကို Right Click နှိပ်ပါ
- Properties ကို နှိပ်ပါ
- Box တစ်ခု ကျပါမယ် Change icon ကို နှိပ်ပါ
- Box တစ်ခု ထပ်ကျပါမယ် အဲဒီမှာ Browes ကို နှိပ်ပါ
- မိမိ ပြောင်းချင်းတဲ့ icon ပုံရှိရာ သွားပါ ( မှတ်ချက် - icon ထားမည့် ဓါတ်ပုံ၏ format သည် .ico ဖြစ်ရပါမည်။ Format ဆိုသည်မှာ သီချင်းဆို mp3 / ရုပ်ကလေးပါလာရင် mp4 / voc / flv အစရှိသလို ပုံရဲ့ အနောက်က နာမည်လေးပါ။ အလွယ်သိချင်ရင် ပုံကို Right Click နှိပ် Properties ထောက် ကြည့်ပါ )
- ပုံ Format ကိုတော့ Format Factory နဲ့ ပြောင်းရင် ရပါတယ်။ တစ်ခြားပြောင်းတဲ့ ဆော့ဝဲလ်လည်း ရှိရင် ရှိပါလိမ့်မယ် အများသုံးတာတော့ Format Factory နဲ့ပါ
- ပုံရွေးပြီး Ok နှိပ်ပါ
- ပြီးရင် ပုံ စိတ်တိုင်းကျပါက Apply နှိပ်ပါ
- Ok ဆက်နှိပ်ပါ
- အဆင်ပြေပါပြီ
အောက်မှာ ပုံနဲ့ ပြထားပါတယ် စမ်းချင်သူများ
အဆင်ပြေပါစေ
ကျောက်ဆည်သားလေး နည်းပညာ
ကျောက်ဆည်သားလေး နည်းပညာ