စမတ်နာရီများသည် နှစ်သက်ဖွယ်ကောင်းသောပစ္စည်းစာရင်း၌ ပါဝင်သော်လည်း အကန့်အသတ်များစွာဖြင့် သုံးစွဲရာ၌ အခက်အခဲရှိစေသည်။ အဓိကအားသာချက်တစ်ခုမှာ သေးငယ်သော touch-screen အား ထိတွေ့ ရန်ခက်ခဲခြင်းဖြစ်သည်။ ထို့ကြောင့် Carnegic Mellon University မှ သုတေသနပညာရှင်များသည် စမတ်နာရီ အား touch ဖြင့်သုံးစွဲရာ၌ ပိုမိုလွယ်ကူစေရန် လက်မောင်းတစ်ခုလုံးအား အထူးတိကျသည့် touchpad အဖြစ် ပြောင်းလဲနိုင်မည့် နည်းလမ်းအား စမ်းသပ်အောင်မြင်ခဲ့သည်။ Skin Track system သည် Carnegic Mellon ၏ Human Computer Interation Institute ၏ Future Interface Group မှ လက်ရာဖြစ်သည်။ Skin Track သည် စမတ်နာရီလက်ပတ်အတွင်း electrodes များထည့်သွင်းထားပြီး လက်စွပ်မှတစ်ဆင့် လျှပ်စစ်လှိုင်းကို ထုတ်လွှင့်ကာ ထိုလက်စွပ်တည်နေရာအား ခြေရာခံခြင်းဖြင့်လှုပ်ရှားသည့်နေရာအား သိနိုင်ခြင်းဖြစ်သည်။ Skin Track သည် လက်ချောင်းဖြင့်အရေပြားကိုမထိသော် ထိခါနီးတွင်သိရှိနိုင်သလို အရေပြားကိုဖိထောက်ထား ပါကလည်း သိရှိနိုင်သည်။ ထို့အပြင် system အနေဖြင့် လက်အမူအရာကိုလည်းသိရှိနိုင်ကြောင်း သိရသည်။ အင်္ကျီလက်ရှည်ဝတ်ထားပါကလည်း ပြဿနာမရှိကြောင်းဆိုသည်။ Skin Track ၏အားသာချက်မှာ စမတ်နာရီနှင့် လက်စွပ်ကိုသာသုံးရသဖြင့် လူတိုင်းသက်သောင့်သက်သာသုံးနိုင်ပြီး စမတ်နာရီ screen သေးသေးပေါ်တွင် လက်နှင့်ထောက်နေရသော ပြဿနာမှလည်း ကင်းဝေးစေမည်ဖြစ်သည်။ Skin Track သည် လက်ရှိတွင်စမ်းသပ်ဆဲသာဖြစ်ပြီး လူတိုင်းသုံးနိုင်သောအဆင့်သို့ရောက်ရှိရန် အနည်းငယ်အချိန်ပေးရဦး မည်ဟုဆိုသည်။ အဓိကစိန်ခေါ်မှုတစ်ရပ်မှာ လက်စွပ်ကိုစွမ်းအင်ပေးရန်ဖြစ်ပြီး ချွေးနှင့် ခန္ဓာကိုယ်လှုပ်ရှားမှု ကဲ့သို့ sensor အား အနှောင့်အယှက်ပေးနိုင်သောအရာများကိုလည်း ရှင်းလင်းဦးမည်ဖြစ်သည်။ SkinTrack သည် အနာဂတ်တွင် စမတ်နာရီများအတွက် အထူးအသုံးဝင်သော နည်းပညာတစ်ခုဟု ယူဆထားနိုင်သည်။
အောင်မြင့်မြတ်(Myanmar Youths)