မြန်မာလို ရေးသားထားသော နည်းပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ယခု စာမျက်နှာလေးအား ရေးသားလိုက်ရခြင်း ဖြစ်ပါသည်။




Tuesday, May 31, 2016

စမတ်ဖုန်းကို USB Portကနေ တစ်ဆင့် ကွန်ပြူတာလက်တော့နဲ့ ချိတ်ဆက်ပြီး အားသွင်းခြင်းဟာ ဟက်ကာတွေအတွက် ဟက်နိုင်မဲ့ အခွင့်အရေးဖြစ်ကြောင်း နဲ့ စမတ်ဖုန်းသုံးစွဲသူတွေအတွက် ဟက်ခံရဖို့ အားနည်းချက် ဖြစ်လာကြောင်းကို ဆော့ဝဲလ်လုံခြုံရေးဆိုင်ရာကုမ္ပဏီဖြစ်တဲ့ Kaspersky ရဲ့ ကျွမ်းကျင်ပညာရှင်တွေက သတိပေးပြောကြားခဲ့တယ်လို့ International Business Times သတင်းမှာဖော်ပြထားပါတယ်။ USB Portက တစ်ဆင့်အားသွင်းခြင်း ဟာအန္တရာယ်ကင်းမယ့် ဆောင်ရွက်ချက်ဖြစ်တယ်လို့ စမတ်ဖုန်းအသုံးပြုသူတွေက ထင်မှတ်ထားပေမဲ့ ဒီလုပ်ဆောင်ချက်ဟာ ဟက်ကာတွေအတွက်တော့ hack နိုင်မဲ့အခွင့်အရေးအဖြစ် စမတ်ဖုန်းသုံးစွဲသူတွေရဲ့ လုပ်ဆောင်ချက် အားနည်းမှုဖြစ်တယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ဆိုပါတယ်။ Android စနစ်သုံး စမတ်ဖုန်းတွေနဲ့ iOS စနစ်သုံးစမတ်ဖုန်းတွေ သာမက အမျိုးမျိုးသောစမတ်ဖုန်းတွေကို USB Portကနေ တစ်ဆင့် အားသွင်းမှုကို စမ်းသပ်ပြုလုပ်ခဲ့ရာမှာ ကွန်ပြူတာလက်တော့နဲ့စမတ်ဖုန်းထဲက ဒေတာတွေဟာ တစ်ခုနဲ့တစ်ခု ဆက်နွယ်နေပြီး စမတ်ဖုန်းထဲက ဒေတာတွေဟာ ကွန်ပြူတာ၊ လက်တော့ထဲကိုကူးပြောင်း စီဆင်းသွားကြောင်း ကျွမ်းကျင်သူတွေက တွေ့ရှိခဲ့ပါတယ်။USB Portကနေ တစ်ဆင့် အားသွင်းဖို့စတင်ချိတ်ဆက်လိုက်ချိန်မှာပဲ စမတ်ဖုန်းရဲ့ အမျိုးအစား၊အမည်၊မော်ဒယ်နံပါတ်၊ ထုတ်လုပ်မှုဆိုင်ရာအချက်အလက်တွေ၊ serial နံပါတ်၊မောင်းနှင်ခြင်းစနစ်အပါအ၀င် firmwareကအစ အီလက်ထရောနစ်ID အဆုံး စမတ်ဖုန်းဆိုင်ရာသတင်းအချက်အလက်တွေအားလုံးနီးပါးကို USB cableကတစ်ဆင့် ကွန်ပျူတာထဲ မျှဝေလိုက်တယ်လို့ ဆိုပါတယ်။ ကမ္ဘာတစ်လွှားရှိ စမတ်ဖုန်းအများစုရဲ့အခြေခံ သတင်းအချက်အလက်တွေဟာ တူညီမှု ရှိနေတာကြောင့် သတင်းအချက်အလက်တွေမျှ ဝေမှုပုံစံကလည်းအတူတူပဲဖြစ်ကြောင်း Kaspersky ကုမ္ပဏီရဲ့ ကျွမ်းကျင်သူတွေကဆိုပါတယ်။ စမတ်ဖုန်းလိုမျိုး အီလက်ထရောနစ်ပစ္စည်းအသေးစားတွေကို အများပြည်သူအသုံးပြုနိုင်မယ့် အများသုံးအားသွင်းစက်တွေမှာ အားသွင်းရာ ကနေတစ်ဆင့် Virus ထည့်သွင်းပြီးအလွယ်တကူ Hack ခံရနိုင်ကြောင်းကိုလည်း သိပ္ပံပညာရှင်တွေဟာ ပြီးခဲ့တဲ့ (၂၀၁၄)ခုနှစ်တုန်းက သရုပ်ပြပြောကြားထားခဲ့ကြောင်း သတင်းမှာဖော်ပြထားပါတယ်။



အောင်မြင့်မြတ်(Myanmar Youths)