
MPT မှ Mobile Money ၀န်ဆောင်မှုကိုပေးအပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။ MPT Mobile Money ဝန်ဆောင်မှုများကိုအသုံးပြုပြီးမိမိတို့ဧ။်ငွေကြေးသုံးစွဲမှုနှင့် စီမံခန့်ခွဲမှုများကိုမိမိ၏ မိုဘိုင်းဖုန်းများမှတဆင့်အချိန်မရွေး၊ နေရာမရွေးလုံခြုံစိတ်ချ၊ လွယ်ကူလျှင်မြန်စွာလုပ်ဆောင်သွားနိုင်မည်ဖြစ်သည်။ MPT Mobile Money ၏ မိုဘိုင်းလ်ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာဝန်ဆောင်မှုနှင့် ပတ်သက်ပြီးလည်း CEO ဖြစ်သူ Mr. RozanoPlanta က “ကျွန်တော်တို့ အနေနဲ့ MPT Mobile Money လုပ်ငန်းကိုယခု နှစ်အတွင်းမှာစတင်ပြီးတော့ ဝန်ဆောင်မှု ပေးသွားမှာ ဖြစ်ပါတယ်။ MPT ရဲ့ မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှုကိုအသုံးပြုသူ ၂၂ သန်းကျော် ရှိနေတဲ့အတွက် MPT Mobile Money အနေဖြင့် MPT ၏ ရှိရင်းစွဲနည်းပညာများနှင့် ဝန်ဆောင်မှုများကိုအခြေခံအသုံးပြုပြီး မြန်မာနိုင်ငံတစ်ဝန်းကဘဏ်နဲ့ ငွေကြေးဆိုင်ရာဝန်ဆောင်မှုများကိုလက်လှမ်းမမှီတဲ့ ပြည်သူများအတွက် ယုံကြည်စိတ်ချရပြီးရိုးရှင်းလွယ်ကူတဲ့ မိုဘိုင်းလ်ငွေကြေးဝန်ဆောင်မှု (Mobile Financial Services) များကိုအခြားသောလုပ်ငန်းများထက်ကိုပိုမိုကျယ်ပြန့် ထိရောက်စွာပေးအပ်နိုင်မယ်လို့ ယုံကြည်ပါတယ်။” ဟုဆိုသည်။ MPT Mobile Money အနေဖြင့် MPT ၏ မြန်မာနိုင်ငံတစ်ဝန်း ဖြန့်ကျက်ထားသောကျယ်ပြန့်သည့် အရောင်းဈေးကွက်များကိုအသုံးပြုပြီးမိုဘိုင်းလ်ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ (Mobile Financial Services) ကိုပိုမိုတိုးတက်ဖွံ့ဖြိုးများပြားလာစေရန်အတွက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရှိရသည်။
Credit - Netguide Journal
အောင်မြင့်မြတ်(Myanmar Youths)
Wednesday, April 5, 2017
2:11 PM
in မိုလ်ဘိုင်းဂျာနယ်နှင့်သတင်းများ by Myanmar Youths Technology Group
