မြန်မာလို ရေးသားထားသော နည်းပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ယခု စာမျက်နှာလေးအား ရေးသားလိုက်ရခြင်း ဖြစ်ပါသည်။




Monday, March 13, 2017

Telenor Sim Card များ အမည်ပေါက် ပြောင်းရန်

Telenor Sim Card တွေ မှတ်ပုံတင်ကြတယ်။ တစ်ချို့ ကိုယ်က အခုမှ မှတ်ပုံတင်မှာ Telenor အော်ပရေတာဆီ မှတ်ပုံတင်ထား မထား စစ်ဆေးတဲ့ တင်ပြီးကြောင်း ပြနေတယ်။

( စကားချပ်   =   မှတ်ပုံတင်ထား မထား စစ်ဆေးရန်   မက်ဆေ့ပို့ရပါမည်။  ပို့ရမည့် နံပါတ်က   500   ပို့ရမည့်  စာသားက   REG   ပါ  အကြီးစာလုံးတွေပါ )

ဒီတော့ ကိုယ်က ကိုယ့်အမည်ပေါက် ပြောင်းရန် နီးစပ်ရာ Telenor Service ဆိုင်မှာ ပြုလုပ်နိုင်ပါသည်။ အခကြေးငွေ ပေးဆောင်ရန် မလိုအပ်ပါ။ မှတ်ပုံတင် အရှေ့၊ အနောက် မိတ္တူ   နှင့် အမည်ပေါက် ပြောင်းမည့် Telenor Sim Card  လိုအပ်ပါသည်။

နီးစပ်ရာ Telenor Service ဆိုင် တည်နေရာ ရှာရန်  အောက်က လင့်ကို နှိပ်ပါ။

https://www.telenor.com.mm/mm/page/store-location/99

အဆင်ပြေပါစေ
ကျောက်ဆည်သားလေး

***************************************************

အရက်၊ ဆေးလိပ် သောက်ခြင်းသည် ကျန်းမာရေးကို ထိခိုက်စေပါသည်။

***************************************************