မြန်မာလို ရေးသားထားသော နည်းပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ယခု စာမျက်နှာလေးအား ရေးသားလိုက်ရခြင်း ဖြစ်ပါသည်။




Monday, October 24, 2016

ယခုရက်များအတွင်း ဆက်တိုက်ဆိုသလို သတင်းများထွက်ပေါ်နေခဲ့သည့် Galaxy A8 (2016) အား Samsung မှ တရားဝင်ကြေညာပေးခဲ့ပြီဖြစ်သည်။ ဒီဇိုင်းအရ ယခင်မျိုးဆက်များနှင့်ဆင်တူခဲ့ပြီး ပါးလွှာသော metal uni body ဒီဇိုင်းဖြင့်ဖန်တီးခဲ့ကာ စွဲမက်စရာဖြစ်လာခဲ့သည်။ ၅.၇ လက်မ AMOLED 1080p resolution ရှိ display ပါဝင်ပြီး RAM 3 GB နှင့် storage 32GB ပါဝင်ကြောင်းလည်းသိရသည်။ Chipset မှာ ယမန်နှစ်၏ ထိပ်တန်းစမတ်ဖုန်း S6 မှဖြစ်ကာ Samsung Exynos 7420 သည် ယနေ့ထိတိုင် စွမ်းဆောင်ရည်မြင့်မားဆဲဖြစ်ပြီး Cortax A53 Core ၄ ခုနှင့် Cortex A57 cores ၄ ခုဖြင့် တည်ဆောက် ထားကာ 14nm process ဖြင့်ထုတ်လုပ်ထားခြင်းဖြစ်သည်။ ကင်မရာအတွက် Galaxy A8 (2016) တွင် 16MP ကင်မရာအဓိကပါဝင်ကာ ရှေ့ဘက်တွင် 8MP ကင်မရာပါဝင်ခဲ့သည်။ အသေးစိတ်အချက်အလက်များ မသိရှိရသေးသော်လည်း Galaxy S6 ၏ ကင်မရာနှင့်ဆင်တူနိုင်ကြောင်း ခန့်မှန်းကြသည်။ Android 6.0, Marshmallow ကိုသုံးထားပြီး Note 7 တွင် ပါဝင်ခဲ့သော Grace UX ပါဝင်ခဲ့သည်။ Always On Display ကိုလည်းသုံးနိုင်ပြီး home ခလုတ်နေရာတွင် Fingerprint sensor ပါဝင်ကာ Samsung Pay ဖြင့် တွဲဖက် သုံးစွဲနိုင်ကြောင်းသိရသည်။ 3300 mAh ဘက်ထရီကိုသုံးစွဲထားသည်။ အပြည်ပြည်ဆိုင်ရာသို့ဖြန့်ချိမည့် အခြေအနေအား မသိရသေးဘဲ ကိုရီးယားတွင် ကြိုတင်မှာယူမှုပြုလုပ်နိုင်ပြီဖြစ်ကာ အောက်တိုဘာ ၁ ရက်မှ စတင်မည်ဟုသိရသည်။ အပြာရောင်ကိုသာ pre-order တွင်တွေ့ရပြီး KRW 649,000 (သို့) ဒေါ်လာ ၅၈၀ ၀န်းကျင်ရှိကြောင်း သိရသည်။
Credit-Netguide Journa