မြန်မာလို ရေးသားထားသော နည်းပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ယခု စာမျက်နှာလေးအား ရေးသားလိုက်ရခြင်း ဖြစ်ပါသည်။




Saturday, October 22, 2016

Note 7 ပြသနာပြီးနောက် Samsung ကို အမေရိကန်ပြည်ထောင်စု တရားစွဲ

 

Galaxy Note 7 ဖုန်းသုံးစွဲသူတွေအနေနဲ့ ပေါက်ကွဲတဲ့ ပြဿနာတွေ ကြုံတွေ့ခဲ့ရပြီးနောက်မှာ Samsung ကို တရားစွဲဆိုနိုင်ဖို့အတွက် နယူးဂျာစီပြည်နယ်၊ Newark က ဖက်ဒရယ်တရားရုံးမှာ၊ ပြည်ထောင်စုဟာစွဲချက်တင်ထားတယ်လို့ သိရပါတယ်။

ကုမ္ပဏီအနေနဲ့ နီဗားဒါး၊ ပန်ဆယ်ဗေးနီးယားနဲ့ ကယ်လီဖိုးနီးယားတို့လို ပြည်နယ်တွေက Note 7 သုံးစွဲသူတွေမှာ ဖြစ်ပေါ်ခဲ့တဲ့ မီးလောင်ပေါက်ကွဲမှုတွေကြောင့် အမေရိကမှာရှိတဲ့ Samsung Electronic ဟာ တရားအစွဲခံရမှာပါ။

 

ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းထုတ်လုပ်သူအနေနနဲ့ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက Note 7 ဖုန်းတွေရဲ့ ရောင်းချမှု ကိုအပြီးတိုင် ရပ်စဲထားခဲ့တာလည်း ဖြစ်ပါတယ်။

Samsung ဟာ Note 7 ဖုန်းအလုံးရေ ၂.၅သန်းကို သိမ်းဆည်းခဲ့ပြီး အသစ်လဲလှယ်ထားတဲ့ ဖုန်းတွေမှာလည်း ဖြစ်ရပ်ဆိုးတွေ ကြုံတွေ့ခဲ့တာကြောင့် နည်းပညာသမိုင်းမှာ အကြီးကျယ်ဆုံး ကျရှုံးမှုကြီးနဲ့ ရင်ဆိုင်ခဲ့ရတာလည်း ဖြစ်ပါတယ်။

 

Credit – Digital Time


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246