Meizu ဟာ U စီးရီးရဲ့ မော်ဒယ်သစ်စမတ်ဖုန်းနှစ်လုံးဖြစ်တဲ့ U10 နဲ့ U20 စမတ်ဖုန်းတွေကို ကြာသပတေးနေ့က မိတ်ဆက်သွားခဲ့ပါတယ်။
ဒီစမတ်ဖုန်းနှစ်လုံးကို အနက်ရောင်၊အဖြူရောင်၊ ရွှေရောင် နဲ့ ပန်းရောင်ဆိုပြီး ကာလာလေးမျိုးရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ကာ၊ ဈေးနှုန်းကတော့ အနိမ့်ဆုံးမော်ဒယ်ကို ယွမ်ငွေ ၉၉၉ (မြန်မာငွေ ၁ သိန်း ၈ သောင်းဝန်းကျင်) ခန့်သာရှိပါတယ်။
Xiaomi ရဲ့ Redmi Note 4 နဲ့ အပြိုင်ထွက်လာတဲ့ တန်ဖိုးနည်းဖုန်းတွေဖြစ်ပြီး၊ Xiaomi ဖုန်းတွေကတော့ ကျောဘက်လက်ဗွေရာစကင်နာနဲ့ ဖြစ်ကာ၊ Meizu ဖုန်းတွေကတော့ ဟုမ်းခလုတ်လက်ဗွေရာဆန်ဆာနဲ့ ဖြစ်ပါတယ်။
မျက်နှာပြင်အနေတော်လောက်ကြိုက်သူတွေအတွက် Meizu U10 စမတ်ဖုန်းက သင့်တော်ပြီး၊ အကျယ် ၅ လက်မ ( resolution မသိရ) IPS LCD မျက်နှာပြင်၊ 2.5D curved ဖန်သားပြင်နဲ့ ဖြစ်ပါတယ်။ Android စနစ်အခြေခံ Flyme UI ကို အသုံးပြုထားပြီး၊ နာနို SIM နှစ်ကတ်ထိုးဖုန်းတစ်လုံးဖြစ်ပါတယ်။ အမည်မဖော်ပြထားတဲ့ octa-core ပရိုဆက်ဆာကို အသုံးပြုထားပြီး၊ microSD ကတ်လည်း 128 GB အထိ ထပ်စိုက်နိုင်မှာပါ။ ကင်မရာပိုင်းကတော့ LED ဖလက်ရှ်မီးနှစ်လုံးပါ 13-MP ကျောကင်မရာနဲ့ ဖြစ်ပါတယ်။ ရှေ့ကင်မရာကတော့ 5-MP ပါပဲ။ 2760mAh ဘက်ထရီပါရှိပြီး၊ 4G LTE သုံးနိုင်မှာဖြစ်ပါတယ်။
U20 စမတ်ဖုန်းကတော့ မျက်နှာပြင်အကျယ် ၅.၅ လက်မအထိရှိပြီး၊ မျက်နှာပြင်ကြီးသွားတာရယ်၊ ဘက်ထရီပိုများတာရယ်ကလွဲရင် ကျန်တဲ့အသေးစိတ်အချက်အလက်တွေကတော့ Meizu U10 နဲ့ တူတူပါပဲ။ U20 မှာ ၅.၅ လက်မအကျယ် full-HD မျက်နှာပြင်နဲ့ 3260mAh ဘက်ထရီတို့ ပါဝင်မှာပါ။
U10 ကော U20 ကိုပါ storage ကွဲမော်ဒယ်နှစ်မျိုးနဲ့ ထုတ်မှာဖြစ်ပြီး၊ Meizu U10 RAM 2GB နဲ့ storage 16 GB အလုံးက မြန်မာငွေ ၁ သိန်း ၈ သောင်းကျပ်ရှိကာ RAM 3GB နဲ့ 32GB မော်ဒယ်က မြန်မာငွေ ၂ သိန်းစွန်းစွန်းပဲ ရှိပါတယ်။
မျက်နှာပြင်ပိုကြီးတဲ့ U20 ဖုန်းမှာတော့ RAM 2GB မော်ဒယ်က ၁ သိန်း ၉ သောင်းကျပ်နဲ့ RAM 3GB မော်ဒယ်က ၂ သိန်း ၃ သောင်းကျပ်ရှိပါတယ်။
Meizu U10 စမတ်ဖုန်းကို စက်တင်ဘာလ ၁၈ ရက်နေ့ကျမှ စတင်ရောင်းချမှာဖြစ်ပြီး၊ U20 စမတ်ဖုန်းကိုတော့ သြဂတ်စ်လ ၂၈ ရက်နေ့ကတည်းက တရုတ်နိုင်ငံမှာ ဝယ်ယူနိုင်ပြီဖြစ်ပါတယ်။
Credit – Digital Time

ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
10:08 AM
in 