မြန်မာလို ရေးသားထားသော နည်းပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ယခု စာမျက်နှာလေးအား ရေးသားလိုက်ရခြင်း ဖြစ်ပါသည်။




Tuesday, August 30, 2016

Huawei Shot X မှာ အကောင်းဆုံး feature ဖြစ်နေတဲ့ Rotating ကင်မရာပါဝင်လာတာဟာ အောင်မြင်မှု တစ်ခုလို့ပြောနိုင်ပါတယ်။  အလွန်ကောင်းမွန်တဲ့ front-facing ကင်မရာကိုအသုံးပြုနိုင်တာဟာ  ဖုန်းတိုင်းမှာ တော့မရနိုင်ပါဘူး။ Huawei Shot X မှာ အလှည့်အပတ်ပြုလုပ်နိုင်တဲ့ကင်မရာဟာ Selfies နဲ့ ပုံမှန်ရုပ်ပုံနှစ်မျိုး လုံးကို ရိုက်ကူးနိုင်အောင် Huawei က ဖန်တီးပြုလုပ်ပေးခဲ့တာမို့ Shot X ရဲ့ အားသာချက်ကြီးကြီးမားမားအဖြစ် ချီးကျူးဖော်ပြနိုင်တာဖြစ်ပါတယ်။ Shot X ရဲ့ ရှေ့ဘက်ကင်မရာက Sensors တွေဟာ အတော်လေးတိုးတက် ကောင်းမွန်ပြီး Asus Zenfone Selfie ရဲ့ ပင်မကင်မရာနဲ့တောင် ယှဉ်ပြိုင်နိုင်တဲ့အရည်အချင်းတွေရှိနေတာ တွေ့ရပါတယ်။ ဒီလိုထူးခြားတဲ့ လုပ်ဆောင်ချက်အတွက် Huawei ဟာ အစွမ်းကုန်ကြိုးစားပေးခဲ့ပြီး flash နဲ့အတူ 13MP ကင်မရာကို ကောင်းကောင်းလည်ပတ်နိုင်အောင် တီထွင်ခဲ့ပါတယ်။ ဖုန်းအတွင်းစွမ်းဆောင်ရည် တို့နဲ့ ၅.၂လက်မအရွယ် Full HD Screen တို့ ပါရှိနေတာကြောင့်လည်း mid-range ဖုန်းတော်တော်များများနဲ့ ကိုက်ညီနေတာတွေ့ရပါတယ်။ Shot X ဟာ Dual-SIM အမျိုးအစားစမတ်ဖုန်းဖြစ်ပြီး Huawei Shot X ကို Honor 7i လို့ခေါ်ဝေါ်ကာ အခြားနိုင်ငံတွေမှာ ရောင်းချသွားမှာဖြစ်ပါတယ်။ Selfie နှစ်သက်သူတွေအတွက် အကောင်းဆုံးဖုန်းတစ်လုံးလည်း ဖြစ်လာနိုင်ပါတယ်။

Design & Build

Huawei Shot X ကို ပလတ်စတစ်နဲ့တည်ဆောက်ထားပြီး ရှေ့မျက်နှာပြင်အပါအ၀င် ကျောဘက်ဒီဇိုင်းကိုပါ ပလတ်စတစ်နဲ့ဖွဲ့စည်းထားပါတယ်။ ကိုယ်ထည်ကိုပါးလွှာနေအောင် ပြုလုပ်ထားတာက အမြင်ပိုင်းမှာထင်ရှားပါ တယ်။ ဘေးဘောင်တစ်လျှောက်ကို ငွေမှင်ရောင်နဲ့ ကွပ်ပေးထားတဲ့ဒီဇိုင်းကြောင့် အလွန်ခံ့ညားထည်ဝါနေပါ တယ်။ Huawei Shot X ကို ရွှေရောင်၊ အပြာရောင်၊ အဖြူရောင် သုံးမျိုးရရှိနိုင်ပြီး ဖုန်းဒီဇိုင်းလှပတင့်တယ်မှုကို အဖြူရောင်စမတ်ဖုန်းမှာ ပိုမိုပေါ်လွင်စေပါတယ်။ Huawei Shot X မှာ စိတ်ဝင်စားစရာအကောင်းဆုံး အချက်ဟာ အလှည့်အပတ်ပြုလုပ်နိုင်တဲ့ ကင်မရာဒီဇိုင်းဖြစ်ပါတယ်။ ကင်မရာဟာ ကျောဘက်ကနေ အပြင် ဘက်ကို အနည်းငယ်ထွက်နေပြီး ကင်မရာဟာညာဘက်ဘေးမှာ ထားရှိပေးထားပါတယ်။ Huawei Shot X ရဲ့ ဒီဇိုင်းဟာ  အခြားဘယ်စမတ်ဖုန်းဒီဇိုင်းနဲ့မှမတူညီဘဲ သီးသန့်ကွဲထွက်နေတာဖြစ်ပြီး ဒီဇိုင်းဆန်းသစ်အောင် ဖန်တီးပေးထားတဲ့အတွက် အကြိုက်တွေ့စေမယ့် စမတ်ဖုန်းတစ်လုံးဖြစ်ပါတယ်။ ဘေးထောင့်တွေကို အနည်းငယ်ခုံးထားပြီး honor စမတ်ဖုန်းတွေအတိုင်း brand တံဆိပ်ကို နောက်ကျောဘက်မှာ ထည့်သွင်းထား ပါတယ်။ Shot X ရဲ့ကင်မရာဟာ လည်ပတ်နိုင်တဲ့အတွက်ကြောင့် ရှေ့ဘက်ကင်မရာကို သက်သက်ထပ်ထည့် ပေးစရာမလိုဘဲ ရှေ့မျက်နှာပြင်ဟာ အရိုးရှင်းဆုံးနဲ့လှပနေပါတယ်။ Home ခလုတ်လည်းမပါဝင်ဘဲ ပါဝါခလုတ် နဲ့ အသံအတိုး/အလျှော့ခလုတ်တို့ဟာ ဖုန်းညာဘက်ခြမ်းမှာမြင်တွေ့နိုင်ပါတယ်။ Shot X ဟာ 7.8mm အထူ ရှိပြီး အလေးချိန်ဟာ 160g ဖြစ်ပါတယ်။

Display

Display ဟာ ၅.၂လက်မအရွယ်ဖြစ်ပြီး 1080×1920 pixels Full HD ရုပ်ထွက်အရည်အသွေးကိုပေးစွမ်းနိုင်တဲ့ ဖုန်းတစ်လုံးဖြစ်ပါတယ်။ Pixel သိပ်သည်းဆ 424ppi ပါရှိပါတယ်။ ဖုန်းရဲ့ဘယ်ဘက်ခြမ်းမှာ Fingerprint reader ထည့်ထားပေးတာက Shot X ရဲ့ ထူးခြားချက်ပါ။ အသုံးပြုရတာလွယ်ကူပြီး Fingerprint ၅ ခုထိ အများဆုံးမှတ်သားပေးနိုင်ပါတယ်။

Operating System and Camera

Android OS 5.1.1 (Lollipop) နဲ့ Emotion UI 3.1 တို့ကိုထည့်ထားပါတယ်။ Huawei P8 မှာပါဝင်တဲ့ UI နဲ့ တူညီပြီး အဆင့်မြင့်သုံးစွဲနိုင်ပါတယ်။ ကင်မရာ app မှာ Selfie Settings များစွာပါဝင်ပြီး မျက်နှာကိုကင်မရာချိန် လိုက်တာနဲ့ ကင်မရာ app အလိုအလျောက်ပွင့်လာကာ Selfie mode ကို သုံးနိုင်မှာဖြစ်ပါတယ်။ Rotating ကင်မရာဟာ 13MP အရည်အသွေးရှိပြီး dual-LED flash သုံးလို့ရပါတယ်။ Full HD ဗီဒီယိုကို 30fps နဲ့ ရိုက် ကူးနိုင်ပါတယ်။ HDR, Panorama feature တို့အသုံးပြုနိုင်ပြီး slow motion mode တော့ မပါဝင်ပါဘူး။

Performance

စွမ်းဆောင်ရည်မြင့်မားအောင် Qualcomm Snapdragon 616 octa-core processor က ဆောင်ရွက်ပေးပါ လိမ့်မယ်။ RAM ပမာဏ 2GB ကို လုံလုံလောက်လောက်အသုံးချနိုင်ပြီး Adreno 405 ဂရပ်ဖစ်ကို ထည့်ထား ပါတယ်။ Shot X မှာ ဖုန်းတွင်းသိုလှောင်မှုပမာဏ 16GB ပါရှိပြီး microSD နဲ့ 256GB အထိ မြှင့်တင်နိုင်ပါ တယ်။ ဖုန်းမှာ ဖြုတ်/တပ်လို့မရတဲ့ Li-Po 3100mAh ဘက်ထရီပါဝင်ပါတယ်။

Specification

  Display :   5.2 inches, IPS LCD capacitive touchscreen

 Memory :   16 / 32 GB, 2 / 3 GB RAM, microSD, upto 256GB 

Camera :   13 Megapixel, autofocus, dual-LED(dual-tone) flash 

OS :   Android OS, v5.1.1 (Lollipop) 

Phone :   01-391730 (UNiQUE)

Price :   199,000/-

Credit-Netguide Journal


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246