အရင်ထွက်ရှိခဲ့ပြီးသား Xperia Z3 နဲ့ ယှဉ်ကြည့်လိုက်ရင် Sony Xperia Z3+ ဟာ ပိုမိုပါးလွှာပေါ့ပါးနေပြီး Qualcomm Snapdragon 810 processor နဲ့ wide-angle front ကင်မရာတို့ထည့်သွင်းထားတာကြောင့် Samsung Galaxy S6, LG G4 စတဲ့ အခြား top-end စမတ်ဖုန်းတွေနဲ့ယှဉ်နိုင်တဲ့အရည်အချင်းတွေကို လုံလုံလောက်လောက်ရှိပါတယ်။ Original Xperia Z ထွက်ရှိလာကတည်းက Sony ဟာ တဖြည်းဖြည်းနဲ့ နောက်ပိုင်းမျိုးဆက်တွေကို နည်းပညာပိုင်းအဆင့် မြှင့်တင်မှုတွေ ပြုလုပ်ပေးခဲ့ပါတယ်။ Xperia Z3+ ဟာ Nano-SIM အမျိုးအစားစမတ်ဖုန်းဖြစ်ပြီး white, black, copper နဲ့ Aqua green အရောင် ၄ မျိုး ရွေးချယ်နိုင်ပါ တယ်။ Z3+ ဟာ IP68 rating ရှိပြီး dust proof နဲ့ Water proof ကို ရေအနက် ၁.၅ မီတာမှာ မိနစ် ၃၀ ကြာ ခံနိုင်ရည်ရှိပါတယ်။ Top-end ဖုန်းတွေမှာတွေ့ရတဲ့် feature တွေ ပါဝင်နေပြီး NFC နဲ့ 4G Network တို့ကို ပံ့ပိုးပေးနိုင်ပါတယ်။ Xperia Z3+ ရဲ့ ပါးလွှာတဲ့ကိုယ်ထည်ကြောင့် ဖုန်းအပူရှိန်မြင့်လာတဲ့ အချက်တစ်ခုလွဲရင် ပြီးပြည့်စုံတဲ့ဖုန်းတစ်လုံးဖြစ်ပါတယ်။
Design & Build
Sony Xperia Z3+ ကို ပထမဦးဆုံးကြည့်လိုက်ရင်တော့ အရင်ထွက်ရှိပြီးသား Z3 နဲ့ ခွဲခြားလို့မရအောင် တူညီ နေတာတွေ့ရပါတယ်။ ဒါပေမဲ့ Z3 ထက်တော့ ပိုမိုပါးလွှာပြီး အလေးချိန်လည်း လျော့နည်းလာပါတယ်။ ဖုန်းရဲ့ အပေါ်ယံအပြင်အဆင်တွေကတော့ ရိုးရိုးရှင်းရှင်းနဲ့ရှာဖွေရလွယ်ကူပြီး ခလုတ်နဲ့ အခြားအပေါက်တွေကိုလည်း ပုံမှန်နေရာတွေမှာပဲ ပြောင်းလဲမထားဘဲ တပ်ဆင်ထားတာတွေ့ရပါတယ်။ ဓာတ်ပုံရိုက်ကူးတဲ့အခါ လွယ်ကူ အောင် ကင်မရာခလုတ်ကို ဖုန်းရဲ့ဘေးဘက်ခြမ်းမှာ သီးသီးသန့်သန့်ထားရှိပေးထားတာက Sony ရဲ့ ထူးခြား ချက်တစ်ခုဖြစ်ပါတယ်။ Xperia Z3+ မှာလည်းဆက်လက်ပြီး Sony ရဲ့ အထင်ကရဒီဇိုင်းနဲ့ build quality ကောင်းမွန်မှုတို့ကိုမြင်တွေ့ရမှာပါ။ အနည်းငယ်မျှသာကွေးပေးထားတဲ့ ဘေးထောင့်တွေနဲ့ လေးထောင့် ဆန်ဆန်ဒီဇိုင်းတို့ကြောင့် Z3+ ဟာ ကျစ်လျစ်နေပြီး (5.75×2.83×0.27) လက်မအရွယ်အစားရှိပါတယ်။ Screen ရဲ့ ဘေးတစ်ဖက်စီမှာရှိတဲ့ ပါးလွှာတဲ့ဘေးဘောင်တွေဟာ Z3+ ကို သက်သောင့်သက်သာကိုင်သုံးနိုင် အောင် ပြုလုပ်ပေးထားတဲ့အပြင် လက်တစ်ဖက်တည်းနဲ့တင် ကိုင်သုံးနိုင်ပါတယ်။ Z3 အတိုင်း ဖန်သားပြင်ကို သတ္တုနဲ့ ၀န်းရံထားတဲ့ဒီဇိုင်းကို ဆက်လက်သုံးထားပြီး micro USB အပေါက်ကိုဖုံးပေးထားတဲ့ flap လေး မပါဝင်လာတာ Z3+ မှာ မြင်နိုင်ပါတယ်။
Display
IPS LCD အမျိုးအစား Display ကို မြင်တွေ့နိုင်ပြီး ၅.၂ လက်မအရွယ် မျက်နှာပြင်ဟာ အသင့်တော်ဆုံး အနေအထားဖြစ်ပါတယ်။ Resolution ဟာ 1080×1920 pixels full HD ကို ရရှိနိုင်ပြီး Triluminos display ကို အသုံးပြုထားပါတယ်။ Scratch-resistant glass နဲ့ ဖုံးအုပ်ထားပြီး Z3+ ဟာ ရေစိုဒဏ်ခံနိုင်ရည်ရှိပါတယ်။
Operating System and Camera
Z3+ မှာ Android OS 5.0 (Lollipop) ထည့်သွင်းထားပြီး 6.0 (Marshmallow) ထိ upgrade လုပ်နိုင်ပါတယ်။ Sony ဟာ Z3+ အတွက် 20.7MP အရည်အသွေးရှိ ကျောဘက်ကင်မရာကို Exmor RS sensor နဲ့ တွဲဖက်ပြီး တပ်ဆင်ပေးထားပါတယ်။ LED flash ပါဝင်ပြီး Software-based image stabilization ဖြစ်တဲ့ Steady shot ကလည်း အလုပ်ကောင်းကောင်းလုပ်ပေးပါတယ်။ 4K ဗီဒီယိုရိုက်ကူးနိုင်ပြီး ရှေ့ဘက်မှာ 5MP ကင်မရာကို တွေ့ရပါတယ်။
Performance
Octa-core Qualcomm Snapdragon 810 processor နဲ့ စွမ်းဆောင်ရည်အတွက် အမြန်ဆုံးဆောင်ရွက် ပေးပြီး 2.0GHz မြန်နှုန်းရှိပါတယ်။ ဂရပ်ဖစ် Adreno 430 နဲ့ RAM 3GB တို့ကိုပါ ထည့်သွင်းထားပါတယ်။ ဖုန်းတွင်းသိုလှောင်မှုပမာဏ 32GB ကို ထည့်သွင်းထားပြီး microSD နဲ့ 128GB အထိ မြှင့်တင်နိုင်ပါတယ်။ Li-ion 2930mAh ဘက်ထရီနဲ့ ထုတ်ပိုးထားပြီး Quick Charge 2.0 နည်းပညာနဲ့ Battery Saving features တို့ ပါဝင်ပါတယ်။
Specification
Display : 5.2 inches, IPS LCD capacitive touchscreen
Memory : 32 GB, 3 GB RAM, microSD, up to 128GB Camera : 20.7 Megapixel, autofocus, LED flash, touch focus, geo-tagging
OS : Android OS, v5.0 (Lollipop)
Phone : 01-252988 (ADT)
Price : 539,000/-
အောင်မြင့်မြတ်(Myanmar Youths)